အောက်တို (၂၇) သတင်းတို ပေါင်းချုပ်
ကြံ့ဖွတ်ပါတီ ပြိုင်ဘက်မရှိဘဲ လွှတ်တော်အမတ် ၂၈ နေရာ အလိုအလျောက်အနိုင်ရ အောက်တို ၂၇ The Kaladan Post စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) သည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒနယ် ၂၈ ခုတွင် ပြိုင်ဘက်မရှိဘဲ လွှတ်တော်အမတ်နေရာ ၂၈ နေရာ အလိုအလျောက် အနိုင်ရရှိခဲ့ကြောင်း ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။ ၎င်းနေရာများတွင် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၁၃ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ ပါဝင် သည်။ အနိုင်ရထားသော မဲဆန္ဒနယ်များတွင် ရွှေကူ၊ မံစီ၊ နောင်မွန်၊ မင်းကင်း၊ ကောလင်း၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဝန်းသို၊ ဆားလင်းကြီး၊ ရေဦး၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ဖယ်ခုံ၊ မက်မန်းနှင့် မိုးနဲ စသည့်မြို့နယ်များ ပါဝင်သည်။ စစ်တပ်၏ ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ရှိပါက ရွေးကောက်ပွဲကျင်းပရန်မလိုဘဲ ၎င်းကို အနိုင်ရသူအဖြစ် ကြေညာမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၀ ကျော်မှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော်ပါဝင်မည် ဖြစ်ပြီး၊ ကြံ့ဖွတ်ပါတီ၊ တစညပါတီ (၆၉၄ ဦး)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (၆၇၂ ဦး)၊ ကျားဖြူပါတီ (၅၈၄ ဦး)၊ ပြည်သူ့ပါတီ (၅၁၂ ဦး)၊ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ (၄၂၈ ဦး) နှင့် ဒေသဆိုင်ရာပါတီ...
Read More