Author: Salai

ပြည်သူ့လွတ်လပ်ရေးတပ်တော် တည်ထောင်ခြင်း ၄ နှစ်ပြည့်နှင့် အခြေခံစစ်သင်တန်း (၂/၂၀၂၅) ဆင်းပွဲ ကျင်းပ

  ဒီဇင် ၁၇ The Kaladan Post ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အဖွဲ့အစည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်အထိမ်းအမှတ်နှင့် အပတ်စဉ် (၂/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဗဟိုဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်က ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တို့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့    လွတ်လပ်ရေးတပ်တော်သည် ယခု ၄ နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း The Kaladan Post သို့ ပြောဆိုသည်။ လွတ်မြောက်ဒေသအသစ်တွင် တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ရေ၊ မြေ၊ ရာသီဥတုနှင့် အစားအသောက်များနှင့် မအံဝင်မှုကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အူယောင်ငန်းဖျား၊ ငှက်ဖျားနှင့် အစာအိမ်ရောဂါများကဲ့သို့ ကျန်းမာရေးအခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသည်ဟု ဆိုသည်။ ထို့ပြင် ရင်းမြစ်ချောင်လျားမှု၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း မလုံလောက်မှု၊ ဘဏ္ဍာရေးအခက်အခဲများကဲ့သို့ အခြေခံပြဿနာများသည် ဖွဲ့စည်းစဉ်ကတည်းက ယနေ့အထိ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း တပ်ဖွဲ့ရဲတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထိုသို့ မပြည့်စုံမှုများ ကြားမှ တိုက်ပွဲဝင်ခဲ့ရသဖြင့် ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရသူများနှင့် အသက်ပေးလျှူခဲ့ရသည့် ရဲဘော်ရဲဘက် များစွာ ရှိခဲ့ကြောင်းသိရ လေးနှစ်တာကာလအတွင်း ပြည်သူလူထုနှင့် မဟာမိတ်တပ်ဖွဲ့များအပေါ် မှန်ကန်သောသဘောထားထားရှိကာ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သလို ရန်သူ့ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံများရှိရာ အဓိကနေရာများသို့ ထိုးဖောက်တိုက်ခိုက်နိုင်ရန် ပြင်ဆင်မှုများလည်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ တပ်ဖွဲ့၏ စစ်သင်တန်းများတွင် ပြည်သူလူထုအပေါ် မှန်ကန် သောသဘောထား၊ လက်နက်ကိုင်တော်လှန်ရေးလုပ်ရသည့် အကြောင်းရင်းများကို နားလည်သိရှိရန်၊ စစ်သားကျင့်ဝတ်နှင့် လက်နက်ကိုင်တွယ်မှုဆိုင်ရာ စည်းကမ်းများ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ညီညွတ်မှု၊ တိုက်ပွဲခံနိုင်ရည်စွမ်းရည်များကို အဓိက သင်ကြားပေးကြောင်းသိရသည်။ ပြည်သူလူထု အနေဖြင့်လည်း မိမိတက်နိုင်သည့် အခန်းကဏ္ဍမှ ယုံကြည်စွာ ပါဝင်ကာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အတူ တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ပေးကြရန် တပ်ဖွဲ့ခေါင်းဆောင်က တိုက်တွန်း တောင်းဆိုခဲ့သည်။ ထို့အပြင် အဆိုပါထုတ်ပြန်ချက်တွင် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ ဗဟိုကော်မတီဝင်တစ်ဦးမှ သစ္စာကျမ်းသစ္စာပြုခြင်း၊ ထူးချွန်ဆုရရှိသည့် သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်း မဟာမိတ်တပ်တော်တာဝန်ရှိသူတစ်ဦးမှ အမှတ်တရစကား ပြောကြားခြင်း၊ အခြေခံမြန်မာ့သိုင်းနည်း စွမ်းရည်ပြသခြင်းနှင့် ဗဟိုကော်မတီဝင် တစ်ဦးမှ အပိတ်အမှာစကား ပြောကြားခြင်း စသည့် အစီအစဉ်များပါဝင်ခဲ့ပြီး မဟာမိတ်တပ်ဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြကြောင်း ဖော်ပြထားသည်။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ တပ်တော်အနေဖြင့် မဟာမိတ်များနှင့် ပူးပေါင်းကာ တော်လှန်ရေးအောင်ပွဲရရှိသည်အထိ အကြမ်းဖက်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့အပြင် ပြည်သူ့လွတ်လပ်ရေးတပ်တော် နွေဦးတော်လှန်ရေးမဟာမိတ်ဖြစ်သော Spring Revolution Alliance – SRA တပ်ဖွဲ့တွင် ပါဝင်သော တပ်ဖွဲ့တစ်ခုလည်း...

Read More

ခန္တီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄ဦးသေဆုံးကာ၊ ၇ဦး ဒဏ်ရာရ

  ဒီဇင် ၁၆ The Kaladan Post ၂၀၂၅ခုနှစ်၊ ဒီဇင်လာလ ၁၂ ရက်‌တွင် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်တဲ့ စစ်တပ်အင်အား ၃၀ ခန့်ပါ ယာဉ်တန်းသည် ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်သဖြင့် တိုက်ခိုက်ခဲ့ ကြောင်း  ခန္တီးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ် သက်ပြီး ခန္တီးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ” ကျွန်တော်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းဟာ  စစ်ခွေးတွေကြိုတင်သတင်းရရှိထားတာကြောင့် စောင့်ကြိုကာ မိုင်းဆွဲပြီး တိုက်ခိုက် ခဲ့ရာ နေရာတွင် (၄)ဦး   သေဆုံးပြီး (၇) ဒဏ်ရာရှိပါတယ် ဒီတိုက်ခိုက်မှုမှာ လက်နက်ခဲယမ်းသိမ်းဆည်း တာတွေမရှိပါကြောင်း’’ဟု The Kaladan Post သို့ ပြောဆိုသည်။အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ခလရ (၂၂၉) တပ်ရင်းတပ်ဖွဲ့ဝင်တွေနဲ့ အမှတ်(၁၆) ရဲတပ်ရင်းတို့ ပူးပေါင်းအင်အား ၃၀ ခန့်ပါ ယာဉ်တန်းသည် ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာကြောင်းကို ခန္တီးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ကြိုတင်သတင်းရရှိတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။  အထိနာသွားသော အကြမ်းဖက်စစ်အုပ်စုသည် အင်အားပြန်လည် ၆၀ခန့် ဖြည့်တင်းပြီး ခန္တီးမြို့နယ် နန်စီပွန်မှော် တစ်ဝိုက်ရှိကျေးရွာများကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိရာ ကြောင်းသိရသည်။   စစ်ကောင်စီတပ်ဖွဲ့သည် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့်အတွက် တိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အစစအရာရာ သတိထားပေးကြ ပါရန်နှင့် စစ်ခွေးတွေ အကြမ်းဖက်တာကို ရှောင်ရှားနိုင်ဖို့ကတော့ သူတို့နဲ့နီးရာ မနေဖို့ သူတို့စစ်ကြောင်း ထိုးတဲ့လမ်းကြောင်းပေါ်မှာ နေထိုင်သူများအနေဖြင့် ကြိုတင်တိမ်းရှောင်ကြဖို့ ပြင်ဆင်သင့်တယ်လိုအပ် ကြောင်း...

Read More

ဒီဇင် (၁၆) သတင်းတိုပေါင်းချုပ်

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဖွဲ့စည်းပြီး NUG နှင့် ချိတ်ဆက်တိုက်ပွဲဝင်မည်   ဒီဇင် ၁၆ The Kaladan Post ကရင်နီ KNDF၊ ချင်းညီနောင် CB၊ BPLA၊ မွန်တော်လှန်ရေးတပ် MSRF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့တို့ ပူးပေါင်းကာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို တရားဝင်ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အားကောင်းစွာ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ လွတ်မြောက်နယ်မြေတွင် ကျင်းပခဲ့သည့် တပ်ပေါင်းစုဖြစ်မြောက်ရေး ညီလာခံ၌ ဖွဲ့စည်းပုံစည်းမျဉ်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် တော်လှန်ရေးကတိကဝတ်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။ တပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးနှင့် ပြည်သူလူထုကို အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုများမှ အမြန်ဆုံးကယ်တင်ရန် စစ်ရေးအရွေ့ကို ပိုမိုအားကောင်းလာစေမည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF ဒုဥက္ကဌ(၁) ကိုမင်းဟန်ထက်က ပြောသည်။ လက်ရှိမပါဝင်ရသေးသည့် နွေဦးတော်လှန်ရေးအင်အားစုများကိုလည်း ဆက်လက် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး တပ်ပေါင်းစုဖြင့်သာ အောင်ပွဲခံနိုင်မည်ဟု ယုံကြည်ကြောင်း တို့ အတည်ပြု ပြောဆိုခဲ့သည်။ မင်းအောင်လှိုင် ဝန်ခံချက်။ လေတပ်က တိုက်ပွဲအဆုံးအဖြတ်အတွက် အဓိက အထောက်အကူပြု   ဒီဇင် ၁၆ The Kaladan Post အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က လေတပ်သည် လက်ရှိတိုက်ပွဲများတွင် အဆုံးအဖြတ်ပေးနေသည့် အဓိကအင်အားဖြစ်ကြောင်း ဝန်ခံပြောဆိုလိုက်ပြီး လေယာဉ်၊ ရဟတ်ယာဉ်များနှင့် စစ်ဆင်ရေးအထောက်အကူစနစ်များကို ဆက်လက်ဖြည့်တင်းသွားမည်ဟု ကြေညာခဲ့သည်။...

Read More

မင်းကွန်းမှ အင်အား ၁၂၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်တိုက်ခိုက်ခံရပြီး ၁၀ခန့်ဒဏ်ရာရရှိ

  ဒီဇင် ၁၅ The Kaladan Post ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မင်းကွန်းမှထွက်ခွာလာသော စစ်တပ်အင်အား ၁၂၀ ခန့်ပါ စစ် ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန် ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ယူနီကွန်းကျောက်ကြားတပ်ဖွဲ့ တာဝန်ရှိ သူ တစ်ဦးက” ကျွန်တော်တို့နှင့် မဟာမိတ်များတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက  ရှိမ်းမကားကို ပဲဦးတည်မည်လို့ထင်ပါတယ် တိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကသေဆုံးမှု အတိအကျမသိပေမယ့် ၁၀ ယောက်ခန့် ဒဏ်ရာရရှိနိုင်တယ် ပြီးတော့ လက်ရှိသူတို့က မင်းကွန်းထဲပြန်ဝင်သွားကြပြီး စစ်ရေး လှုပ်ရှားမှုတွေမလုပ်သေးပေမယ့် အချိန်မရွေး ပြောင်းလဲနိုင်တဲ့ အခြေအနေမျိုးဆိုတော့ တော်လှန် ပြည်သူတွေအနေဖြင့် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ က ရွှေ့ပြောင်းခိုင်း၊ ဘေးလွတ်ရာ ပြောင်းခိုင်းရင် ချက်ချင်း လိုက်နာပေးကြရန်နှင့် ဓားစာခံ ဖြစ်သွားပါက လုံခြုံရေးတွေ ပိုခက်ခဲသွားနိုင်သည့်အပြင် စစ်ရေးလှုပ်ရှားမှုတွင် ဓားစာခံတေပါလာရင် ကျွန်တော်တို့အနေနဲ့ကတော့ လုပ်ငန်းလုပ်ရတာခက် ပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြား တပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သော people servant force /ရတနာပုံတပ်ဉီးနင့် No More Dictatorship people defence force-NMD တို့မှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ တစ်စုံတရာထိခိုက်မှုမရှိဘဲ ဘေးကင်းစွားဖြင့်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း  သိရသည်။ တိုက်ခိုက်မှုအတွင်း စကမများထံမှ G3ကျည်855/5.56ကျည်796/60mmဗုံးသီး5လုံး/ RPGအသီး3လုံးပို့ယမ်း3တောင့်/အီနာဂါ1လုံး/Maကျည်ဘောက်3ဘောက်/Ma2 ဘောက်ဝိုင်း1ဘောက် နှင့်ငါးကြင်းမှီးပြောင်းအပိုတချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင်...

Read More

ဒီဇင် (၁၅) သတင်းတိုပေါင်းချုပ်

လူသားဒိုင်းဖမ်း၊ ရွာများရှို့ဖျက်နေသည့် စစ်ကြောင်းကို ဒရုန်းဗုံးကြဲတိုက်ခိုက် စစ်သား ၆ ဦး ထိခိုက်   ဒီဇင် ၁၅ The Kaladan Post မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်အစပ်တွင် နိုဝင်ဘာလ ၁၇ ရက်မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်သည် ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ထောင်နှင့်ချီသော ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ Popa Guerilla Force (PGF) နှင့် မဟာမိတ်တပ်ဖွဲ့များက နိုဝင်ဘာလ ၁၈ ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် ကမ်းဖြူကျေးရွာရှိ နေအိမ် ၄ လုံးနှင့် စိတ္တိန်းကျေးရွာရှိ ထမင်းဆိုင် ၁ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်တွင် ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ပြန်လည်ဆုတ်ခွာချိန်၌ ဖမ်းဆီးထားသော ပြည်သူအများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း အချို့ကို ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း Popa Guerilla Force မှ တာဝန်ရှိသူက ပြောကြားသည်။ တိုက်ခိုက်မှုကို PGF၊ TTA-PDF (Drone Team) နှင့် Ah Nyar Myay Wings အပါအဝင် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မင်းအောင်လှိုင် ရုရှား၊ ဘီလာရုစ်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် မြေကွက်နှင့် အဆောက်အအုံများ စိတ်ကြိုက်ဝယ်ယူ   ဒီဇင်...

Read More
en_USEnglish