ဒီဇင် (၄) သတင်းတိုပေါင်းချုပ်
ရေတာရှည်တွင် ဆက်ကြေးကောက်သည့် တပ်ကြပ်ကြီးကို အရှင်ဖမ်းမိ၊ ကယ်ထုတ်လာသည့် စစ်ကြောင်းနှင့် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေ ဒီဇင် ၄ The Kaladan Post ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက်က တောင်သူများထံ ဆက်ကြေးလာရောက်ကောက်ခံသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်ကြီး မြင့်လွင်ကို တပ်ရင်း ၃၅၀၄ ရဲဘော်များက လက်ပစ်ဗုံး ၃ လုံး၊ ငွေသား၊ ဖုန်း ၂ လုံးနှင့် ကား ၁ စီးတို့အပါအဝင် အရှင်ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၂၆ ရက်တွင် အင်အား ၁၂၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ၂ ခုက ကယ်ထုတ်ရန်ကြိုးပမ်းလာရာ တပ်ရင်း ၃၅၀၄ နှင့် ရေတာရှည်မြို့နယ်ပကဖပူးပေါင်းအဖွဲ့က မိုင်းဆွဲ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ဖမ်းဆီးရမိထားသော တပ်ကြပ်ကြီး မြင့်လွင်ကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ထိန်းသိမ်းထားကြောင်း တပ်ရင်း ၃၅၀၄ က ထုတ်ပြန်သည်။ တပ်ရင်းတာဝန်ရှိသူက “စစ်ခွေးသေစာရင်း ထပ်မတိုးတော့ပါ။ ဖမ်းဆီးထားတဲ့ တပ်ကြပ်ကြီး ကို စစ်သုံ့ပန်းဥပဒေနဲ့ပဲ ဆက်လက်အရေးယူသွားမည်။ မြစ်အနောက်ဘက်ကမ်းထိ ကျွန်တော်တို့စစ်ဆင်ရေးသည် ရွေးကောက်ပွဲကို လက်လှမ်းမီသမျှ ဖျက်ဆီးမည်ဟု စစ်ကောင်စီကို သတိပေးခြင်းဖြစ်သည်” ဟု ပြောသည်။ ယင်းမာပင်-ကန့်ဘလူ-သံတောင်ကြီး ကျေးရွာများကို ဗုံးကြဲ၊ လက်နက်ကြီးပစ် ကိုယ်ဝန်ဆောင်အပါအဝင်...
Read More