Author: Salai

Myanmar Silent Strike on December 10: Leader Interview.

International organizations and governments, including India, must not disregard the will of the Myanmar people, who have demonstrated through Silent Strikes to demand: the release of all political prisoners, including Daw Aung San Suu Kyi; the rejection of the sham election prepared by the military regime; and the abolition of its illegal conscription law.

Read More

ဒီဇင် (၁၁) သတင်းတိုပေါင်းချုပ်

ယာယီသမ္မတ ဒူဝါလရှီးလ အသံတိတ်သပိတ်ကို ဦးညွှတ်၊ လက်နက်အာဏာသာယာသူများ ရှိကြောင်း ဝန်ခံ   ဒီဇင် ၁၁ The Kaladan Post အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သော အခမ်းအနားအစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို လက်မခံနိုင်ကြောင်း ပြသသည့် အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများကို လေးစားစွာ ဦးညွှတ်ကြောင်း မိန့်ကြားသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူများ၏ လူ့အခွင့်အရေးမှာ နေ့စဉ်ဆုံးရှုံးနေရဆဲဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ တော်လှန်ရေး ငါးနှစ်နီးပါးကာလအတွင်း အာဏာ၊ လုပ်ပိုင်ခွင့်နှင့် လက်နက်ကိုင်စွဲထားမှုကြောင့် တချို့တွင် သာယာဝါဒ ပေါ်ပေါက်လာပြီး တော်လှန်ရေးကျင့်ဝတ်နှင့် စံနှုန်းများမှ လွဲချော်လာသည် ကို တွေ့ရှိရကြောင်း ယာယီသမ္မတက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ နွေဦးတော်လှန်ရေးသည် စစ်အုပ်စုပြုတ်ကျရေးသာမက ဖက်ဆစ်စစ်တပ်၏ အတွေးအခေါ်၊ အမှုအကျင့်အားလုံးကို အမြစ်ပြတ်ဖျက်သုဉ်းရေးအထိ ရည်မှန်းထားသည့် တော်လှန်ရေးဖြစ်သောကြောင့် ထိုအဆိပ် အတောက်များ ကူးစက်မခံရန် အထူးသတိထားရမည်ဟုလည်း တိုက်တွန်းမိန့်ကြားခဲ့သည်။ ကမ္ဘာ့ဘိန်းဖြူဈေးကွက်သစ်ကို မြန်မာဘိန်းက ထိုးဖောက်နေ၊ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန်   ဒီဇင် ၁၁ The Kaladan Post ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ နောက်ဆုံးအစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အမှတ်(၁) ဘိန်းစိုက်ပျိုးထုတ်လုပ်သူ နေရာကို ဆက်လက်ဆုပ်ကိုင်ထားပြီး ယခုနှစ်တွင် ဘိန်းခင်းဧကပေါင်း ဟက်တာ ၅၃,၀၀၀ (ဧက...

Read More

ဒီဇင် (၁၀) သတင်းတိုပေါင်းချုပ်

စစ်တပ် ကာမီကာဇီ အသေခံဒရုန်း ၆ စီးဖြင့် KNU ဗဟိုဌာနချုပ်နယ်မြေကို နံနက်အမှောင်ထဲ ဗုံးကြဲတိုက်ခိုက်   ဒီဇင် ၁၀ The Kaladan Post ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ ခန့်တွင် အကြမ်းဖက်စစ်တပ်က ကရင်ပြည်နယ်၊ KNU တပ်မဟာ(၇) နယ်မြေ၊ ဗဟိုဌာနချုပ်ရုံးနယ်မြေအတွင်းသို့ အသေခံဒရုန်း ၆ စီးဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်များက အတည်ပြုသည်။ ဒရုန်းများကို အလင်းရောင်မထည့်ဘဲ အနိမ့်ပျံသန်းကာ လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒုတိယအစင်းမှာ မပေါက်ကွဲဘဲ ကျန်ရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိသေးကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်အတွင်း KNU ဗဟိုဌာနချုပ်နယ်မြေကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၄ ကြိမ်မြောက်ဖြစ်ပြီး ယခင်ဇန်နဝါရီ၊ ဇွန်လနှင့် အောက်တိုဘာလတို့ တွင်လည်း အလားတူတိုက်ခိုက်မှု အကြိမ်ကြိမ်ရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများတွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် လူထိခိုက်မှုမရှိသေးပေ။   ဒေါက်တာတေဇာဆန်းကို ဖမ်းပေးရင် သိန်း ၃၀၀ နှင့် ရာထူးတစ်ဆင့်တိုး‌ပေးရန် မက်လုံးပေး၊ အသံတိတ်သပိတ်ဦးဆောင်သူ ၁၀ ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်   ဒီဇင် ၁၀ The Kaladan Post ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီက အသံတိတ်သပိတ်လှုပ်ရှားမှုကို ဦးဆောင်သူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ...

Read More

ဒီဇင် (၉) သတင်းတိုပေါင်းချုပ်

ဆီလုပ်ငန်းရှင်ကြီးများကို ဘီလီယံ ၅၄၀ ကျော်ပြန်ပေးရန် အမိန့်ထုတ်ပြီး ပြည်ပခရီးထွက်ခွင့် ပိတ်ပင်   ဒီဇင် ၉ The Kaladan Post စစ်တပ်က စက်သုံးဆီတင်သွင်းရောင်းချရာတွင် မသမာမှုများရှိခဲ့သည်ဟု ဆိုကာ ဆီလုပ်ငန်းရှင် များအား ငွေကျပ်ဘီလီယံ ၅၄၀ ကျော်ကို ဇန်နဝါရီ ၂၆ ရက်နောက်ဆုံးထား ပြန်လည်ပေးသွင်းရန် ရာဇသံပေးထားသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဆီလုပ်ငန်းရှင်များအားလုံး၏ ပြည်ပခရီးထွက်ခွင့် ကိုလည်း ယာယီပိတ်ပင်ထားကြောင်း ဆီလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုသည်။ မသမာမှု များတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရသော လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော်တို့ကို နိုဝင်ဘာလက ဖမ်းဆီးအရေးယူခဲ့ရာ ဆီတင်သွင်းခွင့်နှင့် ခွဲတမ်းချထားမှုများတွင် လာဘ်ပေးလာဘ်ယူမှုများဖြင့် ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ပေးသွင်းရမည့်ငွေပမာဏများတွင် ခရိုနီ ဝင်းဆွေ ပိုင်ဆိုင်သော BOC ကုမ္ပဏီက ဘီလီယံ ၁၈၀ ဝန်းကျင်၊ ခရိုနီ ဇော်ဇော် ပိုင်ဆိုင်သော Max ကုမ္ပဏီက ဘီလီယံ ၄၀၊ ဒေါက်တာ ဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ၄၀၊ ခရိုနီ ချစ်ခိုင် ပိုင်ဆိုင်သော Denko ကုမ္ပဏီက ဘီလီယံ ၇၀၊ ခရိုနီ အောင်ကိုဝင်း ဆက်နွယ်သော Brighter ကုမ္ပဏီက ဘီလီယံ ၁၂၊ Regency ကုမ္ပဏီက ဘီလီယံ ၂၀၊ Apex ကုမ္ပဏီက ဘီလီယံ ၁၅၊ Myanoil ကုမ္ပဏီက ဘီလီယံ ၁၅ အသီးသီး ပါဝင်ကြောင်း...

Read More

ဟားခါးမြို့တွင်းနေထိုသူစစ်ရှောင်များကို ကြိုတင်မဲပေးလျှင် ၃၀,၀၀၀ ကျပ်ပေးမည်ဆိုသော်လည်း တချို့မရ

  ဒီဇင် ၉ The Kaladan Post ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်သို့ စစ်ဘေးရှောင်သူတွေကို စစ်ကော်မရှင်က ကြိုတင်မဲပေးသူများကို လူတစ်ဦးလျှင် ၃၀,၀၀၀ကျပ်ပေးမယ်ဟု စည်းရုံးကြပြီးကြိုတင်မဲပေးခိုင်းသော်လည်း တချို့မှာ ငွေးကြေးမရကြောင်း မြို့ပေါ်တွင်နေထိုင်သူ နာမည်ဖော်လိုတဲ့ပြည်သူတစ်ဦးက The Kaladan Post သို့ပြောဆိုသည်။ ယခုကြိုတင်မဲပေးသူတွေမှာ ကျွန်တော်သူငယ်ချင်းတွေပါတယ် သူတို့ထက်မှာ တချို့ရတယ် တချို့က အခုထိမရသေးဘူး ပေးမယ်ပြောပြီးအခုထိ မပေးကြသေးဘူးဗျ မျှော်လည်း မမျှော်ကြတော့ပါဘူး ပြီးတော့ ဒီငွေကြေးကိုဘယ်အဖွဲ့အစည်းက တာဝန်ယူတာလဲဆိုတာလည်း ငွေကြေးလက်ခံရရှိသူတို့ကိုယ်တိုင် မသိကြကြောင်း ဆက်လက်ပြောဆိုသည်။ ဟားခါးမြို့ပေါ်တွင် နေထိုင်ကြသော စစ်ရှောင်ပြည်သူများ၏ ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး ဒေသတွင်း သတင်းရင် မြစ်များက ယခုလိုကြိုတင်မဲပေးနေကြသူများသည် ကြံ့ဖွတ်ပါတီတွေက ငွေကြေး ၃၀,၀၀၀ကျပ်ဖြင့် စည်းရုံးကြသည့်အပြင် စစ်ရှောင်များအတွက် စစ်တပ်က လူတစ်ဦးလျှင် တစ်လ ၂၀,၀၀၀ကျပ် ထောက်ပံ့မှုများကို စစ်တပ်ထံတိုင်ကြားပြီး ဖျက်သိမ်းခြင်းခံရမည်ဟု ခြိမ်းခြောက် ထားတာကြောင့် မဲပေးရန်ဆန္ဒမရှိသူများပါ မဲပေးကြရခြင်းဖြစ်သည်ဟု ဆိုသည်။ ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး ချင်းပြည်နယ်ရှိတော်လှန်ရေးခေါင်းဆောင်တစ်ဦးက စစ်ကောင်စီတွေဟာ မဖြစ်ဖြစ်တဲ့နည်းနဲ့ သူတို့ထွက်ပေါက်ကိုရှာကြမှာပါ ခြိမ်းခြောက်မှုမျိုးစုံအသုံးပြုကြမှာဘဲဖြစ်ပါတယ် ဒါကိုပြည်သူတွေ အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိကြောက်လန့်မှုမရှိဘဲ သတ္တိတွေမွေးပြီး သတိရှိစွာလှုပ် ရှားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ် စစ်တပ်တွေခြောက်တိုင်းကြောက်လို့မဖြစ်သလို လိုက်မယောင်မိဖို့လည်း အရေးကြီးတယ်ပြီးတော့ ကျွန်တော့ အမြင်ကတော့ စစ်တပ်ရွေးကောက်ပွဲကို ကြောက်လို့မဲပေးခြင်းဖြစ်ဆိုပြီးအကြောင်းပြလို့မရပါဘူး ဒီလုပ်ရပ်ဟာ စစ်တပ်ကိုထောက်ခံ ကြိုဆိုကြောင်း ပြသတာဘဲဖြစ်ပါတယ်ဟု The Kaladan Post သို့...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish