Author: Salai

နိုဝင် (၂၁) ရက် သတင်းတိုပေါင်းချုပ်

စစ်တပ်နှင့်ကျောချင်းကပ်မှသာ အစိုးရတည်မြဲနိုင်မည်ဟု ကြံ့ဖွံ့ ဥက္ကဋ္ဌ ဦးခင်ရီ မဲဆွယ်စည်းရုံး နိုဝင် ၂၁ The Kaladan Post နိုဝင်ဘာ ၁၉ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းပွဲတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက မဲဆွယ်စည်းရုံးရင်း တပ်မ တော်နှင့် ရင်ချင်းအပ်၊ ကျောချင်းကပ်မှသာ အစိုးရဖြစ်ပြီး နောက်နေ့မပြုတ်ကျဘဲ တည်မြဲနိုင်မည် ဟု ပြောကြားခဲ့သည်။ အခြားပါတီများကို ရွေးပါက နောက်နေ့သူပုန်က တက်စီးသွားမည် ဟုလည်း သတိပေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ကြေညာစာတမ်းပါ ကတိကဝတ်များ မတည်ခဲ့ပါက သူ့ မျက်နှာကို လက်သီးနှင့်ထိုးရန်ပင် ခွင့်ပြုကြောင်း ဦးခင်ရီက ပြောဆိုခဲ့သည်။ အလားတူ ပျော်ဘွယ် မြို့တွင် မဲဆွယ်စည်းရုံးရင်း ပါတီအထွေထွေအတွင်းရေးမှူး၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး ကလည်း စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲတွင် တရားမျှတမှုမရှိဟု ဝေဖန်နေကြခြင်းမှာ မနာလို လို့ ပျက်စီးရာပျက်စီးကြောင်း ပြောနေခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ ကြံ့ဖွံ့ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော် ထည့်ဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ဘက်မရှိဘဲ အနိုင်ရရှိထားသည့် မဲဆန္ဒနယ် ၂၈ နေရာအပြင် မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင် လည်း ပြိုင်ဘက်သေဆုံးသဖြင့် ထပ်မံအနိုင်ရရှိမည်ဖြစ်ကြောင်း သိရသည်။ စစ်ကြောင်းထိုး တိမ်းရှောင်ရင်း မိသားစုနှင့်ကွဲကာ လဲနေသော အဘွားအိုကို PDF ရဲဘော်များ ကယ်ဆယ် နိုဝင် ၂၁ The Kaladan Post စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံများ...

Read More

နိုဝင် (၂၀) ရက် သတင်းတိုပေါင်းချုပ်

အတုရွေးကောက်ပွဲ ပျက်အောင်လုပ်သူများကို ပြည်သူများ အခွင့်အရေးကို ဖျက်ဆီးတာ ဖြစ်တယ်ဟု ဦးသောင်းအေး ပြောဆို နိုဝင် ၂၀ The Kaladan Post ပျော်ဘွယ်မြို့နယ်၊ မိုးကောင်းနှင့် နောင်ခွင်ကျေးရွာများတွင် မဲဆန္ဒရှင်ပြည်သူများစွာနှင့် တွေ့ဆုံစဉ် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ရွေးကောက်ပွဲကို ပျက်စီး အောင် ကြံစည်သူများနှင့် မဲမပေးရန် လှုံ့ဆော်သူများအား ယမန်နေ့ နိုဝင် ၁၉ရက်နေ့က ပြင်းထန်စွာ သတိပေးပြောကြားခဲ့ကြောင်း ကြံ့ဖွံ့ပါတီက ထုတ်ပြန်ထားသည်။ ဦးသောင်းအေးက အတုအယောင် ရွေးကောက်ပွဲသည် စစ်တပ်အတွက်မဟုတ်၊ ပြည်သူလူထုတစ်ရပ်လုံးအတွက်သာ ဖြစ်သည် ဟု အလေးပေးပြောကြားပြီး၊ ရွေးကောက်ပွဲကို ပျက်အောင် လုပ်သူများသည် ပြည်သူတို့၏ အခွင့်အ ရေးကို ဖျက်ဆီးရာရောက်ကြောင်း ပြောဆိုသည်။ ထို့ပြင် ရွေးကောက်ပွဲပျက်စီးအောင် ပါးစပ်ဖြင့် ပြောခြင်း၊ လက်နှင့်လုပ်ခြင်း၊ ကိုယ်စားလှယ်များကို ခြိမ်းခြောက်ခြင်း၊ ပြည်သူများကို မဲမပေးရန် လှုံ့ဆော်ခြင်းများကို ကာကွယ်ရန် ဥပဒေထုတ်ပြန်ထားပြီး အဆိုပါလုပ်ရပ်များအတွက် ပြစ်ဒဏ် အနေဖြင့် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ပြည်သူများကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။ သို့သော် လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်‌ရေးတပ်ဖွဲ့ဝင်တွေ အားလုံးက အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ရွေးကောက် ပွဲအတွက် ပြည်သူများကို မဲထည့်ရန် ခြိမ်းခြောက်နှောင့်ယှက်သူများကို ဥပဒေနှင့်အညီ အမြဲတမ်း အရေးယူသွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့ကြပြီး ဖမ်ဆီးအယူဆောင်ရွက်နေတာတွေလည်း ရှိကြောင်း သိရသည်။ ရွှေဘိုမြို့ပေါ်တွင် စစ်တပ်က မင်္ဂလာဆောင်မှ စျေးဆိုင်များအထိ ပေါ်တာဆွဲ ဖမ်းဆီးမှု ပြုလုပ် နိုဝင် ၂၀...

Read More

နိုဝင် (၁၉) ရက် သတင်းတိုပေါင်းချုပ်

အမေရိကန်၏ ကျားဖြန့်-လိမ်လည်မှု တိုက်ဖျက်ရေးနောက်ကွယ်တွင် “လျှို့ဝှက်ရည်ရွယ်ချက်” ရှိနေသည်ဟု ဇော်မင်းထွန်း ပြောဆို နိုဝင် ၁၉ The Kaladan Post နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ် ထိန်းချုပ်ထားသော သတင်းစာများမှတစ်ဆင့် အမေရိကန်ပြည်ထောင်စု၏ အွန်လိုင်းကျားဖြန့် လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားတိုက်ဖျက်ရေးလှုပ်ရှားမှုများသည် မြန်မာနိုင်ငံအပေါ် “နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက် (Hidden Agenda)” တစ်ခုခုရှိနေသည်ဟု စွပ်စွဲ ပြောဆိုလိုက် သည်။ သူသည် အမေရိကန်က Strike Force Burma အဖွဲ့ဖွဲ့ကာ မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စင် တာ ၂ခုကို စီးနင်းခဲ့ခြင်း FBI အေးဂျင့်များကို ဘန်ကောက်သို့ စေလွှတ်ကာ ထိုင်းရဲတပ်ဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်နေခြင်းတို့ကို ထောက်ပြပြီး ဤလုပ်ရပ်များသည် ကျားဖြန့်လိမ်လည်မှု တိုက် ဖျက်ရေးဟူသော အမည်ခံအောက်တွင် အခြားနိုင်ငံရေးရည်မှန်းချက်များ လိုက်စားနေခြင်းဖြစ် သည်ဟု အခိုင်အမာ စွပ်စွဲသည်။ ထို့အပြင် ကျားဖြန့်ဒေသများဖြစ်သည့် KK Park၊ ရွှေကုက္ကိုင်း၊ ကျောက်ခတ်တို့တွင် ရေ၊ မီး၊ ဆက်သွယ်ရေးစနစ်များမှာ ထိုင်းဘက်မှ ရရှိနေခြင်း၊ စစ်ကောင်စီက ယခင်က KK Park ကို ဖောက်ခွဲဖျက်ဆီးစဉ် အပျက်အစီးများ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သည် ဟု ထိုင်းဘက်က ကန့်ကွက်ခဲ့သော်လည်း ထိုဖောက်ခွဲမှုများသည် အဆင့်မြင့်နည်းပညာသုံး ဖောက်ခွဲမှုများဖြစ်သဖြင့် အနီးဝန်းကျင်သစ်ပင်ပင် မလှုပ်ရှားခဲ့ကြောင်း၊ ထို့ကြောင့် ထိုင်းဘက်သို့ အပျက်အစီးကျရောက်စရာ အကြောင်းမရှိကြောင်း ငြင်းဆိုသည်။ ထပ်မံ၍ ကျားဖြန့်စင်တာများ တွင် လုပ်ကိုင်နေသော...

Read More

နိုဝင် (၁၈) သတင်းတိုပေါင်းချုပ်

ကျောက်ဖြူမြို့နယ်အတွင်း စစ်တပ်က အရပ်သားပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေ နိုဝင် ၁၈ The Kaladan Post ကျောက်ဖြူမြို့နယ်အတွင်း နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းနှင့် အမြောက်ဆွဲ တိုက်ခိုက်မှုများ အကြိမ်ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့သည်ဟု ရခိုင့်တပ်တော် AA က ယမန်ညနေပိုင်းတွင် ထုတ်ပြန်သည်။ မွန်းလွဲ ၁၂:၃၀ ခန့်တွင် မင်းရပ်တိုက်နယ် လိပ်တင်ကျေးရွာ စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကျဲခဲ့ရာ ဗုံးမှာ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသေခံဒရုန်းဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့သော်လည်း ကျောင်းသားကျောင်းသူများကို အချိန်မီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သဖြင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ဘဲ ကျောင်းအဆောက်အအုံ ပျက်စီးခဲ့ကြောင်း AA က ပြောဆိုသည်။ ထို့နောက် မွန်းလွဲ ၁၂:၃၅ ခန့်တွင် ကျောက်ကလေ ကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ညနေ ၄:၃၀ ခန့်တွင် အမြင့်ကျွန်းတံတားအနီးသို့ Y-12 လေယာဉ်ဖြင့် ထပ်မံ ဗုံး ၆၀ ခန့် ကျဲချခဲ့ကြောင်းသိရသည်။ ည ၈:၁၇ ခန့်တွင်လည်း မင်းရပ်ရွာ၊ သံချောင်းရွာပတ်ဝန်းကျင်သို့ လေကြောင်းမှ ဗုံးကျဲခဲ့သည့်အပြင် ဇင်ချောင်းကမ်းခြေရှိ စစ်သင်္ဘော ၂ စီးက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ယင်းတိုက်ခိုက်မှုများတွင် ထိခိုက်သေဆုံးမှု အသေးစိတ် မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီတပ်က ကျောက်ဖြူမြို့နယ် အတွင်း ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လာနေသဖြင့် ပြည်သူများ လေကြောင်းရန်ကို ပိုမိုသတိထားကြရန်...

Read More

နိုဝင် (၁၇) သတင်းတိုပေါင်းချုပ်

ဗန်းမောက်တွင် စစ်တပ်နှင့် SNA ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး အသေခံဒရုန်း ၃ စင်း သိမ်းစည်းခံရ နိုဝင် ၁၇ The Kaladan Post စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပြီး၊ စစ်တပ်လက်ဝေခံ SNA တပ်များက အသေခံဒရုန်းများအသုံးပြု၍ နတ်လစခန်းကုန်းအနီးအထိ တိုးကပ်လာရာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ကသာ ခရိုင်တပ်ရင်း (၄) အပါအဝင် PDF တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ခုခံတိုက်ခိုက်ရာ စစ်အုပ်စုဘက်တွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး၊ အသေခံဒရုန်း ၃ စင်းကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။ ကသာခရိုင်တပ်ရင်း (၄) တာဝန်ရှိသူက ဒရုန်းတွေရတာဟာ မကွဲလို့ရရှိတာပါ ဟု ပြောဆိုသည်။ ဗန်းမောက်မြို့ကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုက စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် SNA နှင့် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။ ရေစကြိုမြို့နယ်တွင် စစ်ကော်မရှင်တပ်သား ဟိန်းထက်လင်း လက်နက်နှင့်အတူ အလင်းဝင် နိုဝင် ၁၇ The Kaladan Post မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာ ၁၅ ရက် ည ၇ နာရီလောက်က စစ်ကော်မရှင်တပ်...

Read More
en_USEnglish