Author: Salai

အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီတပ်နှင့် PDA တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ကောင်သေဆုံး

————————————————————————– ဩဂုတ် ၁၆ The Kaladan Post ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်၊ နေ့လယ် ၁၁:၃၀ မှ ၁၂:၀၀ အထိ မိနစ် ၃၀ ကြာ စုတည်ရွာနှင့် ရွာသစ်တောင်ကြားဘူတာရုံဟောင်းအနီးတွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နှင့် အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း People’s Democratic Army-PDA က ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Democratic Army-PDAတပ်ဖွဲ့ရဲ့တာဝန်ရှိသူ ရဲဘော်အုပ်စိုးက “ ကျွန်တော်တို့တပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စီစစ်ကြောင်းက အင်အားက ၁၀၀ခန့်ပါ သူတို့က ပထမ ကျွန်တော်တို့ မိုင်းဆွဲလို့မိထားတဲ့စစ်ကြောင်းဖြစ်ပြိး အဲ့တာနဲ့သူတို့ကအင်အားထပ်ဖြည့်ပြီး ရွာသစ်တောင်(ပျဥ်းတိုင်း)ကို ပြန်ဝင်တာ အဲ့ကနေ ဘုန်းတော် (တောင်ဇင်း)ရဲစခန်းကိုပြန်တာ အာ့ဒီမှာကြားဖြတ်တိုက်တာပါ ထိတွေ့ မှုဖြစ်တာက မီတာ၃၀ မီတာ၅၀လောက်မှာဖြစ်ခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာလည်းများနိုင်တယ် အခု အင်အားထပ်ဖြည့်ပြီးဝင်လာတာက ၁၇၀လက်ရှိမယ်ဗျဟု “ The Kaladan Post သို့ပြောဆိုသည်။ ၎င်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၁၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ အများအပြားရှိနိုင်ကြောင်း သိရှိရသည်။ PDA ရဲဘော်များမှာ ထိခိုက်မှုမရှိခဲ့ပေ။ နယ်မြေရှင်းလင်းစဉ် လက်ပစ်ဗုံး ၁ လုံး၊ အင်နာဂါ ၁ လုံး၊ ၅.၅၆ မမ ကျည်တောင့် ၁၉ တောင့်နှင့် ၇.၆၂ မမ ကျည်တောင့် ၁၆ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်။ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီ သည် အထိနာသဖြင့် အင်အားပြန်လည်ဖြည့်တင်းကာ ယနေ့ညနေ ၅:၀၀ တွင် ရွာသစ်တောင် ကျေးရွာသို့ စစ်ကြောင်းထပ်မံထိုးနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူတွေဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်လာနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ရေးသတိရှိထားကြရန် Democratic Army-PDA တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ရဲဘော်အုပ်စိုးက...

Read More

“တော်လှန်ရေးအောင်မြင်ဖို့နှင့် နိုင်ငံတကာ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ ဘယ်အချက်တွေ သတိထားသင့်လဲ”/ The Kaladan Post/ Episode-010 (2)

အာဏာရှင်ချေမှုန်း‌ရေးနှင့် တော်လှန်ရေးအင်အားစုများ၏ မတရားမှုများ ဖယ်ရှားရေးအတွက် လူထုလှုပ်ရှားမှု မဖြစ်မနေ ဆက်ရှိရန်လိုအပ်မှု/ Exclusive Interview/ Episode-009

Read More

“တော်လှန်ရေးအောင်မြင်ဖို့နှင့် နိုင်ငံတကာ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ ဘယ်အချက်တွေ သတိထားသင့်လဲ”/ The Kaladan Post/ Episode-010

“တော်လှန်ရေးအောင်မြင်ဖို့နှင့် နိုင်ငံတကာ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ ဘယ်အချက်တွေ သတိထားသင့်လဲ”/ The Kaladan Post/ Episode-010

Read More

ဩဂုတ် (၁၅) သတင်းတိုပေါင်းချုပ်

လှိုင်သာယာ အုပ်ချုပ်ရေးရုံးအား မိုင်းဖြင့်တိုက်ခိုက်ပြီး ရွေးကောက်ပွဲဆောင်ရွက်သူများကို သတိပေး   ဩဂုတ် ၁၅ The Kaladan Post လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးရုံးအား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်ကွန်ရက်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသည်။ ဩဂုတ်လ ၁၄ ရက် ည ၁၀ နာရီတွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲအစည်းအဝေးပြုလုပ်နေသည့် အုပ်ချုပ်ရေးရုံးကို ပြင်းအားမြှင့်မိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦးနှင့် ပျူစောထီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခံရသည်။ စစ်တပ်၏ လုံခြုံရေးယူထားသည့် တပ်ဖွဲ့များကိုပါ ပစ်မှတ်ထားခဲ့သည်။   စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအောင်မြင်ရေး ဆောင်ရွက်နေသူများသည် မြို့ပြ UG များ၏ ရန်သူဖြစ်ကြောင်း မြို့ပြကြွက်ကွန်ရက်က ထုတ်ပြန်သည်။ ၎င်းတို့အား လုပ်ငန်းများ ချက်ချင်းရပ်တန့်ရန် သတိပေးထားပြီး၊ မလိုက်နာပါက ချေမှုန်းသုတ်သင်မည်ဟု ဆိုသည်။ ဤတိုက်ခိုက်မှုသည် မင်းအောင်လှိုင်၏ အာဏာတည်မြဲရေးကြိုးပမ်းမှုကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုဖြစ်သည်။             ဆီဆိုင်မြို့နယ်တွင် စစ်တပ်နှင့် PNO ကို တိုက်ခိုက်၊ ၂၀ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရ   ဩဂုတ် ၁၅ The Kaladan Post ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ကင်ထိုင်ကျေးရွာတွင် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်နှင့် PNO အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး သေဆုံးပြီး ၁ ဦးကို...

Read More

ဩဂုတ် (၁၄) သတင်းတိုပေါင်းချုပ်

၁။ ထားဝယ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံး၊ ၁၅ ဦးထက်မနည်း ဒဏ်ရာရ ————————————————————– ဩဂုတ် ၁၄ The Kaladan Post တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးတွင် ဩဂုတ် ၁၃ ရက်က အကြမ်းဖက်စစ်တပ်နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်။ စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၄ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မဟာမိတ်တပ်ပေါင်းစုထံမှ သိရသည်။ စစ်ကြောင်း ၂ ခုဖြင့် ဝိုင်းပတ်စစ်ဆင်ရေးပြုလုပ်လာသည့် စစ်တပ်ကို မဟာမိတ်တပ်များက နံနက်ပိုင်းနှင့် ညနေ ၃ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကြောင်း ၁ ခုမှာ ဖရိုဖရဲဖြစ်ကာ ဆုတ်ခွာထွက်ပြေးခဲ့ရသည်။ မဟာမိတ်တပ်ပေါင်းစုဘက်မှ ရဲဘော် ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်က မင်းသားရွာအနီးတွင် ပြန်လည်စုဖွဲ့ကာ ကင်းပုန်းဝပ်နေသည်။ ဒဏ်ရာရစစ်သားများကို ၁၂ ဘီးကားများနှင့် ထမ်းစင်များဖြင့် ထုတ်ယူသွားကြောင်း KTLA ကြယ်လင်းရောင်တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။ တိုက်ပွဲတွင် KTLA၊ KNLA တပ်ရင်း ၂၇၊ ဒေါနတပ်ရင်း ၂ နှင့် ၃၊ ရာမညတပ်တော်၊ မွန်ပြည်တော်လှန်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ၂။ မင်းအောင်လှိုင်၏ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအမိန့်နှင့် ဆေးဝါးတင်သွင်းမှု ကန့်သတ်ချက် ————————————————————– ဩဂုတ် ၁၄ The Kaladan Post မြန်မာနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့များက တရားမဝင်ကုန်သွယ်မှုမှ...

Read More
en_USEnglish