ဇူလိုင် (၁၂) သတင်းတိုပေါင်းချုပ်
၁။ ဖားကန့်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၅၀ ဦးဝန်းကျင် ထိခိုက်သေဆုံး ဇူလိုင် ၁၂ The Kaladan Post ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ၇ ရက်အတွင်း စစ်တပ်ဘက်မှ ၅၀ ဦးဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းတွင် အမှိုက်ပုံရွာနှင့် ဖားကန့်သင်္ချိုင်းတွင် ဒရုန်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးနီးပါး ထိခိုက်သေဆုံးခဲ့သည်။ စစ်ကောင်စီ၏ လက်နက်သိုလှောင်ရာနေရာ ထိမှန်ပြီး ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု KIA စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ထို့ပြင် မော်မောင်လယန်ကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်က ပြည်သူ ၅ ဦးကို ပစ်သတ်ခဲ့သည်။ ဇူလိုင် ၄ ရက်မှစတင်ခဲ့သည့် ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် မော်မောင်လယန်၊ စုငယန်၊ အမှိုက်ပုံ၊ မှော်ဆီဇာနှင့် အခြားနေရာများတွင် နေရာယူထားပြီး လမောင်ကုန်းကို ပြန်လည်သိမ်းပိုက်ရန်ပြင်ဆင်နေသည်။ လဝကျေးရွာအနီးရှိ စစ်ကောင်စီ စခန်းတစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီသည် ဖားကန့်မြို့အနောက်ဘက်တွင် စစ်ကြောင်းခွဲ၍ တိုက်ပွဲများဖန်တီးနေပြီး၊ မေလနှောင်းပိုင်းမှစတင်ကာ ဖားကန့်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်။ ဒေသခံပြည်သူများထံမှ သိရှိရသည့်အချက်အရ မော်မောင်လယန်ရွာတွင် သေဆုံးသူ ၃ ဦး၏...
Read More