Author: Salai

နိုဝင် (၂၆) သတင်းတိုပေါင်းချုပ်

ပုဏ္ဏားကျေးရွာနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃၅ ခန့်သေဆုံး လက်နက်ခဲယမ်းများစွာ ရရှိ နိုဝင် ၂၆ The Kaladan Post ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့စခန်းကုန်းမှ ထွက်လာသော စစ်တပ် ဗိုလ်ကြီး ဆန်းညွန့်ထွန်း ဦးစီး သည့် တပ်မ ၃၃ လက်အောက်ခံ ခမရ-၁၁၊ ခလရ-၄၂ နှင့် ပျူစော ထီးပူးပေါင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်ကြောင်းသခင်း ပုဏ္ဏားကျေးရွာသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေစဉ် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အပြင်းအထန် တိုက်ခိုက်ခဲ့ ရာ ညနေ ၆ နာရီ ၃၀ မိနစ်အထိ အချိန်ယူ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဝက်လက်မြို့နယ်ပကဖက ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၃၅ ဦးကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ စစ်ကြောင်းပျက်၍ စိုင်နိုင်ကွေ့စခန်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရ သည်။ အဆိုပါတိုက်ပွဲအတွင်း MA-1 သေနတ် ၁၁ လက်၊ MA-2 သေနတ် ၃ လက်၊ MA-3 သေနတ် ၁၀ လက်၊ ငါးကြင်းမှီး-၂ လက် ၁ လက်၊ RPG ၁ လက်၊ စနိုက်ဘာ ၁ လက်၊ BA-100 (စိန်ပြောင်း) ၃ လက်၊ BA-90 (စိန်ပြောင်း) ၁ လက်၊ ဂျန်ဘာစက်...

Read More

နိုဝင် (၂၅) သတင်းတိုပေါင်းချုပ်

မော်လိုက်ခရိုင်တွင် “သိမ်းငှက်စစ်ဆင်ရေး” အတွင်း ပျူစခန်း ၈ ခုသိမ်းပိုက် စစ်သား ၁၀၀ ကျော်သေဆုံး နိုဝင် ၂၅ The Kaladan Post စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်အတွင်း ယခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဆင်နွှဲ ခဲ့သည့် “သိမ်းငှက်စစ်ဆင်ရေး” ကို မော်လိုက်တော်လှန်ရေးအင်အားစုများက အောင်မြင်စွာ အပြီးသတ်လိုက်ပြီဖြစ်ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ထိုစစ်ဆင်ရေးကာလအတွင်း ပျူစောထီးနှင့် စစ်ကောင်စီတပ်စခန်း ၈ ခုကို အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ပြီး ကျေးရွာ ၁၇ ရွာကို စိုးမိုးထိန်းချုပ်နိုင်ခဲ့သည်။ တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား၊ ပျူစောထီး ၁၀၀ ကျော် သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများကိုလည်း အများအပြား သိမ်းဆည်းရရှိခဲ့သည်။ သိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှာ ထော်သာရွာ၊ အော်ဇီးခုံ၊ ညောင်ဝန်း၊ နောင်ပိန်း၊ နားပင်၊ တောင်းအင်၊ ဆွန်နန်း၊ အိုးဘို၊ ထိန်သာရွာတို့ရှိ ပျူစောထီးစခန်းများ ဖြစ်သည်။ စစ်ဆင်ရေးကို ခရိုင်တပ်ရင်း ၁ မှ ၄ အထိ၊ မော်လိုက်၊ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် ခရိုင်ကွတ်ကဲရေးရုံး တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စပါးရိတ် သိမ်းချိန်နှင့် စစ်ဘေးရှောင်ပြည်သူများ အခက်အခဲများကို ထည့်သွင်းစဉ်းစားကာ အထက်ညွှန် ကြားချက်အရ စစ်ဆင်ရေးကို ရက်အကန့်အသတ်မရှိ ယာယီရပ်တန့်ထားကြောင်း သိရသည်။ ရန်ကုန်မြို့လယ် ကျောက်တံတားရဲစခန်းကို Operation...

Read More

နိုဝင် (၂၄) သတင်းတိုပေါင်းချုပ်

KNLAက မင်းလက်ပံ ကျားဖြန့်ရုံ စီးနင်းရာ DKBA ၂၀ ဖမ်းဆီးပြီး လက်နက် ၁၇၆ ပါသိမ်းဆည်း နိုဝင် ၂၄ The Kaladan Post ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာရှိ DKBA (ဗိုလ်သခွားသီး ဦးဆောင်အဖွဲ့) လုံခြုံ ရေးယူပေးထားသော တရုတ်ပိုင် ကျားဖြန့် (ငွေလိမ်) အလုပ်ရုံတစ်ခုကို နိုဝင်ဘာ ၂၁ ရက်နေ့တွင် KNLA စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ခဲယမ်း ၁၇၆ လက်နှင့်အတူ DKBA တပ်ဖွဲ့ ဝင် ၂၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ ဗိုလ်သခွားသီးအပါဝင် ဂိုဏ်းခေါင်းဆောင်များနှင့် တရုတ်လုပ်သားများမှာ စစ်ကောင်စီထိန်းချုပ်ထားသည့် မြ၀တီမြို့ဘက် သို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ ထိုနေ့တွင်းမှာပင် မင်းလက်ပံအနီး တဝိုက်တွင် စစ်ကောင်စီတပ်နှင့် KNLA မဟာမိတ်တပ်များအကြား ပြင်းထန်စွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ကျည်များ ထိုင်းနိုင်ငံအတွင်းသို့ ကျရောက်ခဲ့သဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်က သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်နေ့အထိလည်း မင်းလက်ပံ သင်္ချိုင်းအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန် နေဆဲဖြစ်ပြီး ထိုင်းဘက်သို့ ကျည်ကျရောက်မှု ဆက်လက်ရှိနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ တိုက်ပွဲများကြောင့် မင်းလက်ပံကျေးရွာမှ ဒေသခံပြည်သူ ၃၀၀ ကျော် သောင်ရင်းမြစ် ကမ်းဘေးသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ မန္တလေး-စစ်ကိုင်း နယ်မြေမှာ PDF တွေ စစ်ကြောင်း...

Read More

နိုဝင် (၂၃) သတိုပေါင်းချုပ်

ညီနောင်မဟာမိတ်ထိန်းချုပ်ရာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို စီးပွားရေးပိတ်ဆို့မည်ဟု စစ်ကောင်စီ အမိန့်ထုတ် နိုဝင် ၂၃ The Kaladan Post နေပြည်တော်၊ နိုဝင်ဘာ ၂၃ စစ်ကောင်စီတပ်မတော်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA၊ TNLA၊ AA) ထိန်းချုပ်ထား သည့်အတွက် ထိုဇုန်မှ ပြည်တွင်းသို့ ဝင်ရောက်လာသော ကုန်ကားအားလုံးကို လမ်းပိုင်းတိုင်းတွင် မဖြစ်မနေ ဖမ်းဆီး၊ တားဆီး၊ အရေးယူရန် နိုဝင်ဘာလ ဒုတိယပတ်မှ စတင်၍ အထူးညွှန်ကြားချက် ထုတ်ပြန်လိုက် နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ဘက်အရင်းအမြစ်က “တပ်မတော်ထိန်းချုပ်မှု မရှိသည့်၊ နိုင်ငံတော်သို့ အခွန်မဆောင်သည့် ကုန်သွယ်ရေးဂိတ်အားလုံးကို တရားမဝင်ကုန်သွယ်ရေးအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် အရေးယူမည်” ဟု ဆိုသည်။ ထို့ပြင် ယခင်က ကုန်ကားအတော်များများ လွတ်ကင်းစွာ ဖြတ်သန်းနေသည်ကို တွေ့ရှိရသဖြင့် ညွှန်ကြားချက်ကို ထပ်မံ အားဖြည့်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီဘက်က ဤကုန်သွယ်ရေးလမ်းကြောင်းမှ ရရှိသည့် ဝင်ငွေများသည် မြောက်ပိုင်းမဟာမိတ်များ၏ ဘဏ္ဍာရေးအင်အားကို တိုးမြှင့်ပေးနေပြီး တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရန် အသုံးပြုနေသည် ဟု အကြောင်းပြထားသည်။ ထို့အပြင် စစ်ကောင်စီသည် ယခုနှစ် ဩဂုတ်လက တရုတ်အစိုးရထံ ၁၀၅ မိုင်ဇုန်ကို ပြန်လည်ရရှိရေး ကူညီပေးရန် တရားဝင် တောင်းဆိုခဲ့သော်လည်း တရုတ်ဘက်မှ ယနေ့ထက်တိုင် အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။ စက်တင်ဘာလတွင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်အတွင်းလည်း...

Read More

နိုဝင် (၂၂) ရက် သတင်းတိုပေါင်းချု်

ဝန်ကြီးဟောင်း စိုးသိန်းသား အေးချမ်း လှိုင်သာယာအရှေ့မှာ မဲမဆွယ်ရဲဘဲ လုံခြုံရေးကြောင့် ဆိုင်းဘုတ်တင်ပြီး ဓာတ်ပုံဖျက်ခိုင်း နိုဝင် ၂၂ The Kaladan Post စစ်ကောင်စီနှင့် နီးစပ်သူ၊ သမ္မတဟောင်းရုံးဝန်ကြီး ဦးစိုးသိန်း၏ သားဖြစ်သူ အေးချမ်းသည် ကြံ့ဖွတ် ပါတီမှ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင် ထားသော်လည်း လုံခြုံရေးကြောင့် ပေါ်ပေါ်တင်တင် မဲဆွယ်စည်းရုံးရဲခြင်းမရှိဘဲ ခိုးကြောင်ခိုးဝှက် လိုက်ပါနေရကြောင်း၊ မဲဆွယ်ဆိုင်းဘို့များတွင်ပင် ဓာတ်ပုံရိုက်ခွင့်မပေးဘဲ ဖျက်ခိုင်းထားကြောင်း ကြံ့ဖွတ်အရင်းအမြစ်က ဖော်ပြသည်။ ထို့ပြင် အေးချမ်းသည် အောက်ခြေပါတီဝင်များနှင့် သဟ ဇာတမဖြစ်၊ အထက်စီးဆန်သော ပြောဆိုဆက်ဆံပုံကြောင့် ပါတီတွင်းမှာပင် သဘောမကျခြင်း ခံနေရကြောင်း သိရသည်။ အေးချမ်းသည် စစ်ကောင်စီဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်နေပြီး ဖခင်ဖြစ်သူ စိုးသိန်းနှင့်အတူ စစ်အာဏာသိမ်းမှုကို ထောက်ခံအားပေးခဲ့သူများဖြစ်ကာ ပြည်သူအများအပြားကို ၅၀၅(က)၊ ၆၆(ဃ) ဖြင့် အမှုဖွင့်ကာ သိန်းထောင်ချီ လျော်ကြေးတောင်းနေသူများလည်း ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ဗဟိုက ချပေးသဖြင့် အောက်ခြေက ငြင်းမရဘဲ လက်ခံရသည့် အခြေအနေကြောင့် ပါတီတွင်းပြဿနာများလည်း ပေါ်ပေါက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ချောက်လမ်းပေါ် ဖြတ်သန်းနေသော စစ်တပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး သေဆုံး နိုဝင် ၂၂ The Kaladan Post မကွေးတိုင်း ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စုလမ်းပိုင်း (ချောက်-မြို့တီ) ပေါ်တွင် ဖြတ်သန်း နေသော စစ်ကြောင်း...

Read More
en_USEnglish