Author: Salai

ဖေဖော်ဝါရီလ (၇) ရက် သတင်းတိုပေါင်းချုပ်

ကျောက်ကြီးမြို့နယ်တွင် ခလရ ၃၉ မှ စစ်မှုထမ်းတပ်သားတစ်ဦး ကေအဲန်ယူ ထံ အလင်းဝင်ရောက် ဖေဖော် ၇ The Kaladan Post ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း ခလရ ၃၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် တစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံ လက်နက်ချ အလင်းဝင် ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ဖေဖော်ဝါရီလ ၄ ရက်နေ့က အသက် ၃၂ နှစ်အရွယ် စောအာဘရောင်း ဆိုသူသည် လက်နက်မယူလာဘဲ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ဖြစ်ကြောင်း သိရှိရသည်။ KNU က ၎င်းအား ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း ဖော်ပြထားသည်။ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်း ခိုင်းစေခံနေရသူများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြရန် KNU ဗဟိုက တိုက်တွန်းထားသည်။ ငဖဲ နတ်ရေကန်ဗျူဟာကုန်းမှ စစ်မှုထမ်း စိုင်းဟတ် ချင်းကာကွယ်ရေးတပ် အရှိုထံ အလင်းဝင် ဖေဖော် ၇ The Kaladan Post မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းတွင် စစ်တပ်သား ၅၀၀ ကျော်ရှိနေပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေကြောင်း အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား စိုင်းဟတ်က ဝန်ခံ ထွက်ဆိုထားသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့က ကင်းတာဝန်ကျနေစဉ် ထွက်ပြေးလာ ခဲ့ပြီး ချင်းကာကွယ်ရေးတပ် (CDF...

Read More

အညံ့ဆုံးအာဏာရှင်ကိုမှ မနိုင်ရင် ဘယ်သူ တရားခံဖြစ်မလဲ

Editorial Talk – ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆ ၇၀ နှစ်တာ တော်လှန်ရေးသမိုင်းမှာ လူထုထောက်ခံမှုအား အကောင်းဆုံးအချိန် ရောက်နေပေမယ့် အခုထိ အဆုံးအဖြတ်မပေးနိုင်သေးတာ ဘာကြောင့်လဲဆိုတာ ဒီတပတ် Editorial Talk မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။ အင်တာဗျူးအပြည့်အစုံကို အောက်ပါ လင့်ခ်တွင် ဝင်ရောက် ကြည့်ရှုနိုင်မှာ...

Read More

မြန်မာ့အရေးနှင့်ပတ်သက်သည့် အမေရိကန်၏ အမျိုးသားအရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးမြှင့်

ဖေဖေါ် ၆ The Kaladan Post   အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ပြန်သတ်မှတ်ထားသည့် အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို နောက်ထပ် တစ်နှစ်သက်တမ်းတိုးမြှင့်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ကြေညာလိုက်သည်။ မြန်မာနိုင်ငံအပေါ် အမျိုးသားအရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ယခင်သမ္မတ ဂျိုးဘိုင်ဒန်က စတင် လက်မှတ်ရေးထိုး ကြော်ငြာခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများကို အကြောင်းပြုကာ နှစ်စဉ် သက်တမ်းတိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံသည် အမေရိကန်အတွက် အမျိုးသားအရေးပေါ်အခြေအနေအဖြစ် ဆက်လက်သတ်မှတ်ထားရမည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်၏ လုံခြုံရေးနှင့် နိုင်ငံခြားရေးအကျိုးစီးပွားများကို ဆက်လက် ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ဖော်ပြကာ သမ္မတထရမ့်က သက်တမ်းတိုးမြှင့်ကြောင်း လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ သက်တမ်းတိုးမြှင့်ကြေညာချက်တွင် “ကျွန်ုပ်၏ အစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသော ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိပြီး အကြမ်းဖက်မှုများ လျော့နည်းစေရန်နှင့် နိုင်ငံရေးတည်ငြိမ်မှု တိုးမြှင့်နိုင်ရန်အတွက် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုများကို အားပေးထောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် အမေရိကန်၏ မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့် ဖိအားပေးမှုများကို ချိန်ညှိဆောင်ရွက်သွားရန်လည်း အဆင်သင့်ရှိပါသည်” ဟု ဖော်ပြထားသည်။ အဆိုပါ အမျိုးသားအရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို ဆက်လက်သက်တမ်းတိုးမြှင့်ရန် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များက သမ္မတထရမ့်ကို...

Read More

မြန်မာနှင့် အီရန်အပေါ် ဖိအားပေးပိတ်ဆို့မှုများ ပိုမိုတင်းကြပ်သွားမည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ပြောကြား

ဖေဖေါ် ၆ The Kaladan Post   အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် အီရန်နိုင်ငံတို့အပေါ် ဖိအားပေးပိတ်ဆို့ရေး ယူမှုများကို ပိုမိုတင်းကြပ်စွာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘဲဆင့် (Scott Bessent) က ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြုလုပ်သည့် လွှတ်တော်ကြားနာပွဲအတွင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အဆိုပါ ကြားနာပွဲတွင် ဝန်ကြီးဘဲဆင့်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ရေးယူမှုများ ထပ်မံချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များ ရှိနေဆဲဖြစ်ပြီး ပိုမိုထိရောက် သော ဖိအားပေးမှုများ ပြုလုပ်နိုင်ရန် အခြားအစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနှင့် အီရန်တို့အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ရေးယူမှုများမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့် မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း လည်း ဝန်ကြီးဘဲဆင့်က အလေးထားပြောဆိုခဲ့သည်။ လက်ရှိ ထရမ့်အစိုးရလက်ထက်တွင် အီရန်အပေါ် “အပြင်းထန်ဆုံး ဖိအားပေးရေး” မူဝါဒကို ဆက်လက်ကျင့်သုံးနေပြီး ယင်းမူဝါဒ၏ အကျိုးဆက်ကြောင့် အီရန်၏ စီးပွားရေးအခြေအနေ မှာ ပြိုလဲလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ဝန်ကြီးဘဲဆင့်က ပြောကြားခဲ့သည်။ “သမ္မတ ထရမ့် တာဝန်ယူခဲ့ချိန်မှစ၍ အီရန်ကို အစွမ်းကုန် ဖိအားပေးရန် ညွှန်ကြားထားပြီး ဒီရလဒ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အထင်ရှားဆုံး မြင်တွေ့ခဲ့ရပါပြီ” ဟုလည်း ၎င်းက ဆိုသည်။ အီရန်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဘဏ်ကြီးတစ်ခု ပြိုလဲခဲ့ပြီးနောက် ဗဟိုဘဏ်မှ ဝင်ရောက်ကယ်ဆယ်ခဲ့ရသလို ယင်းအခြေအနေကြောင့် ငွေကြေးဖောင်းပွမှု မြင့်တက်ကာ ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြမှုများ...

Read More

ဖေဖော်ဝါရီလ (၆) ရက် သတင်းတိုပေါင်းချုပ်

ဒေါက်တာ မင်းအောင်လှိုင် ပါရဂူဘွဲ့ လက်ခံခဲ့သော ဘွဲ့နှင်းသဘင်ခန်းမတွင် သွေးညှီနံ့များ လှိုင်နေပေ ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြော ဖေဖော် ၆ The Kaladan Post ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်က မင်းအောင်လှိုင်အား ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ (Honorary Doctor of Public Administration) အပ်နှင်းခဲ့သည်။ ဤဘွဲ့ချီးမြှင့်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ရန်ကုန်တက္ကသိုလ် ကြားကာလ တက္ကသိုလ်ကောင်စီ၊ ဆရာ-ဆရာများအသင်း နှင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ တို့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၎င်းထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ ဖိနှိပ်ရေးယန္တရားတွင် ပါဝင်နေသော ပညာရေးဝန်ကြီး ချောချောစိန်နှင့် တက္ကသိုလ်ပါမောက္ခချုပ် တင်မောင်ထွန်း တို့၏ လုပ်ရပ်သည် စစ်ကျွန်ပညာရေး သရုပ်သဏ္ဍန်ကို ထင်ရှားစွာ ပြသခဲ့ခြင်းဖြစ်သည်ဟု ဝေဖန့်ဖော်ပြထားသည်။ ထို့အပြင် စစ်ရာဇဝတ်မှုများဖြင့် ကျောင်းသားများ၏ သွေးစွန်းနေသော မင်းအောင်လှိုင်အား ဘွဲ့ဝတ်ရုံ ဆင်မြန်းပေးခြင်းသည် ဘွဲ့၏ ဂုဏ်သိက္ခာကို ညစ်ညမ်းစေပြီး ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း သွေးညှီနံ့များ လှိုင်နေပေပြီဖြစ်သည့် အပြင် စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ ပညာရေးစနစ်လည်း စစ်ကျွန်အဖြစ် ဆက်လက်ရှင်သန်နေမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ပူးပေါင်းအဖွဲ့တို့က ပြောဆိုကြသည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှသာ ဒီမိုကရေစီ ပညာရေးစနစ် တည်ဆောက်နိုင်မည်ဟု အလေးပေး ကြေညာထားသည်။ ချင်းပြည်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဆလိုင်းမျိုးထိုက် ရွေးချယ်တင်မြှောက်ခံရမှုအပေါ် အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း GKYA ထုတ်ပြန် ဖေဖော်...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish