ဇန်နဝါရီလ (၁၈) ရက် သတင်းတိုပေါင်းချုပ်
ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီး စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံး ၆ ဦးဒဏ်ရာရ ဇန်န ၁၈ The Kaladan Post မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးတွင် ဇန်နဝါရီ ၁၅ ရက်က အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က MSRF တပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဤတိုက်ခိုက်မှုကို မွန်ပြည်ဖက်ဒရယ် ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှု အများအပြားရှိခဲ့ပြီး မျက်မြင်အတည်ပြုနိုင်ခဲ့ကာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMDP)/ရာမညမွန်တပ်တော် (RMA) ကလည်း ဇန်နဝါရီဒုတိယပတ်အတွင်း ရေးမြို့ နယ်အပါအဝင် မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်း ၅ ခုကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက် ခြင်း၊ ရှေ့တိုက်ဒုံးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဤလုပ်ရပ်များသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် တိုက်ဖျက်ရန် အဖွဲ့၏ ရပ်တည် ချက်ကို ထင်ရှားစေကြောင်း NMSP-AD/RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားခဲ့...
Read More