တရုတ်စစ်တပ်၏ အဂတိတိုက်ဖျက်ရေး အားထုတ်မှုများကို သမ္မတ ရှီကျင့်ဖျင် ချီးကျူး
ဖေဖေါ် ၁၃ The Kaladan Post တရုတ်စစ်တပ်အတွင်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် လုပ်ဆောင်နေသည့် အားထုတ်မှုများကို သမ္မတ ရှီကျင့်ဖျင်က အထူးအသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာများက ဖော်ပြခဲ့သည်။ စစ်တပ်အတွင်း ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ထိပ်တန်းအရာရှိများကို အဂတိစွပ်စွဲချက်များကြောင့် တာဝန်မှ ဆိုင်းငံ့ထားရပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တရုတ်အစိုးရ အာဘော် CCTV သတင်းဌာနက ယင်းအကြောင်းကို ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီလအတွင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်ယုရှကို ပြင်းထန်သော ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုများအတွက် စစ်ဆေးနေပြီး ရာထူးမှ ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ ထို့အပြင် အခြား ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် လျိုကျိလီလည်း စစ်ဆေးမှုများ ခံယူနေရကြောင်း အတည်ပြုခဲ့သည်။ ကျန်ယုရှနှင့် လျိုကျိလီတို့သည် တရုတ်နိုင်ငံ၏ အာဏာအမြင့်ဆုံး စစ်ရေးအဖွဲ့ဖြစ်သည့် ဗဟိုစစ်ရေးကော်မရှင် (CMC) အဖွဲ့ဝင်များဖြစ်ပြီး ကျန်ယုရှမှာ တပ်အင်အား သန်းနှင့်ချီသော PLA ကို တိုက်ရိုက် ကြီးမှူးရသည့် အဖွဲ့၌ သမ္မတ ရှီပြီးနောက် ဒုတိယ အမြင့်ဆုံးရာထူးကို ထမ်းဆောင်နေသူ ဖြစ်သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့နှစ်ဦးအား အဂတိစွပ်စွဲချက်များကြောင့် စစ်ဆေးအရေးယူနေသည်ဟု ဆိုထားသော်လည်း တစ်ဖက်တွင်တော့ ရှီကျင့်ဖျင်က စစ်တပ်အပေါ် ဩဇာအာဏာကို ပိုမိုခိုင်မာစေရန် နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တရုတ်စစ်သားများအား မိန့်ခွန်းပြောကြားစဉ်...
Read More