ဇူလိုင် (၁) သတင်းတိုကဏ္ဍ
၁။ ဘုတ်ပြင်းနှင့် ပခုက္ကူတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၆ ဦးသေဆုံး ဇူလိုင် ၁ The Kaladan Post တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ဖက်ညှပ်တိုက်ခိုက်ရာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့သည်။ အင်အား ၉၀ ခန့်ပါ စစ်ကြောင်းနှစ်ခုက ချောင်းမွန်နှင့် ဝါးဒင်းကျေးရွာအကြား ဂိတ်ကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ ခန့် ပြန်လည်ခုခံခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။ ဤစစ်ဆင်ရေးကို KNLA တပ်ရင်း (၂၀၃)၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်း၊ S.O.F (PDF) နှင့် ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀:၃၀ ခန့်က ရိက္ခာပို့စစ်ကြောင်းနှင့် ကမ္မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ရော့ကတ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့သည်။ ရဲစခန်းအတွင်း ရော့ကတ် ၂ လုံးနှင့် အရှေ့ဘက်ဘန်ကာတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ စစ်ကောင်စီက ၆၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်။ ဇွန်လ ၂၇ ရက်ကလည်း ရော့ကတ်ဖြင့်...
Read More