နိုဝင် (၃၀) သတင်းတိုပေါင်းချုပ်
ဒါရိုက်တာ မိုက်တီး၊ အုန်းဒိုင်းနှင့် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ် နိုဝင် ၃၀ The Kaladan Post ဒါရိုက်တာ မိုက်တီး (ခေါ်) သန်းထွန်းဇော်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း (ခေါ်) ဇော်မြင့်နှင့် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခေါ်) ကျော်မင်းထွဋ်တို့ကို ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တားဖျက်ဆီးမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၃(က) ဖြင့် ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်ခံရသည်။ ယင်းသုံးဦးကို အောက်တိုဘာ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်တပ် ထောက်ခံဇာတ်ကားကို ဝေဖန်မှုနှင့် ဆက်စပ်နေသည်ဟု သိရသည်။ နိုဝင်ဘာ ၂၅ ရက်တွင် အုန်းဒိုင်းအား တောင်ဒဂုံမြို့နယ်တရားရုံး၊ ၂၇ ရက်တွင် မိုက်တီးအား ရန်ကင်းမြို့နယ်တရားရုံး၊ ၂၈ ရက်တွင် ကျော်ဝင်းထွဋ်အား ဗဟန်းမြို့နယ်တရားရုံးတို့က ရုံးထုတ် တစ်ကြိမ်တည်းဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားခံများဘက်မှ ခုခံချေပခွင့် သို့မဟုတ် ရှေ့နေငှားရမ်းခွင့် မရရှိခဲ့ကြောင်း အနုပညာနယ်ပယ်အသိုင်းအဝိုင်းထံမှ သိရသည်။ မြ၀တီတိုက်ပွဲ လက်နက်ကြီးကျည် ထိုင်းဘက်ကျ၍ မြန်မာကလေး၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရ နိုဝင် ၃၀ The Kaladan Post ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် ၆၀ မမ လက်နက်ကြီးကျည် ၅ လုံး ယနေ့ နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က...
Read More