Author: Salai

ဇန်နဝါရီလ (၁၆) ရက် သတင်းတိုပေါင်းချုပ်

ချောင်းဦးနှင့် ဘုတလင်မြို့နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှု၊ စစ်သား ၂ ဦးသေဆုံး ဇန်န ၁၆ The Kaladan Post ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့များအတွင်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားသော အမှတ်(၇) စာသင်ကျောင်းကို တိုက်ခိုက်ခဲ့ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF (စစ်ဒေသ-၃) က ထုတ်ပြန်သည်။ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် မြို့ပေါ်ရှိ မဲရုံနှင့် စစ်တပ်စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းတွင် ၆၀ မမ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ paramotor၊ gyrocopter၊ Point 5 လက်နက်ငယ်များနှင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ အဆိုပါ စာသင်ကျောင်းတွင် စစ်တပ်အင်အား ၂၀၀ ခန့်ရှိပြီး မဲရုံအဖြစ်လည်း အသုံးပြုနေသဖြင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF (စစ်ဒေသ-၃) မှ ဦးဆောင်ကာ မဟာမိတ်အဖွဲ့များဖြစ်သည့် မုံရွာခရိုင်တပ်ရင်း ၄ – ခွဲ(၂)၊ မုံရွာခရိုင်ပကဖ (ရေနဂါး) တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်သား ၃...

Read More

“တော်လှန်ရေးသက်လုံ၊ ရွေးကောက်ပွဲထောင်ချောက်နှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ- ဆရာမခင်လေးနှင့် တွေ့ဆုံခြင်း”

မေးမြန်းသူ – RAIN ဖြေဆိုသူ – Sayama Khin Lay ၊ Women’s Advocacy Coalition – Myanmar   RAIN –  မိဘပြည်သူများအားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ အင်တာဗျူးမှာတော့ Women Advocacy Coalition မြန်မာရေးအဖွဲ့ဝင် ဆရာမခင်လေးနဲ့ တော်လှန်ရေးအပေါ်မှာ သဘောထားအမြင်တွေကို ဆွေးနွေးတင်ပြသွားမှာပဲ ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါ ဆရာမ။   Sayama Khin Lay –  မင်္ဂလာပါရှင်။   RAIN –  ဟုတ်ကဲ့ပါ အခုလိုမျိုး The Kaladan Postကို အချိန်ပေးပြီးတော့ လာရောက် ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင်။   Sayama Khin Lay –  ဟုတ်ကဲ့ပါ။   RAIN –  ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်မတို့ မြန်မြန်ဆွေးနွေးခြင်း အစီအစဉ်ကို ဆက်လက် ပြီးတော့မှ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဆိုတော့ ပထမဦးဆုံးအနေနဲ့ ဒီ နွေဦးတော်လှန်ရေးရဲ့ အနာဂတ်ပေါ့နော် ဆရာမအနေနဲ့ ဘယ်လိုတွေ ခြုံငုံသုံးသပ်ထားလဲ။ ပြီးတော့မှ ဒီ ဆရာမအနေနဲ့ ပေါ့နော် အမျိုးသမီးတစ်ဦးအနေနဲ့ရော ဒီတော်လှန်ရေးကြီးထဲမှာ တက်တက် ကြွကြွ ပါဝင်နေရတဲ့အပေါ်မှာ ဆရာမရဲ့ ခံယူချက်လေးနဲ့ အမ်...

Read More

ဇန်နဝါရီလ (၁၅) ရက် သတင်းတိုပေါင်းချုပ်

ရွေးကောက်ပွဲကော်မရှင်ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတွေ့ဆုံမှုဖြင့် PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ဖမ်းဆီးကြောင်း စစ်ကောင်စီ ထုတ်ပြန် ဇန်န ၁၅ The Kaladan Post ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင် တို့သည် ကော်မရှင်ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့သဖြင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖမ်းဆီးကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် သည်။ ထိုတွေ့ဆုံမှုကို တိုင်ကြားချက်ရရှိပြီး ဝန်ခံထားသောကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အရေးယူမည်ဟု ဆိုသည်။ ထို့ပြင် ပြည်ပမှ ငွေကြေး၊ ပစ္စည်း သို့မဟုတ် အကူအညီများ လက်ခံပါက ပါတီဖျက်သိမ်းအထိ အရေးယူနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ အရေးယူမှုနောက်ခံတွင် ဒေါ်သက်သက်ခိုင်အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲစီမံမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလက အင်တာဗျူးတစ်ခုတွင် ပြင်းထန်စွာ ဝေဖန်ခဲ့မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု လူထုထဲတွင် ကျယ်ပြန့်စွာ ယုံကြည်မှုရှိနေသည်။ ထိုအင်တာဗျူးတွင် စစ်တပ်ကို ပါတီတစ်ခု၏ လက်ကိုင်တုတ်ဖြစ်စေလိုခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲဥပဒေများကို စစ်ဗိုလ်ချုပ်များက စိတ်တိုင်းကျ ရေးသားခဲ့ကြောင်း စသည်ဖြင့် ဝေဖန်ရေးသားခဲ့သည်။ မင်းကင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ရပြီး စစ်သား ၅ ဦး သေဆုံး ဇန်န ၁၅ The Kaladan Post စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ယနေ့...

Read More

“ရခိုင်တိုက်ပွဲအရှိန်နှင့် မြန်မာ့တော်လှန်ရေးအလှည့်အပြောင်း- အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးသလဲ” The Kaladan Post/ Episode – 020

မေးမြန်းသူ – ဆလိုင်းဒိုခါရ် ဖြေဆိုသူ – Ko Ting Oo၊ Former General Secretary of All Arakan Students’ and Youths’ Congress (AASYC)   ဆလိုင်းဒိုခါရ် – အားလုံးပဲ မင်္ဂလာပါ။ ဒါ ကျွန်တော်တို့ The Kaladan Post ရဲ့ အပတ်စဉ် တင်ဆက်နေကျ Exclusive Interview ကို အမြဲတမ်း ကြည့်ရှုပေးတဲ့ မိဘပြည်သူများခင်ဗျာ။ ဒီတစ်ပတ်ကတော့ ကျွန်တော်တို့ ဒီ ရခိုင်ပြည်နယ်ဘက်က All Arakan Student and Youth Congress (AASYC) ရဲ့ အတွင်းရေးမှူးဟောင်း ကိုတင်ဦးနဲ့ အင်တာဗျူးထိုင်ပေးဖို့ ကျွန်တော် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးမယ့်အကြောင်းအရာကတော့ ပုံမှန်အတိုင်းပါပဲ။ လက်ရှိ နောက်ဆုံး ရခိုင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေ၊ နောက်ဆုံးအခြေအနေနဲ့ ပြီးတော့ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးပေါ်မှာ ရခိုင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးအနေနဲ့ ဘယ်လိုမြင်သလဲဆိုတဲ့အခြေအနေရော။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ကို ဘယ်လိုမြင်သလဲဆိုတဲ့ အဲ့ဒီအမြင်သဘောထားတွေကို ကျွန်တော်တို့ ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဆိုတော့ ကိုတင်ဦးရေ အခုလို ကျွန်တော့်ကို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။   Ko Ting Oo – ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျ။ အခုလို ဒီ The Kaladan...

Read More

ဇန်နဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦး ရေးပြောက်ကျားတပ် (YGF) ထံ အလင်းဝင် ဇန်န ၁၄ The Kaladan Post မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာ အခြေစိုက် ခလရ ၂၉၉ တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းမှ တပ်သားတစ်ဦး စုစုပေါင်း သုံးဦး အမှတ်(၈၀၀၁) တပ်ရင်းထံ အလင်းဝင် ရောက် ခဲ့ကြောင်း ရေးပြောက်ကျားတပ် (YGF) က ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများမှာ တပ်သား ကျော်ဇင်ကို၊ တပ်သား ဝင်းမိုးကျော်နှင့် တပ်သား သန့်ထွေးအောင် တို့ ဖြစ်ပြီး သူတို့သည် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများ ဖြစ်ကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဉ်(၁၆) မှ ဆင်းသက်သူများ ဖြစ်ကြောင်းသိရသည်။ ခလရ ၂၉၉ မှ တပ်သားနှစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင်လည်းကောင်း၊ စကခ(၁၉) မှ တပ်သားတစ်ဦးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင်လည်းကောင်း အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ တပ်သားများသည် လွန်ခဲ့သည့် ၆ လခန့်က ဖမ်းဆီးခံခဲ့ရပြီး မွန်ပြည်နယ်မှ နှစ်ဦး၊ ပဲခူးတိုင်းမှ တစ်ဦး ပါဝင်ကြောင်း သိရသည်။ အလင်းဝင်လာသူများသည် နည်းဗျူဟာ ၃၃ မှ တစ်ဆင့် YGF အမှတ်(၈၀၀၁) တပ်ရင်းသို့ ချိတ်ဆက်ပြီး ဝင်ရောက်ခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြောဆိုသည်။ အလင်းဝင်ရောက်လာသူများအား...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish