ကျူးဘား ကမ်းခြေစောင့်တပ်နှင့် ထိတွေ့ပစ်ခတ်မှုကြောင့် ဖလော်ရီဒါတွင် မှတ်ပုံတင်ထားသည့် ရေယာဉ်ပေါ်မှ လူ ၄ ဦး သေဆုံး
ဖေဖေါ် ၂၆ The Kaladan Post Cuba ကမ်းရိုးတန်းအနီး ပင်လယ်ပြင်တွင် ဖြစ်ပွားခဲ့သော ထိတွေ့ပစ်ခတ်မှုတစ်ခုအတွင်း United States ဖလော်ရီဒါပြည်နယ်တွင် မှတ်ပုံတင်ထားသည့် အမြန်မော်တော်ဘုတ်တစ်စီးပေါ်မှ လူ ၄ ဦး သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် လှေပေါ်လိုက်ပါလာသူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိတွေ့ပစ်ခတ်မှုအတွင်း ကျူးဘားဖက်မှ ကမ်းခြေစောင့်တပ် ရေယာဉ်မှူးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျူးဘားပြည်ထဲရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ အဆိုပါ ရေယာဉ်သည် ကျူးဘားပိုင် ကေယို ဖယ်လ်ကိုနက်စ်ကျွန်းအနီး ရေမိုင် ၁ မိုင်ခန့်အကွာထိ တရားမဝင် ချဉ်းကပ်ကျူးကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သွားရောက်စစ်ဆေးသည့် ကမ်းခြေစောင့်သင်္ဘောကို ရေယာဉ်ဖက်မှ ပထမဦးစွာ ပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကျူးဘား ဘက်က စွပ်စွဲထားသည်။ သို့ရာတွင် လှေပေါ်တွင် သေဆုံးနှင့် ဒဏ်ရာရရှိခဲ့သူများ၏ နိုင်ငံသားအချက်အလက်များနှင့် ကျူးဘားရေပိုင်နက်အနီးသို့ ရောက်ရှိလာရသည့် အကြောင်းရင်းများကို ကျူးဘားဖက်က အသေးစိတ် မထုတ်ပြန်သေးပါ။ အဆိုပါဖြစ်စဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေသည့် အခြေအနေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြေအနေများ ပိုမိုဆိုးရွားလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။ ကျူးဘားသည် ကွန်မြူနစ်အစိုးရအုပ်ချုပ်မှုအောက်တွင် ရှိနေပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ကြုံတွေ့နေရသည်။ Marco Rubio က ဖလော်ရီဒါတွင် မှတ်ပုံတင်ထားသည့်...
Read More