နွေဦးတော်လှန်ရေးကာလ လွဲမှားနေသော အုပ်ချုပ်ရေးအယူအဆများ
နိုဝင် ၈ The Kaladan Post နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူလူထု၏ သာယာဝပြောရေးနှင့် တောက်ပသည့် ဒီမိုကရေစီအနာဂတ်အတွက် ခိုင်မာကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုသည် အသက်သွေးကြောပင်ဖြစ်သည်။ မြန်မာ့အုပ်ချုပ်ရေးသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ဘုရင်ခေတ်မှ ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီခေတ်၊ တပ်မတော်အစိုးရခေတ်မှ ယနေ့ ပါတီစုံဒီမိုကရေစီခေတ် (နွေဦးတော်လှန်ရေးကာလ) အထိ အသွင်သဏ္ဌာန်များစွာ ပြောင်းလဲခဲ့သည်ကို တွေ့ရသည်။ ဤခေတ်အဆက်ဆက်မှ သင်ခန်းစာယူကာ ယနေ့ကြုံတွေ့နေရသည့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာ စိန်ခေါ်မှုများကို ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် မည်သို့ဖြေရှင်းကြမည်နည်းဟူသည်မှာ အရေးကြီးသော မေးခွန်းဖြစ်သည်။ အစိုးရအဖွဲ့သည် ဥပဒေပြုလုပ်ငန်း၊ အုပ်ချုပ်မှုလုပ်ငန်းနှင့် တရားစီရင်မှုလုပ်ငန်းများကို အာဏာသုံးရပ်ခွဲဝေ၍ ဆောင်ရွက်ရမည်ဟု ဂရိပညာရှင် ပလေတိုက ဆိုခဲ့သည်။ အုပ်ချုပ်ရေးဟူသည် ဆုံးဖြတ်ချက်များချမှတ်နိုင်သည့် လုပ်ပိုင်ခွင့် (Authority) ဖြစ်ပြီး ယင်းသည် ဥပဒေမှ ပေါက်ပွားလာသည်ဖြစ်စေ၊ အလိုအလျောက် ဖြစ်ပေါ်လာသည်ဖြစ်စေ အမိန့်ပေးခြင်း (Command) သဘောဖြစ်၍ မလုပ်လျှင်မနေရဟူသော သဘောသက်ရောက်သည်။ သို့သော် ဆွဲဆောင်ခြင်း (Persuasion) နှင့် အကြံပေးခြင်း (Suggestion) စသော သဘောများ ပါဝင်သော ဩဇာပေးခံရသူတွင် မလုပ်လျှင်မနေရဟူသော သဘောမရှိပေ။ စစ်မှန်သော ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်မှာ “လူတိုင်းလူတိုင်းသည် လူ့ဘဝ၊ လူ့ဇာတိ၊ လူ့အဖြစ်ကို အကြောင်းပြု၍ ရိုသေအပ်၊ လေးစားအပ်သူချည်းသာ ဖြစ်သည်။ မည်သူ့ကို မည်သူကမှ မထီမဲ့မြင် မလေးမစား မပြုအပ်၊ လူဆိုလျှင် တန်းတူချည်းဖြစ်သည်” ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အုပ်ချုပ်ရေး (Public...
Read More