Author: Salai

နွားထိုးကြီးမြို့နယ် ကုကုန်းကျေးရွာတွင် စစ်တပ် စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

  ဇန်န ၇ The Kaladan Post မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ် တပ် များကို ဒီဇင်ဘာ ၂၅ ရက်နှင့် ၃၁ ရက်တို့တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံး ပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက The Kaladan Post သို့ ပြောဆိုသည်။ ပထမအကြိမ် ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် ကုကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်သား ၃၀ ခန့်သည် ကြက်ခြံမှ ကြက်များ ခိုးယူရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံး၊ ၅ ဦးခန့် ဒဏ်ရာရရှိကာ ကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဒုတိယအကြိမ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် စစ်သား ၆၀ ခန့်ပါ စစ်ကြောင်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားရာ နေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့သည်။ ဤတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ကုကုန်းကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ထို့ပြင် နွားထိုးကြီးနှင့် မြင်းခြံမြို့မှ လက်နက်ကြီး ပစ်ကူများစွာ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ တစ်ကြိမ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက  ဆက်လက်ပြောဆိုသည်။ ဤတိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ နှင့် Burmese Guerrilla Force (BGF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်မှ အတိအကျ သေဆုံးအရေအတွက်ကို အတည်ပြုရန် မရသေးကြောင်း ဆက်လက်စုံစမ်းနေဆဲဟု MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။...

Read More

ဇန်နဝါရီလ (၆) ရက် သတင်းတိုပေါင်းချုပ်

တောင်ငူမြို့ပေါ် ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး ဇန်န ၆ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက် ည ၇ နာရီ ၄၂ မိနစ်ခန့်က အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – တောင်ငူနှင့် တောင်ငူပကဖ တို့ ပူးပေါင်းကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အတိအကျ အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ စစ်တပ်စခန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger – MBT၊ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့နှင့် Myingyan Danger Dynamiter တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စခန်းသိမ်းပိုက်ရန်နီးကပ်ချိန်တွင် စစ်ကူများလျင်မြန်စွာ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် ပြန်ဆုတ်ခဲ့ရပြီး...

Read More

ဇန်နဝါရီလ (၅) ရက် သတင်းတိုပေါင်းချုပ်

DKBA အဖွဲ့က မြဝတီ ကျောက်ခတ်ဒေသတွင် လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီး ဇန်န ၅ The Kaladan Post ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခတ်ဒေသတွင် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ဗိုလ်မှူးချုပ် စိုင်းကျော်လှ ဦးဆောင်သည့်အဖွဲ့က ဇန်နဝါရီ ၃ ရက် ည ၇ နာရီခန့်က ဒေသနေ လူငယ်များနှင့် အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူ လူငယ် ၃၀၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးသွား ကြောင်း ဖမ်းဆီးခံရသူများ၏ မိဘဆွေမျိုးများနှင့် ကရင်သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖမ်းဆီးမှုအတွင်း ၁၂ ဘီးကားများဖြင့် လူငယ်များကို တင်ဆောင်သွားပြီး လမ်းပေါ်တွေ့ရှိသူများ၊ ဆိုင်များတွင် အလုပ်လုပ်နေသူများကို သေနတ်ချိန်ပြီး ဖမ်းဆီးခဲ့ကာ အချို့လူငယ်များမှာ ထွက်ပြေး ပုန်းအောင်းနေရကြောင်း သိရသည်။ DKBA ဗိုလ်မှူးချုပ် စိုင်းကျော်လှ စိုးမိုးအုပ်ချုပ်နေသော ဒေသဖြစ်ပြီး ပေါ်တာဆွဲမှုကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဝက်လက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်း ဝင်ရောက်ပြီး အမျိုးသမီး ၄ ဦး မုဒိမ်းကျင့်ခဲ့ပြီး ပြည်သူ ၆ ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီး ဇန်န ၅ The Kaladan Post စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အင်ဒေါင်းရွာကို အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်း ပြီး အမျိုးသမီး ၄ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ကာ ကိုယ်ဝန်တားဆေးများပါ ထိုးပေးခဲ့ကြောင်း၊ ပြည်သူ ၆ ဦးကို...

Read More
en_USEnglish