Author: Salai

CDF-Mara ဌါနချုပ် ဝင်စီးရန် MDF+AA တပ်ဖွဲ့များ စစ်ကြောင်းထိုးဟုဆို

—————————————————————- ဇူလိုင် ၆ The Kaladan Post MDF +AA တပ်ဖွဲ့ များသည် အောက်လာအိုကျေးရွာမှ အင်အားအလုံးရင်းဖြင့် တက်လာပြီး CDF-Mara ဌါနချုပ် ဝင်စီးရန် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အထက်လာအိုကျေးရွာနားရှိ CDF-Mara စခန်း နှင့် ၁မိုင်ခန့် အကွာအထိ ထိုးစစ်ဆင်လာကြောင်း CDF-Mara ၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သပ်ပြီး CDF-Mara ၏ စစ်ဘက်ဆိုင်ရာအတွင်းရေးမှူးက “ MDF+AA တပ်ဖွဲ့ များသည် ကျွန်တော်တို့ ထိန်းချုပ်နေမြေတွေကိုသိမ်းပိုက်ခြင်လို့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက်နေ့ ကနေစတင်စစ်ကြောင်းထိုးတာဖြစ်ပါတယ် ပြီးတော့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့တွင် အထက် လာအို ကျေးရွာသား နွားနောက်ကြောင်းတဲ့သူကို ဖမ်းဆီးထိန်သိမ်းခဲ့ပါ သေးတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ယခုစစ်ကြောင်းမှ MDFဘက်က အတတ်နိုင်ဆုံး လျှို့ဝှက်ထားတယ် ဒါပေမယ့် ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ဆုံစမ်းသိရှိသလောက်ဆိုရင် AA တပ်ဖွဲ့ ၂၀ခန့်ပါဝင်တယ် AA တပ်ဖွဲ့ဝင်များသည် ယခင်က မာရာဒေသ၌ အင်အား ၃၀၀ကျော်နေထိုင်ခဲ့ပြီး လက်ရှိမှာ ၁၀၀ ဝန်းကျင် ကျန်သေးတယ် ပြီးတော့ ကျွန်တော်တို့ ထုန်ပြန်ချက်အတိုင်း နောက်ပြန်မဆုတ်ဘဲ ဆက်လက်စစ်ကြောင်းထိုးလာပါက အချင်းချင်းကြား ထိတွေ့မှုဖြစ်ပွားပြီး စစ်ကောင်စီတော်လှန်ရေးကို အနောက်ကနေ ထောက်ပံ့ပေးနေသော ပြည်သူတွေကို အနည်းနဲ့ဲ့များ ထိခိုက်မှာ ဖြစ်ပြီး တော်လှန်ရေးကို နှောင်းနှေးစေတာဘဲ အဖတ်တင်မယ် ဟု ဆက်လက်ပြောဆိုသည်။ ဒီဖြစ်စဥ်တွေနှင့် ပတ်သက်ပြီး MDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဒီထုတ်ပြန်ချက်ဟာ လုံးဝမှန်ကန်မှု မရှိပါဘူး ကျွန်တော်တို့ဟာ မိမိတို့ထိန်းချုပ်နေမြေတွေကို လုံခြုံမှုရှိအောင် ကိန်းလှည့်တာဘဲရှိပါတယ် ပြီးတော့ အထက်လာအိုကျေးရွာသားကိုတော့ ကိန်းလှည့်ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့လို့ စစ်ဆေးခဲ့တာတွေရှိ ပေမယ့် သူတို့ပြောသလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာမရှိပါဘူး” လို့ ငြိမ်းဆိုခဲ့ပါသည်။ ချင်းပြည်တွင်ကြုံတွေ့နေသော အချင်းချင်းကြား စစ်ရေး၊ နိုင်ငံရေး ပြသနာများအား ကျော်လွှားနိုင်ရန် မီဇိုးရာမ်ပြည်နယ် ဝန်ကြီးချုပ်မှ တာဝန်ယူပြီး ငြိမ်းချမ်းရး ဖော်ဆောင်နေဖြစ်တာ ဖြစ်သောကြောင့် ပြန်လည်သင့်မြတ်ရေးအတွက် စစ်ရေးပွတ်တိုက်မှု မဖြစ်ပွါးအောင် ထိုးစစ်များ ရပ်တန့်ပြီး ပြန်လည်ဆုတ်ခွါသွားရန်နှင့် ပြန်လည်ဆုတ်ခွါခြင်းမပြုပဲ ပစ်ခတ်မှုရှိလာပါက မိမိတို့ တာဝန်သာ ဖြစ်မည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင်...

Read More

ဇူလိုင် (၅) သတင်းတိုကဏ္ဍ

၁။ ထိုင်း-မြန်မာနယ်စပ်တွင် KNLA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန် ဇူလိုင် ၅ The Kaladan Post ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် KNLA ပူးပေါင်းတပ်များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်ကောင်စီ၏ Y-12 လေယာဉ်များသည် ထီသဲလယ်စခန်းအနီးသို့ ဗုံး ၈ လုံး ကြဲချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇူလိုင်လ ၃ ရက်မှစ၍ ဝေါလေ၊ ဥကရစ်ထ နှင့် ထီသဲလယ်စခန်းများကို KNLA က ပိတ်ဆို့တိုက်ခိုက်နေသည်။ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒရုန်းဖြင့်လည်း ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။ တိုက်ပွဲများကြောင့် မြန်မာစစ်ဘေးရှောင် ၃၀၀ ခန့် ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းဘက်က ကူညီထောက်ပံ့ပေးနေသည်။ ထိုင်းစစ်တပ်သည် နယ်စပ်တွင် လုံခြုံရေး တိုးမြှင့်ထားပြီး စောင့်ကြည့်နေသည်။ KNU သည် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ရန် စစ်ကောင်စီ၏ စခန်း ၃ ခုသာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်။ ယခင်က စစ်ကောင်စီ၏ စခန်းများစွာကို KNU က သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။       ၂။ ဖားကန့်တွင် တိုက်ပွဲများ ပြင်းထန်ပြီး ပြည်သူများ ညတွင်းချင်း စစ်ဘေးရှောင်ရ ဇူလိုင် ၅ The Kaladan Post ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်များ၏...

Read More

အာဏာဖြင့် စရိုက်စစ်မှန်မှု စမ်းသပ်ခံနေရသော တော်လှန်ရေးခေါင်းဆောင်များ

ဇူလိုင် ၅ The Kaladan Post “လူတိုင်းနီးပါး ဒုက္ခတွေကို ခံနိုင်ရည်ရှိကြပေမဲ့ လူတစ်ယောက်ရဲ့ စရိုက်စစ်မှန်မှုကို စမ်းသပ်ချင်ရင် သူ့ကို အာဏာပေးကြည့်ပါ” ဟူသော ဆိုရိုးစကားသည် မြန်မာ့လက်ရှိနှင့် အနာဂတ်ခေါင်းဆောင်များအပေါ် ကျရောက်နေသည့် ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး လက်ရှိ မြင်တွေ့နေရသော ရလဒ်များမှာမူ ရင်လေးဖွယ်ရာ ဖြစ်နေပါသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော ပဋိပက္ခတွင် နယ်မြေပြဿနာကို လက်နက်ဖြင့် ဖြေရှင်းသည့်နည်းလမ်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။ အစောပိုင်း ကာလများတွင် ရိုးသားစွာဖြင့် တော်လှန်ရေး၌ ပါဝင်ခဲ့ကြသူများပင် အချိန်ကြာလာသည် နှင့်အမျှ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ကို တစ်စုတစ်စည်းတည်း ကိုင်တွယ်လာကြသည်။ မင်းအောင်လှိုင်နှင့် သူ၏အပေါင်းအပါများမှာ အာဏာသိမ်းသည့် အချိန်ကတည်းက အာဏာ၏အရသာကို ငမ်းငမ်းတက် မက်မောခဲ့ကြသည်မှာ ထင်ရှားပြီး ဖြစ်၍ ပြည်သူလူထုက ၎င်းတို့အား “အာဏာရူးအုပ်စု” အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် တော်လှန်ရေးအင်အားစုများဘက်၌လည်း အာဏာနှင့် ထိတွေ့လာသည့်အခါ ပြဿနာများ ပေါ်ပေါက်လာသည်ကို မြင်တွေ့နေရသည်။ ဤအချက်က တော်လှန်ရေးကို ဦးဆောင်နေသူ တစ်ဦးချင်းစီ၏ စရိုက်စစ်မှန်မှုကို အာဏာဖြင့် စမ်းသပ်ရာတွင် အောင်မြင်မှု နည်းပါးနေသည်ကို ဖော်ပြနေပါသည်။ လက်နက်အင်အားကို အခြေခံသည့် “လက်နက် အားကြီးလျှင် အာဏာကျယ်ပြန့်မည်” ဟူသော အတွေးအခေါ်ကြောင့် တော်လှန်ရေး၏ မူလ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင်စနစ် ဖြုတ်ချရေးသည် ဒုတိယဦးစားပေး ဖြစ်သွားမည် ကို စိုးရိမ်ဖွယ်ရာ ဖြစ်လာပါသည်။ နယ်မြေအငြင်းပွားမှုများ ရှုပ်ထွေးလာခြင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊...

Read More

ငါန်းဇွန်နှင့် မြို့သာအကြား ရိက္ခာပို့စကစ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃၀ခန့် သေဆုံး

  ဇူလိုင် ၅ The Kaladan Post ဇူလိုင်လ ၃ ရက်နေ့ နံနက် ၇ နာရီ ၁၉ မိနစ်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံသွား ကား လမ်း၊ ငါန်းဇွန်နှင့် မြို့သာအကြား တစ်နေရာတွင် စစ်ကောင်စီ၏ လက်နက်ကျည်ရိက္ခာပို့ စစ်ယာဉ်တန်း နှင့် စစ်ကြောင်းကို Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံး တပ်ပျက် သွားပြီး စစ်ကြောင်းမှူး အပါအဝင် စစ်သား ၃၀ ဦးခန့် သေဆုံးသွားကြောင်း  Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ ၏  ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ တပ်ရင်းမှူး ကို သက်ကြီး က “ ဒီစစ်ကောင်စီ စစ်ကြောင်းမှာက အင်အား ၁၅၀ခန့် ပါဝင်တဲ့ ရိက္ခာပို့ စစ်ကြောင်းတိုက်ခိုက်တာဖြစ်ပါတယ် စစ်ကောင်စီဘက်မှ MA 1 ၂လက်၊ MA 3 ၁လက်၊ MA 11 ၊ 5.5 ကျည် ၁၈၀၀ ခန့် နှင့် ကားတစ်စီး  အပါအဝင် တခြား အစားအသောက်များစွာကိုပါ သိမ်းစည်း ခဲ့ပါတယ် လို့ “ The Kaladan Post သို့ပြောဆိုသည်။ တိုက်ပွဲ့အတွင်း ဖမ်းဆီးရမိသော စကစ ၄ဦးအနက် တစ်ဦး သည် စစ်မှူးထမ်းဥပဒေကြောင့် ဖမ်းဆီးခံရမှုကြောင့် စစ်ကောင်စီတပ်ထဲသို့ ရောက်နေတာဖြစ်ပြီး သူသည်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို ဘက်ပြောင်းခိုလှုန်လာသလိုဖြစ်ကြောင်းသိရပါသည်။ ကျန်တဲ့ တပ်ကြပ်ကြီး နှင့် ရဲဘော်နှစ်ယောက်ကိုတော့ စစ်ဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာ ခရိုင်ကွက်ကဲရေးရုံးကို အပ်နှံမည်ဖြစ်ပါသည်။ ထို့အပြင် စစ်ကောင်စီ အင်အား ၁၅၀ခန့် တပ်ပျက်ခဲ့သော် လည်း ပြည်သူတွေအတွက် စိုရိမ်စရာမရှိကြောင်းနှင့် ဒေသတွင်း လုံခြုံ ရေးအတွက် ပြည်သူံကာကွယ်ရေးတပ်မတော်တွေဘက်က သိအောင်တစ်မျိုး မသိအောင်တစ်မျိုး မြို့ပြ ပျောက်ကျားစနစ်နှင့် ကျေးလက် ပြောက်ကျားစနစ် ပုံစံနေထိုင်ပြီး ပြည်သူတွေလုံခြုံရေးကို တာဝန်ယူ လှုပ်ရှားသွားလာနေတာ ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ပြည်သူတွေအနေနဲ့ လေကြောင်းကိုသာ အစဉ်သတိထားရန်လိုအပ်ပါတယ်ဟုသိရသည်။ အဆိုပါ တိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၊ မန္တလေးခရိုင်တပ်ရင်း ၅ နှင့် ဒေသ ပြည်သူကာကွယ်ရေးတပ် များ က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဒါ့အပြင် Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းချိန်တန်ပြီဟု စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား ဖိအားပေး အသိပေးနေတဲ့တပ်ဖွဲ့...

Read More

MBT တပ်ဖွဲ့သည် တောင်ပိုင်းစစ်ဒေသမှ သေနတ်သုံးလက် လက်ဆောင်ရရှိ

  ဇူလိုင် ၄ The Kaladan Post ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့တွင် Myingyan Black Tiger တပ်ဖွဲ့သည် ကျားမဲဟိန်းသံမြို့သို့ညံကမ်ပိန်းမှ ရရှိငွေဖြင့် လက်နက်တစ်ချို့ ဝယ်ယူပြီဖြစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသမှ သေနတ်သုံးလက် လက် ဆောင်ရရှိထားကြောင်း ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး Myingyan Black Tiger ၏ တာဝန်ခံ ဗိုလ်မိုက်ခဲက “ ကျွန်တော်တို့တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးကူညီ ဆောင်ရွက်နေတာတွေမရှိသေးပါဘူး ဒါပေမယ့် ဆက်စံရေးတစ်ချို့ တော့ရှိနေပါတယ် ကျွန်တော်တို့ မူပေါ်လစီမှာ အဓိကအားဖြင့် မည်သည့်တော်လှန်ရေးတပ်ဖွဲ့နဲ့မဆို ပူးပေါင်းကာ စစ်အာဏာရှင်ကို တိုက်ခိုက်သွားဖို့ရှိပါတယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ မြောက်ပိုင်းဒေသနှင့် တောင်ပိုင်း ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း လှုပ်ရှားခွင့်ရမည် ဆိုင်ရင် MBT တပ်ဖွဲ့အနေနဲ့  စစ်အာဏာရှင် ကို အတူတကွ တိုက်ခိုက်လိုကြောင်း သိရသည်။ Myingyan Black Tiger တပ်ဖွဲ့အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့တချို့နှင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး ကျန်နေသေးသော တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို လုပ်နေတာဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး  ၁၀၀ရာခိုင်နှုန်း လွတ်မြေက် စေလိုသော ဆန္ဒရှိသဖြင့် Myingyan Black Tiger တပ်ဖွဲ့ထက် စစ်ရေးတတ်ကျွမ်းတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လိုစိတ်ရှိကြောင်း တပ်ဖွဲ့ရဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ဆက်လက်ပြောဆိုသည်။ Myingyan Black Tiger(MBT)တပ်ဖွဲ့ဟာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ရေးပြင်ဆင်နေတာဖြစ်ပြီး လိုအပ်နေတဲ့ အဝေးပစ်လက်နက်တွေ၊ ဘန်ကာဖြိုချဖို့ လက်နက် ကြီးတွေ အတော်အသင့်ပြည့်စုံပေမယ့် အဓိကချေမှုန်းရေး ကွန်မန်ဒို အသေခံတပ်ဖွဲ့တွေအတွက် ကျည်ကာ Level 4အဆင့် အစုံ၅၀၊ ကျည်ကာ ဦးထုတ်အလုံး ၅၀နှင့် AK47 ရိုင်ဖယ် ၅၀လိုအပ် နေသောကြောင့် “ကျားမဲဟိန်းသံမြို့သို့ညံ” သိန်း၇၀၀၀ ကမ်ပိန်းကို ၂၀၂၅ခုနှစ်၊ ဇွန် ၅ရက်နေ့မှ စပြီး ဩဂုတ် ၅ရက်နေ့ အထိ ၂လတာ ကမ်ပိန်းကို ခေါ်ယူနေချိန် ဖြစ်ပါသည်။...

Read More
en_USEnglish