Author: Salai

The Current Situation of the Revolution and the Future of the Country

Interviewer: Salai Dokhar (Editor-in-Chief, The Kaladan Post) Interviewee: Thinzar Shunlei Yi (Human Rights Activist)   Editor-in-Chief: Shunlei, first of all, I want to say thank you for giving us this time. So, first of all, many of us already know, but to become more familiar with the revolutionary people, what has Shunlei done before? And also, with what purpose are you actively participating in this revolution now? Please reintroduce yourself briefly. Thinzar Shunlei Yi: First of all, thank you for inviting Shunlei. Personally, for the past fifteen years or so, I have been interested in the political and social conditions, the various situations...

Read More

ဒီဇင် (၁၉) သတင်းတိုပေါင်းချုပ်

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကုလမှာ လုံးဝပယ်ချရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို   ဒီဇင် ၁၉ The Kaladan Post ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက လုံးဝပယ်ချရန် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးတွင် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်က ကျင်းပခဲ့သည့် သတင်းအချက်အလက်လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရလဒ်များ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်သည့် အဆိုပါအစည်းအဝေးတွင် ၎င်းက စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပြည်သူများအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းမှု၊ အင်တာနက်ပိတ်ပင်ကန့်သတ်မှုများနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် လွတ်လပ်တရားမျှတမှု လုံးဝမရှိနိုင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် ယင်းရွေးကောက်ပွဲက နိုင်ငံတဝန်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်သာ ရည်ရွယ်ကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။ သံအမတ်ကြီးက စစ်အုပ်စုသည် AI၊ မျက်နှာမှတ်သားစနစ်၊ CCTV နှင့် နိုင်ငံခြားနည်းပညာများကို အသုံးပြု၍ ပြည်သူများကို ခြေရာခံဖမ်းဆီးနေကြောင်း၊ ဂျာနယ်လစ် ၂၂၅ ဦးကို မတရားဖမ်းဆီးထားပြီး မီဒီယာသမား ၉ ဦး အသတ်ခံရကြောင်း ထောက်ပြခဲ့သည်။ ဤသို့သော ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာက ပယ်ချရန်နှင့် စစ်အုပ်စုအား တရားဝင်မှု မပေးအပ်ရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ ပြည်သူများ အမြဲကြောက်ရွံ့နေရသည့် အခြေအနေတွင် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲက အကြမ်းဖက်မှုကို ပိုမိုကျယ်ပြန့်စေမည်သာဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်တပ်လှုပ်ရှားနေချိန် ပြည်သူဆန္ဒကို အဓိကထားရန် KIO/KIA သတိပေး   ဒီဇင် ၁၉ The Kaladan Post ပြည်သူလူထု၏ ပြင်းထန်ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်ရန် လုပ်ဆောင်နေသည့်အချိန်တွင် ပြည်သူလူထု၏ ဆန္ဒကို အဓိကအလေးထားရမည်ဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုလိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် ဩဂုတ်လက မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့ဖွဲ့စည်းကာ တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း၍ သုတေသန၊ နည်းပညာ၊ ပြည်သူ့ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း တမံဒီဇိုင်းရွေးချယ်ပြီးစီးကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသည်။ KIO/KIA အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ လတ်တလော တရားဝင်သဘောထားထုတ်ပြန် ထားခြင်း မရှိသေးသော်လည်း “ပြည်သူလူထုရဲ့ ဆန္ဒက အဓိကကျတော့ အလေးအနက်ထားဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက အလေးပေးပြောကြားခဲ့သည်။ စစ်တပ်အနေဖြင့် ကွန်ကရစ်မျက်နှာကျောက်ဖြည့်တမံ (CFRD) အမျိုးအစားဖြင့် တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးတွက်ခြေကိုက်အောင် ဆောင်ရွက်သွားမည်ဟု ကြေညာထားသော်လည်း ပြည်သူများ၏ ယခင်ကန့်ကွက်မှုများကို လျစ်လျူရှုပါက ပြဿနာများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။ နေပြည်တော်-မကွေး လမ်းပိုင်း စစ်တပ်ရိက္ခာယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သား ၂ ဦးသေ   ဒီဇင် ၁၉ The Kaladan Post မကွေးတိုင်း၊ နေပြည်တော်-မကွေးလမ်းပိုင်း မိုင်တိုင် ၂၂ အနီးတွင် အကြမ်းဖက်စစ်တပ်၏ ကား ၆ စီးပါ ရိက္ခာယာဉ်တန်းကို မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။...

Read More

ဒီဇင် (၁၈) သတင်းတိုပေါင်းချုပ်

ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ ရွေးကောက်ပွဲ မဲပေးရန် ဖိအားပေး ပြောဆို   ဒီဇင် ၁၈ The Kaladan Post ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ပူတာအိုတပ်နယ်များတွင် ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များက တွေ့ဆုံပွဲများအတွင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လာမည့် ရွေးကောက်ပွဲတွင် လူငယ်များနှင့် ပြည်သူများ မဖြစ်မနေ ဆန္ဒမဲ ပေးကြရန်နှင့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲနိုင်သူ၊ ဒို့တာဝန် အရေးသုံးပါး စောင့်ထိန်းသူ၊ လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေး အမြင်ရှိသူများကိုသာ ရွေးချယ်မဲပေးကြရန် အမိန့်ပေး ပြောဆိုခဲ့သည်။ ယင်းသို့ ပြောဆိုမှုများသည် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲကို လူထုထောက်ခံမှု ရရှိစေရန် ရည်ရွယ်သည်ဟု ယူဆရသည်။ အလားတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခင်က Non-CDM ဝန်ထမ်းများအား တပ်မတော်နှင့် သဟဇာတဖြစ်စွာ လက်တွဲနိုင်သူများကို ရွေးချယ်မဲပေးရန် ဖိအားပေး ပြောဆိုခဲ့ဖူးသည်။ လာမည့် ဒီဇင်ဘာ ရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်မှုကို တရားဝင်မှု ပေးအပ်ရန် ရည်ရွယ်သည်ဟု ဝေဖန်မှုများ ရှိနေချိန်တွင် အဆိုပါ အမိန့်ပေး ပြောဆိုမှုများက ပြည်သူများအပေါ် ဖိအားများ ပိုမိုများပြားလာစေမည်ဖြစ်သည်။ ဝက်လက်မြို့နယ် ဆည်တောရွာကို စစ်တပ် လေကြောင်းဗုံးကြဲ၊ ပြည်သူ ၄ ဦးသေဆုံး၊ နေအိမ်များ မီးလောင်ပျက်စီး   ဒီဇင် ၁၈ The Kaladan Post စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆည်တောရွာကို...

Read More

လှိုင်မြို့နယ်ရှိ စစ်တပ်ရဲကင်းစခန်းတိုက်ခိုက်ခံရပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု တော်လှန်ရေး တပ်ပေါင်းစု UG သတိပေး

  ဒီဇင် ၁၈ The Kaladan Post ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ အကြမ်းဖက် မင်းအောင်လှိုင်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေ ရဲစခန်းကို တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး အဆိုပါတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့က လှိုင်မြို့နယ် ရဲစခန်းဂိတ်ကိုတိုက်ခိုက်ခဲ့တာပါ ဒီဂိတ်ကို ၄ယောက်ခန့်နဲ့ ပုံမှန်ကင်းထိုင် တာဖြစ်ပါ်တယ် ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်တွေထိခိုက်မှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါ ဒီတိုက်ခိုက်မှုအတွက် ၂ပတ်လောက်အချိန်ယူစောင့်ကြည့်ပြီးမှ သေချာလုပ်ဆောင်ထားတာဖြစ် တဲ့ အတွက် စစ်တပ်ထိခိုက်မှု ရာခိုင်းနှုန်း များပါတယ်ဟု The Kaladan Post သို့ ပြောဆိုသည်။ ဒီဖြစ်စဥ် ပြီးပီးချင်း တော်လှန်ရေးရဲဘော်တွေဟာ ဘေးကင်းစွာဆုန်ခွါနိုင်ကြပြီး တိုက်ခိုက်ခံ စစ်တပ်များသည် ယောက်ယှက်ခက်နေကြပြီး ဒီမနက်ကတည်းက ဘာမှမဖြစ်ခဲ့သလို ရုပ်ရှင်ရိုက်နေကြပြီး အစစ်အဆေး တွေ၊ လုံခြုံရေးတင်းကြပ်ထားကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထို့အပြင် ပြည်သူတွေ အနေဖြင့် စစ်တပ်ကျင့်ပမည့် တရားမဝင်ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့နှင့် တော်လှန်ရေး တပ်ဖွဲ့ မဟာမိတ် UG အနေဖြင့် တောက်လျှောက်တိုက်ခိုက်သွားဖို့ရှိနေသဖြင့် စစ်ကောင်စီစစ်သားတွေ နှင့် အနီးကပ်နေထိုင်ခြင်းမပြုဘဲ သူတို့နဲ့ဝေးရာမှာ နေထိုင်သွားကြပါရန် ရန်ကုန်တိုင်း၊ အနောက်ပိုင်း ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက တိုက်တွန်းထားပါသည်။ အဆိုပါတိုက်ခိုက်မှုကို အနောက်ပိုင်းခရိုင်( ပကဖ) ဦးဆောင်မှုဖြင့် ကြည့်မြင်တိုင်မြို့နယ်(ပကဖ)၊လသာမြို့နယ်(ပကဖ)နှင့် မဟာမိတ် Operation Flame (OF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသောနေရာများ တရားမဝင်ရွေးကောက်ပွဲနှင့် ဆိုင်သောပစ်မှတ်များအား ဆက်လက်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း...

Read More

ဒီဇင် (၁၇) သတင်းတိုပေါင်းချုပ်

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုကို TNLA နှင့် MNDAA ပြင်းပြင်းထန်ထန် ရှုတ်ချ   ဒီဇင် ၁၇ The Kaladan Post ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်အမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဆေးရုံအဆောက်အအုံ နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေခြင်းဖြစ်ကြောင်း TNLA နှင့် MNDAA က ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင်လည်း ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စုစည်းရာနေရာများနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ဗုံးကြဲခဲ့ရာ အရပ်သား အများအပြား ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ရာဇဝတ်မှုများကို အမြန်ဆုံး ရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အင်အားကြီးများက ကူညီဆောင်ရွက်ပေးရန် အဆိုပါအဖွဲ့နှစ်ဖွဲ့က တိုက်တွန်းထားသည်။ ယင်းမာပင်နှင့် မုံရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုး၊ ရွာများမီးရှို့...

Read More
en_USEnglish