Author: Salai

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ကောင်သေဆုံးပြီး ၇ ကောင်ဖမ်းဆီးခံရ

  ဩဂုတ် ၅ The Kaladan Post ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကစတင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းအား YOUNG WOLF PDF ရဲဘော်များနှင့် ပူပေါင်းမဟာမိတ် တပ်ပေါင်းစုမှ တာစီးပိတ်ဆို့ထားနိုင် ကြောင်း မန်နေ့ ဩဂုတ်လ ၄ရက်နေ့က YOUNG WOLF PDF တပ်ဖွဲ့က ဗီဒီယိုမှတ်ထမ်း ထုတ် ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး YOUNG WOLF PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိ သူက “ဒီစစ်ကောင်စီ စစ်ကြောင်းဟာဆိုရင် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အတွင်းမှာရှိတဲ့ စစ် ကိုင်းတပ်မ ၃၃ နှင့် အုန်းတော ၆၀၀၅ တင်ကားတပ်များမှ ပူပေါင်းစစ်ကြောင်းထိုးလာတာဖြစ် ပါတယ် ဒီအာဏာရူး စစ်ကောင်စီတပ်ဖွဲ့ဘက်က အင်အား ၁၀၀ကျော်တယ်ဗျ တိုက်ပွဲဖြစ်ပွားတာ ၂၃.၆ ၂၀၂၅ ကနေ ယနေ့ထိပေါ့ သူတို့က ရှေ့တိုးလာတယ်ထိတွေ့မှု ဖြစ်တယ် တိုးမရတော့ ပြန်ဆုတ် သွားတယ် အဲ့လိုမျိုးကတော့ ခဏခဏဘဲဗျ ထိတွေ့တိုက်ပွဲကတော့ ဘယ်နှစ်ကြိမ်ြလဲ မမှတ်မိတော့ ပါဘူးဟု “ The Kaladan Post သို့ပြောဆိုသည်။ တိုက်ပွဲဖြစ်စဥ်တစ်လျှောက်လုံးမှာ ကျွန်တော်တို့ အနေနဲ့ အတည်ပြုနိုင်တာ စစ်ကောင်စီဘက်က ၁၁ ကောင်သေဆုံးခဲ့ပြီး အရှင် ၇ကောင်နှင့် လက်နက်ခဲယမ်းနဲ့ အတူ သိမ်းစဥ်း ရမိထားပြီး ကျွန်တော်တို့ရဲ့ ရှေ့တန်း ရဲဘော်တွေ အနေနဲ့တော့ ခုထိ ထိခိုက်ကျဆုံး မရှိဘူးလို့ တပ်ဖွဲ့ ရဲ့တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ဤစစ်ဆင်ရေး အတွင်း ထိတွေ့တိုက်ပွဲများ အကြိမ်များ စွာ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့များ သည် ရှေ့တိုးရန် ကြိုးစားသော်လည်း တိုက်ပွဲများကြောင့် ပြန်လည်ဆုတ်ခွာသွားရသည့် အခြေအနေများ ထပ်ခါ တလဲလဲ ဖြစ်ပေါခဲ့သည်။ စစ်ကိုင်းတိုင်းသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် စစ်ကောင် စီတပ်များအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး၊ စစ်ကိုင်းတိုင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို PDF နှင့် မဟာမိတ်တပ်ဖွဲ့ များက ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်းသိရသည်။...

Read More

ဩဂုတ် (၄) သတင်းတိုပေါင်းချုပ်

၁။ ကျောက်မဲမြို့ ဆေးခန်းအနီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ဩဂုတ် ၄ The Kaladan Post ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ ဇေယျဖြိုး ဆေးခန်းအနီးကို အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်။ ဒေသခံများထံမှ သိရှိရသည်မှာ ဗုံးကြဲမှုကြောင့် အဆောက်အဦးများ အနည်းငယ် ပျက်စီးခဲ့ပြီး လူထိခိုက်မှု အနည်းငယ်သာ ရှိကာ သေဆုံးသူ မရှိဟု ကနဦးသိရသည်။ တိုက်ခိုက်မှုသည် ဘူတာရုံနှင့် နီးကပ်သော ဆေးခန်းအနီးတွင် ဖြစ်ပွားခဲ့သည်။ ဇူလိုင်လအတွင်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသား ၃ ဦး သေဆုံးကာ လူ ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ် ၄၅ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၂ ကျောင်း ပျက်စီးခဲ့သည်။ ယခုတိုက်ခိုက်မှုသည် ဒေသခံပြည်သူများအပေါ် စစ်တပ်၏ ဆက်လက်အနိုင်ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။     ၂။ ရာအိမ်မှူး၏သားအပါအဝင် လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး ဩဂုတ် ၄ The Kaladan Post မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကောင်းပင်စည်ကျေးရွာမှ...

Read More

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်သား (၆)ယောက် ထွက်ပြေးလွတ်မြောက်

ဩဂုတ် ၄ The Kaladan Post ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပဲခူးရိုးမရှိ မင်းလှသည်ဘောင်တွင် စကစ တပ်မှ ထွက် ပြေးလာသော တပ်သား စောထူးဖော (ပစ-၁၅၇၂၇၄) နှင့် စောအယ်ကညော (ပစ-၁၅၇၂၇၇) တို့အား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် နံနက် ၈ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅၊ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်ဖွဲ့ရဲ့တာဝန်ရှိသူက “  စစ်ကောင်စီကနေထွက်ပြေးလာတဲ့သူတွေက စုစုပေါင်း ၆ ယောက်ရှိပါတယ် ကျွန်တော်တို့ ဖမ်းမိတာက ၂ယောက်ပါခင်ဗျ  တခြားလူငယ် ၄ယောက်ကိုတော့ မဖမ်းမိပါဘူး  သူတို့ အစီအစဥ်နဲ့သူတို့ပြေးကြတာဆိုတော့ ဘယ်ကိုထွက်ပြေးလဲမသိပါဘူး ပြီးတော့ ယခုဖမ်းဆီးထား သူတွေကိုလည်း မကြာမီပြန်ပြီးလွှတ်ပေးမှာဖြစ်ပါတယ် “ဟု The Kaladan Post သို့ပြောဆိုသည်။ စောထူးဖောသည် အုတ်ဖိုမြို့နယ်မှဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် သစ်ရောင်း၍ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် တောင်သုံးလုံးရွာသစ်တွင် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခံခဲ့ရသူဖြစ်သည်။ စောအယ်ကညော သည် မင်းလှမြို့နယ်မှဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ကိုင်းပြင်ကြီးရွာထိပ်တွင် ဝါးခုတ်နေစဉ် စစ်ကောင်စီတပ်၏ ပေါ်တာဆွဲခံခဲ့ရကြောင်း ၎င်းတို့၏ ပြောဆိုချက်အရ သိရှိရသည်။ ၎င်းတို့ သည် သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးများမှတဆင့် ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ သင်တန်း ကျောင်းသို့ ပို့ဆောင်ခံခဲ့ရပြီး စစ်မှုထမ်း အပတ်စဉ်(၁၂)အဖြစ် ၁၁ ပတ်ကြာ စစ်သင်တန်းတက်ခဲ့ရသည်။ ထို့နောက် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးစင်တာတွင် လူစုနေစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်တွင် ၎င်းတို့အပါအဝင် တပ်သားသစ် ၄ ဦးနှင့်အတူ ထွက်ပြေးခဲ့ခြင်းဖြစ် ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။၎င်းတို့သည် မတရားပေါ်တာဆွဲခံရပြီး စစ်ကောင်စီ တပ်ထဲသို့ အတင်းအဓမ္မထည့်သွင်းခံခဲ့ရသူများဖြစ်သည်။ ၎င်းတို့၏ ထွက်ပြေးမှုမှာ ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ဦးတည်မည်ကို မသိရှိရပေ။ သို့သော် ၎င်းတို့အား ပြန်လည်လွတ်မြောက်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ဤဖြစ်ရပ်သည် စစ်ကောင်စီ၏ မတရားပေါ်တာ ဆွဲခြင်းနှင့် အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေမှုများကို ထင်ရှားစေသည့် သာဓကတစ်ခုဖြစ်သည်။ ဖမ်းဆီးရမိ ထားသူများအား လွတ်မြောက်ရေးအတွက် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့၏ လွတ်လပ်မှုနှင့် လုံခြုံမှုအ တွက်...

Read More

ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီ သင်္ဘော တိုက်ခိုက်ခံရ

ဩဂုတ် ၃ The Kaladan Post ချင်းတွင်းမြစ်ကြောင်းအထက်ပိုင်းတွင် စစ်သင်္ဘော (၁) စီးနှင့် တွဲတွန်းသင်္ဘော (၁၀) စီးအား ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် Chindwin Fighter Group (CFG) နှင့် Brave Heart Army (B.H.A) တို့ ပူးပေါင်းကာ ရှေ့ထွက်မိုင်း ၃ လုံးနှင့် ပွိုင့် ၁ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (CFG) တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ သတင်းပေးပို့ထားပါသည်။ ထို့အပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  စစ်တပ်ဘက်တွင် ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်သတင်းများကို ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်းသိရသည်။ လက်ရှိစစ်ကောင်စီ သင်္ဘောများသည် မုံရွာမှာရှိနေဆဲဖြစ်ပြီး ဘယ် ကို ဦးတည်ပြီး ခရီးဆက်မည်ကိုတော့ အတိအကျမသိသေးကြောင်း တာဝန်ရှိသူက ဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရ သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် အချင်းချင်း ညီညွတ်စွာ ပူးပေါင်းကာ အာဏာရှင် စစ်တပ်ကို တိုက်ထုတ်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ ဤညီညွတ်မှုဖြင့်သာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးနိဂုံးချုပ်နိုင်ရန် ပြည်သူများအနေဖြင့် မလျော့သောဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင် ပေးကြရန်...

Read More

ဩဂုတ် (၃) သတင်းတိုပေါင်းချုပ်

၁။ NLD က မလေးရှားအစည်းအဝေးသို့ တက်ရောက်ရန်ဖိတ်ကြားချက်အား အကြောင်းပြန် ဩဂုတ် ၃ The Kaladan Post မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ကျင်းပမည့် မြန်မာ့အရေးဆိုင်ရာ အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား တက်ရောက်ရန် ဖိတ်ကြားချက်အပေါ် NLD ဗဟိုအလုပ်ကော်မတီက သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန်နှင့် စစ်တပ်ကို အသိအမှတ်မပြုရန် အကြောင်းပြန်ခဲ့သည်။ ဩဂုတ်လ ၄ မှ ၇ ရက်အထိ ကျင်းပမည့် ထိုအစည်းအဝေးသို့ NLD ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်းမရှိသဖြင့် အိတ်ဖွင့်ပေးစာဖြင့် သဘောထားရပ်တည်ချက်ကို အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် Tan Sri Othman Hashim ထံ ပေးပို့ခဲ့သည်။ NLD ၏ သဘောထားတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဟု ယုံကြည် ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျေးဇူးတင်ရှိပြီး မြန်မာ့ပြဿနာ၏ အရင်းခံအကြောင်းမှာ စစ်တပ်၏ အာဏာသိမ်းမှုကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် စစ်တပ်၏ လုပ်ဆောင်ချက်များကို အသိအမှတ်ပြုပူးပေါင်းခြင်းမပြုရန် လိုအပ် ကြောင်း အလေးအနက်ပြောကြားထားသည်။ NLD က စစ်တပ်၏ အတုအယောင်ဟန်ပြရွေးကောက်ပွဲများကို ကန့်ကွက်ပြီး ၎င်းတို့သည် ပြည်သူ၏ ဆန္ဒအမှန်ကို ထင်ဟပ်မည်မဟုတ်ကြောင်း ထောက်ပြသည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ဖယ်ထုတ်ရန်နှင့် လွတ်လပ်သော ဆန္ဒထုတ်ဖော်မှုကို ဖိနှိပ်သည့် ဥပဒေများ ပြဋ္ဌာန်းထားမှုကို NLD က...

Read More
en_USEnglish