ဒီဇင် (၈) သတင်းတိုပေါင်းချုပ်
ဗန်းမောက်ရွှေတွင်းကို စစ်တပ်လေယာဉ်ဗုံးကြဲ၊ အရပ်သား ၁ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရပြီး ၂ ဦးအခြေအနေဆိုး ဒီဇင် ၈ The Kaladan Post စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်း သုံးပင်ကျေးရွာအနီး ရွှေလုပ်ကွက်နေရာတွင် ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က စစ်တပ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ရာ အသက် ၃၃ နှစ်အရွယ် ကိုငြိမ်း အပါအဝင် အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ ၂ ဦးမှာ အခြေအနေပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများက အတည်ပြုသည်။ အဆိုပါနေရာတွင် တိုက်ပွဲမရှိသလို လက်နက်ကိုင်တပ်ဖွဲ့လည်း အခြေစိုက်ခြင်းမရှိဘဲ ရွှေတူးသမားပြည်သူများသာ ရှိနေသည့်ကြားက တမင်ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုကြသည်။ ထပ်မံ၍ ယင်းနေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကရင်နီပြည် ဒီမော့ဆိုမြို့နယ်အနောက်ခြမ်း ပဆေးလာကျေးရွာကို စစ်တပ်လေယာဉ်က ဗုံးနှစ်လုံးဆက်တိုက်ကြဲချသွားခဲ့ပြီး လူနေထူထပ်သည့်နေရာဖြစ်သဖြင့် ထိခိုက်သေဆုံးမှုများရှိနိုင်သော်လည်း လတ်တလော အသေးစိတ်အချက်အလက်များ မသိရသေးကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များဘက်က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၀ အသံတိတ်သပိတ်ကို နှိပ်ကွပ်၊ ဆိုင်ပိတ်ရင် ဖမ်းမည်၊ ပွဲလုပ်ခိုင်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက် ဒီဇင် ၈ The Kaladan Post ဒီဇင်ဘာ ၁၀ ရက် အသံတိတ်သပိတ်နေ့တွင် ဆိုင်များ၊ စားသောက်ဆိုင်များ၊ အလုပ်ရုံစက်ရုံနှင့် ကုမ္ပဏီများ...
Read More