ဇူလိုင် (၂) သတင်းတိုကဏ္ဍ
၁။ မင်းလှနှင့် နွားထိုးကြီးမြို့နယ်များတွင် စစ်တပ်၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုနှင့် ဗုံးကြဲတိုက်ခိုက်မှု ဇူလိုင် ၂ The Kaladan Post ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ဇရစ်မျှောင်နှင့် ရွှေပေါက်ပင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ပြောသည်။ နံနက် ၁၁ နာရီခန့်တွင် ချီပါတောင်ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော စစ်ကောင်စီတပ်သားများက ဇရစ်မျှောင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ခဲ့သည်။ ထို့ပြင် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေပေါက်ပင်ရွာကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးနေသည်။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မီးမလောင်ရသေး သည့် အိမ်များကိုပါ ဆက်လက်ရှို့နေသည်ဟု သိရသည်။ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၈၀ အရွယ် အဘွားအို ၁ ဦး ခြေပြတ်ဒဏ်ရာရပြီး အသက် ၆၇ နှစ်အရွယ် အဘွားအို ၁ ဦးမှာ လည်ပင်းနှင့် ဗိုက်တွင် ဒဏ်ရာရခဲ့သည်။ ထို့ပြင် နေအိမ် ၉ လုံးလည်း ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။ ၂။ လှိုင်သာယာတွင် မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်မှုနှင့် ပြန်လည်ဖမ်းဆီးရမိ...
Read More