Author: Salai

ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးမှုများ အလှမ်းဝေးနေဆဲဟု ရုရှားဆို၊ အမေရိကန်၏ အကောင်းမြင်မှုကို လာဗရော့ဗ် ပယ်ချ

ဖေဖေါ် ၁၁ The Kaladan Post   ရုရှား–ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများသည် လက်ရှိအချိန်တွင် အလှမ်းဝေးနေဆဲဖြစ်ပြီး တိုးတက်မှုရှိနေသည်ဟု အမေရိကန်ဘက်က ပြောကြားနေမှုများမှာ အဓိပ္ပါယ်မရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ရုရှားနိုင်ငံပိုင် NTV ရုပ်သံနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုအတွင်း ပြောကြားလိုက်သည်။   လာဗရော့ဗ်က ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်၍ အလွန်အကျွံ အကောင်းမြင်နေကြခြင်းကို သတိပေးခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် “စိတ်အားထက်သန်လွန်းသည့် အမြင်မျိုး” မထားသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။   ၎င်း၏ ပြောကြားချက်များသည် မကြာသေးမီက ဆွေးနွေးမှုများအပြီး ယူကရိန်းနှင့် ရုရှားတို့သည် ငြိမ်းချမ်းရေးရရှိရန် ယခင်ကထက် ပိုမိုနီးစပ်လာပြီဟု ပြောဆိုခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်အရာရှိများ၏ ပြောကြားချက်များကို တိုက်ရိုက် ဆန့်ကျင်နေခြင်း ဖြစ်သည်။   “ဆွေးနွေးမှုတွေက ဆက်လက်ရှိနေမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရဖို့ အလှမ်းဝေးနေဆဲပါပဲ” ဟု လာဗရော့ဗ်က ဆိုသည်။   ထို့အပြင် သမ္မတ ထရမ့်အနေဖြင့် ဥရောပကို ထိန်းချုပ်နိုင်ခဲ့ပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို လက်ခံရန် ဖိအားပေးနိုင်ခဲ့သည်ဟူသော ရုရှားအတွင်း ပျံ့နှံ့နေသည့် ယူဆချက်များကိုလည်း လာဗရော့ဗ်က ငြင်းပယ်ခဲ့သည်။   “ဒီလိုဖြစ်နေတယ်ဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီအဆင့်ကို မရောက်သေးပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။   လာဗရော့ဗ်၏...

Read More

ဖေဖော်ဝါရီလ (၁၁) ရက် သတင်းတိုပေါင်းချုပ်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး သဘောတူညီမှုရရှိ ဖေဖော် ၁၁ The Kaladan Post ချင်းပြည်နယ် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) ၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နှင့် အာရက္ခတပ်တော် (ULA/AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း MTC က ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်သည်။ ဤတွေ့ဆုံမှုသည် ၂၀၂၅ ခုနစ် စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ULA/AA အား ယခင်ကတည်းက မဟာမိတ်ထက်ပို၍ ဂရုစိုက်မှု၊ ဖော်ရွေမှုများ ပြသပေးခဲ့သည့်အတွက် လေးစားကျေးဇူးတင်ရှိကြောင်း MTC က ပြောဆိုသည်။ အနာဂတ်တွင်လည်း မိတ်ဖက်စိတ်ဓာတ်၊ ယုံကြည်မှု၊ နားလည်မှုများအပေါ် အခြေခံ၍ ပိုမိုခိုင်မာသော လက်တွဲပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်သွားလိုကြောင်း အလေးပေး ပြောဆိုထားသည်။ ထို့ပြင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) သည် အာရက္ခတပ်တော် (AA)အပါအဝင် ချင်းညီနောင်အဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ စစ်တပ်ကိုကူညီပေးသော ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီတို့နှင့် ပူးပေါင်းသူများကို အရေးယူမည်ဟု ကြေညာ ဖေဖော် ၁၁ The Kaladan Post ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂလိက Non-CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီက ယန်စီ၊ ဝမ်ပေါင်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်နေသော ကုမ္ပဏီများနှင့် ဝန်ထမ်းများကို စစ်တပ် ထောက်ခံသူများအဖြစ်...

Read More

အီရန်နျူကလီးယား ဆွေးနွေးပွဲကို ပိုမိုချဲ့ထွင်ရေး ထရမ့်အား နေတန်ယာဟု တိုက်တွန်းမည်

ဖေဖေါ် ၁၁ The Kaladan Post   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် နျူကလီးယားအရေးအပေါ် သဘောတူညီမှုရရှိရန် ဆန္ဒရှိကြောင်း ပြောကြားလာချိန်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန်နှင့် ဆက်လက်ပြုလုပ်မည့် နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲများကို နျူကလီးယားကိစ္စအပြင် အခြား လုံခြုံရေးအရေးပါသည့် အကြောင်းအရာများအထိ ပိုမိုကျယ်ပြန့်စေရန် အမေရိကန်သမ္မတအား တိုက်တွန်းသွားမည်ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။   နေတန်ယာဟုသည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဝါရှင်တန်မြို့ရှိ အဖြူရောင်အိမ်တော်၌ သမ္မတ ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ယင်းတွေ့ဆုံမှုမှာ ထရမ့်၏ ဒုတိယသမ္မတ သက်တမ်းအတွင်း နှစ်ဦးအကြား ဆွေးနွေးမှု ခုနစ်ကြိမ်မြောက် ဖြစ်လာမည်ဖြစ်သည်။   သမ္မတ ထရမ့်က Fox Business Network နှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် “အီရန်က သဘောတူညီမှုလုပ်ချင်နေတယ်လို့ ထင်ပါတယ်။ မလုပ်ဘူးဆိုရင်တော့ အလွန်မိုက်မဲရာ ရောက်ပါလိမ့်မယ်” ဟု ပြောကြားခဲ့ပြီး “နျူကလီးယားလက်နက်မရှိရ၊ ဒုံးကျည်မရှိရတဲ့ သဘောတူညီမှု ဖြစ်ရပါမယ်” ဟု ထပ်မံပြောဆိုခဲ့သည်။   နေတန်ယာဟု၏ ရုံးမှ ထုတ်ပြန်ချက်အရ ၎င်းအနေဖြင့် အီရန်နှင့် ပြုလုပ်မည့် မည်သည့် ဆွေးနွေးပွဲမဆို အီရန်၏ ပဲ့ထိန်းဒုံးကျည် စီမံကိန်းများကို ကန့်သတ်ရေးနှင့် ဟားမတ်စ် (Hamas)၊ ဟစ်ဇ်ဘိုလာ (Hezbollah) ကဲ့သို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များအား ထောက်ပံ့နေမှုများကို အဆုံးသတ်ရေးတို့ကို မဖြစ်မနေ ထည့်သွင်းဆွေးနွေးရမည်ဟု အလေးထားထားကြောင်း သိရသည်။  ...

Read More

မြန်မာ့အရေးကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း ဆက်လက်ကိုင်တွယ်မည်၊ စစ်တပ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဟု အာဆီယံဥက္ကဋ္ဌ ထပ်မံအတည်ပြု

ဖေဖေါ် ၁၀ The Kaladan Post မြန်မာနိုင်ငံဆိုင်ရာ အရေးကိစ္စများကို အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်ပြီး အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးရေး (Inclusive Dialogue) ကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်က ဦးစီးကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Ma. Theresa P. Lazaro) က ထပ်မံအတည်ပြု ပြောကြားလိုက်သည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စင်ကာပူနိုင်ငံရှိ ISEAS – Yusof Ishak အင်စတီကျု၌ ကျင်းပခဲ့သည့် အထူးဟောပြောပွဲအတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားသည့် လာဇာရိုက မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ လက်ရှိနှင့် အနာဂတ်လုပ်ငန်းစဉ်များအတွက် ဘုံသဘောတူညီချက် ၅ ရပ်သည် အဓိကလမ်းပြမြေပုံအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ ဘုံသဘောတူညီချက် ၅ ရပ်သည် အာဆီယံ၏ စုပေါင်းချဉ်းကပ်မှု (Collective Approach) အတွက် အရေးပါသော အခြေခံမူဘောင်ဖြစ်ကြောင်းကိုလည်း သူမက အလေးပေးပြောဆိုခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေး (Dialogue) နှင့် ဘက်ပေါင်းစုံပါဝင်နိုင်မှု (Inclusivity) ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ပဋိပက္ခနှင့် ဆက်နွယ်နေသူ မည်သူ့ကိုမျှ ချန်လှပ်မထားဘဲ အင်အားစုအားလုံး...

Read More

ဖေဖော်ဝါရီလ (၉) ရက် သတင်းတိုပေါင်းချုပ်

စစ်ကိုင်းတိုင်းတွင် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်သား ၂၀ ဦး သေဆုံး ဖေဖော် ၉ The Kaladan Post စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကျေးရွာများကို ဆက်တိုက်မီးရှို့နေသော စစ်တပ် စစ်ကြောင်းကို ဒီဇင်ဘာ ၈ ရက်နေ့က The Phoenix Army (MTG)၊ မုံရွာခရိုင်တပ်ရင်းများနှင့် ပကဖ မဟာမိတ်အဖွဲ့များ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး သေဆုံးခဲ့ကာ MA-4 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ ကြောင်း သိရှိရသည်။ အဆိုပါ စစ်ကြောင်းသည် အရှေ့ကျီးကုန်းနှင့် အနောက်ကျီးကုန်း အပါအဝင် ကျေးရွာ ၄ ရွာမှ နေအိမ်ရာချီ မီးရှို့ဖျက်ဆီးပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ထို့အပြင် ဖေဖော်ဝါရီ ၇ ရက်နေ့က ယင်းမာပင်မြို့ပေါ်ရှိ မြို့မ ရဲစခန်းကို ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့၊ တော်လှန်ပြောက်ကျားတပ်ဖွဲ့၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့နှင့် ဇာနည်ဘွားပြောက်ကျားတပ်ဖွဲ့တို့က ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ တာဝန်ခံ ကိုဖြိုးက ပြောဆိုသည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း စစ်သား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကြားသိရပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၂ ရွာ ဆက်တိုက်မီးရှို့ ဖေဖော် ၉ The Kaladan...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish