ဒီဇင် (၁၄) သတင်းတိုပေါင်းချုပ်
ဝက်လက်မြို့နယ် စစ်ဘေးရှောင်စခန်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေး ၄ နှစ်အရွယ်အပါအဝင် အရပ်သား ၄ ဦးသေဆုံး ဒီဇင် ၁၄ The Kaladan Post စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတောတိုက်တွင် စစ်ဘေးရှောင်နေထိုင်သည့် အရပ်သားများကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် မအေးမြတ်သူဇာ၊ အသက် ၃၄ နှစ်အရွယ် သူဇာနွယ်၊ အသက် ၂၆ နှစ်အရွယ် ကိုတွတ်ပီနှင့် အသက် ၇၀ နှစ်အရွယ် ဦးခင်မောင်လွင် တို့ သေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက အတည်ပြုပြောဆိုသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိပြီး အချို့၏ အခြေအနေ စိုးရိမ်ရပေၚ နေအိမ် ၈ လုံးလည်း မီးလောင်ပျက်စီးခဲ့သည်။ ဗုံးကြဲခံရသည့်နေရာမှာ ရွှေဘိုမြို့နယ် ကုလားမရွာမှ စစ်ဘေးစစ်ဘေးတိမ်းရှောင်လာသည့် အရပ်သားများ ခိုလှုံနေထိုင်ရာ စခန်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ ဒီဇင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ် နတ်မှော်ဦးရွာကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ရသဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းက ဒေသခံများကို ကြောက်ရွံ့ထိတ်လန့်မှုများ ပိုမိုဖြစ်ပေါ်စေနေသည်။ နယူးဇီလန်နှင့် နယ်သာလန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ ဒီဇင် ၁၄ The Kaladan Post နယူးဇီလန်နိုင်ငံ၏ ဝယ်လင်တန်၊ အောက်ကလန်၊ နယ်လ်ဆင်နှင့် ဒန်နီဒင်မြို့များတွင် ဒီဇင်ဘာ ၁၃ ရက်က တစ်ပြိုင်နက် ကျင်းပခဲ့သည့် ဆန္ဒပြပွဲများတွင် မတရားအာဏာသိမ်းပြီး အဓမ္မဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေးနှင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ ထို့ပြင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်လည်း မြန်မာ့အရေးကို အားပေးသူများနှင့် မြန်မာ့တိုင်းရင်းသားများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူများက အတည်ပြုပြောဆိုသည်။ အဆိုပါ ဆန္ဒပြပွဲများသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာ့ဒီမိုကရေစီလိုလားသူများ၏ တက်ကြွမှုကို ထင်ရှားစေပြီး အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။ လန်ဒန်ပါလီမန်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင် ဒီဇင် ၁၄ The Kaladan Post ယူကေနိုင်ငံ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုကင်မ်အာရစ် (ကိုထိန်လင်း) ဦးဆောင်ကာ ယူကေနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးမှ ပူးပေါင်းစီစဉ်သည့် ဆန္ဒပြပွဲကို ကျင်းပခဲ့ရာ ယူကေတစ်နိုင်ငံလုံးမှ မြန်မာတိုင်းရင်းသားပေါင်းစုံ ၇၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရှိရသည်။ ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေးနှင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြွေးကြော်ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့သူများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော သူရဲကောင်းများအတွက် တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပြီး ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ဒေါက်တာသက်ကိုကိုနှင့် တိုင်းရင်းသားကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆန္ဒပြပွဲသည် နိုင်ငံတကာတွင် မြန်မာ့ဒီမိုကရေစီလိုလားသူများ၏ တက်ကြွမှုကို ထင်ရှားစေသည့်အပြင် အကြမ်းဖက်စစ်အုပ်စုအပေါ် ဖိအားများ...
Read More