Author: Salai

ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို လုံးဝလက်လွှတ်မည်မဟုတ်ဟု အီရန်အတည်ပြု

ဖေဖေါ် ၉ The Kaladan Post   အီရန်အစိုးရက ယူရေနီယမ် ဓာတ်သတ္တု သန့်စင်ပိုင်ခွင့်ကို အပြီးတိုင် လက်လွှတ်ဖို့ စိတ်ကူးမထားကြောင်း ထပ်မံအတည်ပြုပြောကြားလိုက်ပါတယ်။ အမေရိကန်နှင့် အီရန်အကြား နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေချိန်မှာ အီရန်ဖက်က ယင်းရပ်တည်ချက်ကို အခိုင်အမာ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အိုမန်နိုင်ငံ မတ်စ်ကတ်မြို့တော်တွင် အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်များ နျူကလီးယား ထိန်းချုပ်ရေး ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပေမယ့် အဓိက သဘောတူညီချက်တစ်ရပ်ကိုတော့ မရရှိသေးပါဘူး။ ယင်းဆွေးနွေးမှုများဟာ နှစ်နိုင်ငံကြား စစ်ရေးတင်းမာမှု မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဘက်က ဆွေးနွေးမှု မအောင်မြင်ပါက စစ်ရေးအရေးယူနိုင်ခြေ ရှိကြောင်း ခြိမ်းခြောက်ပြောဆိုထားပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ချီက နျူကလီးယား ထိန်းချုပ်ရေး ဆွေးနွေးမှုများ အောင်မြင်စေရန်အတွက် အီရန်၏ ယူရေနီယမ် သန့်စင်ပိုင်ခွင့်ကို မထိခိုက်စေရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူရေနီယမ် သန့်စင်ခွင့်ကို သုညအဆင့်အထိ ပိတ်ပင်ရန် ဆိုသည့် အမေရိကန်၏ တောင်းဆိုချက်ကို အီရန်က လုံးဝ လက်မခံနိုင်ကြောင်းလည်း ထပ်မံအတည်ပြုခဲ့ပါတယ်။ အာရက်ချီ၏ ပြောကြားချက်အရ ဆွေးနွေးမှုများအနေဖြင့် အီရန်နိုင်ငံအတွင်း ယူရေနီယမ် သန့်စင်မှုများ ဆက်လက်ရှိနေမှုကို လက်ခံပေးရမည်ဖြစ်ပြီး တစ်ပြိုင်နက်တည်းမှာပင် အီရန်က နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းရေး ရည်ရွယ်ချက်များအတွက်သာ အသုံးပြုမည်ဆိုသည့် ယုံကြည်မှုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဆိုပါတယ်။ အီရန်နှင့် အမေရိကန်တို့သည်...

Read More

ဂျပန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် စနအဲ တကအိချိ ဦးဆောင်သည့် LDP ပါတီ သမိုင်းဝင်အောင်ပွဲရ၊ အောက်လွှတ်တော် အမတ်နေရာ သုံးပုံနှစ်ပုံစာ သိမ်းကျုံးအနိုင်ရ

ဖေဖေါ် ၉ The Kaladan Post   ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဝန်ကြီးချုပ် စနအဲ တကအိချိ (Sanae Takaichi) ဦးဆောင်သည့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party – LDP) သည် သမိုင်းဝင် အပြတ်သားဆုံး ရလဒ်ဖြင့် အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရပါသည်။ တကအိချိသည် လွန်ခဲ့သည့် လေးလကျော်ခန့်က အာဏာရ LDP ပါတီ၏ ခေါင်းဆောင်ရာထူးကို လက်ခံရယူခဲ့ပြီး ထိုမှတစ်ဆင့် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် တာဝန်ကို လွှဲပြောင်းယူခဲ့သူ ဖြစ်ကာ ဂျပန်သမိုင်းတွင် ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ LDP ပါတီသည် အာဏာရပါတီအဖြစ် အုပ်ချုပ်နေသော်လည်း ယခင်က လွှတ်တော်အတွင်း အမတ်နေရာ အများစုကို တည်ငြိမ်စွာ ထိန်းချုပ်နိုင်သည့် အနေအထား မရှိခဲ့ပါ။ သို့သော် တကအိချိသည် မိမိအပေါ် လူထုထောက်ခံမှု မြင့်တက်လာနေမှုကို အားကိုးကာ လွှတ်တော် ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုဆုံးဖြတ်ချက်မှာ အကျိုးဖြစ်ထွန်းခဲ့ပြီး LDP ပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအနက် ၃၁၀ နေရာ ကို အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲရလဒ်များအရ သိရပါသည်။ ဤရလဒ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်နိုင်ငံတွင် ပါတီတစ်ခုတည်းက လွှတ်တော် အမတ်နေရာ သုံးပုံနှစ်ပုံစာအထိ ပြတ်ပြတ်သားသား အနိုင်ရရှိသည့် ပထမဆုံးဖြစ်ရပ် အဖြစ် သမိုင်းဝင်လာခဲ့ပါသည်။...

Read More

ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အနုထင်း ဦးဆောင်သည့် ဘွန်ဂျိုင်ထိုင်းပါတီ အပြတ်အသတ်အနိုင်ရ

ဖေဖေါ် ၉ The Kaladan Post   ဖေဖော်ဝါရီ ၈ ရက်၊ ၂၀၂၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ တွင် လက်ရှိ ဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း (Anutin Charnvirakul) ဦးဆောင်သည့် ဘွန်ဂျိုင်ထိုင်းပါတီ (Bhumjaithai Party – BJT) သည် အောက်လွှတ်တော် အမတ်နေရာ အများစုကိုအနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ မဲရလဒ် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့် ကို ရေတွက်ပြီးချိန်တွင် BJT ပါတီသည် အောက်လွှတ်တော် အမတ်နေရာ ၁၉၄ နေရာ အထိ ရရှိထားပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် နှိုင်းယှဉ်လျှင် နှစ်ဆခွဲခန့် တိုးတက်လာခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များအရ သိရပါသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများကတော့ပြီးခဲ့သည့် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကမ္ဘောဒီးယား–ထိုင်း နယ်စပ် စစ်ရေးပဋိပက္ခ သည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သုံးသပ်ကြပြီး ဝန်ကြီးချုပ် အနုထင်းသည် အရှိန်မြင့်လာသည့် အမျိုးသားရေးဝါဒ ကို အသုံးချကာ ရွေးကောက်ပွဲကို အချိန်ကိုက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။ သို့သော် BJT ပါတီသည် အမတ်နေရာ အများစုရရှိထားသော်လည်း အစိုးရဖွဲ့စည်းရန် လိုအပ်သည့် အမတ်နေရာ ၂၅၁ နေရာ ကို မပြည့်မီသေးသဖြင့် အခြားပါတီများနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရမည် ဖြစ်လာနိုင်ကြောင်း ခန့်မှန်းနေကြပါသည်။ နိုင်ငံရေးအရ ယခင်က သဘောထားကွဲလွဲမှုများ ရှိခဲ့သည့်...

Read More

အားနည်းချက်များမှသည် အောင်ပွဲဆီသို့ – NUCC ၏ အလှည့်အပြောင်းနှင့် တော်လှန်ရေးအရှိန်

Exclusive Interview အားနည်းချက်များမှသည် အောင်ပွဲဆီသို့ – NUCC ၏ အလှည့်အပြောင်းနှင့် တော်လှန်ရေးအရှိန် လူထုက မျှော်လင့်နေတဲ့ ညီညွတ်ရေးနဲ့ တိကျတဲ့ ဦးဆောင်မှု! NUCC အနေနဲ့ လက်ရှိ အားနည်းချက်တွေကို ဘယ်လို ပြုပြင်နေပြီလဲ? အဆုံးအဖြတ် တိုက်ပွဲတွေအတွက် ဘာတွေ ပြင်ဆင်ထားသလဲဆိုတာ ဒီတပတ် Exclusive Interview မှာ မျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင် ဦးတိုးကျော်လှိုင်ကို မေးမြန်းဆွေးနွေး...

Read More

ဖေဖော်ဝါရီလ (၈) ရက် သတင်းတိုပေါင်းချုပ်

ပတ်ဝန်းကျင်ပျက်စီးမှု စိုးရိမ်ပြီး ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှု KIO ပိတ်ပင် ဖေဖော် ၈ The Kaladan Post ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ရွှေကူမြို့နယ်ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှု များကို ပိတ်ပင်လိုက်ကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ရွှေကူမြို့ အမှတ်(၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်နယ်မြေများအပါအဝင် မြစ်ကြောင်းတစ်လျှောက်ရှိ ရွှေဖောင်များဖြင့် တူးဖော်နေမှုကို ယင်းနေ့မှစ၍ လုံးဝတားမြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ လက်ရှိ ရွှေဖောင်အစီးရေ ထောင်ချီ ရှိနေပြီး မြစ်ရေ၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများ၏ လယ်ယာမြေများ ပျက်စီးမှုများ ပိုမိုဆိုးရွားလာနေသည့်အတွက် ဤဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်သတင်းရင်းမြစ် များက ဆိုသည်။ KIO အနေဖြင့် ယခင်ကလည်း မိမိထိန်းချုပ်နယ်မြေအတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရွှေတူးဖော်မှုကို ထိန်းချုပ်တားမြစ်ခဲ့ဖူးပြီး ၂၀၂၁ နှစ်ကုန်ပိုင်းက ရွှေကူခရိုင်မှ ထုတ်ပြန်ချက်တွင် အများပြည်သူနှင့်သက်ဆိုင်သော ဘာသာရေးနေရာ၊ လယ်ယာမြေ၊ ကျေးရွာများနှင့် မြစ်ဘေးပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ရွှေတူးဖော်မှုကို လုံးဝ ပိတ်ပင်ကြောင်း အသိပေးခဲ့သည်။ မလိုက်နာပါက အရေးယူမည်ဟုလည်း သတိပေးထားသည်။ တစ်ဖက်တွင် စစ်တပ် ထိန်းချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနားနှင့် ဝိုင်းမော်ဆက်သွယ်ထားသည့် ဗလမင်းထင်တံတားအောက်ရှိ ဧရာဝတီမြစ် ကြောင်းပေါ်တွင်မူ စက်ယန္တရားများဖြင့် နေ့ရောညပါ ရွှေတူးဖော်နေဆဲ ဖြစ်ပြီး ဒေသခံများ အခက်အခဲ ကြုံနေရကြောင်း သိရသည်။ ရှမ်းပြည်အမျိုးသားနေ့တွင် စည်းလုံးညီညွတ်ရေး ရှေ့တန်းတင် ဘုံရန်သူ အတူတိုက်ထုတ်ရန်...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish