Author: Salai

လောင်းလုံးမြို့နယ် အောက်ပိုင်းတွင် စစ်တပ်စစ်ကြောင်းများ ဆက်တိုက်ဖြစ်ပွားပြီး အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

  ဇန်န ၁၀ The Kaladan Post တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာများသို့ ထိုးစစ်ဆင်ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းနှင့် နွေဦးပြောက်ကျားတပ်ဖွဲ့အပါအဝင် ထားဝယ်ခရိုင်အတွင်း မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ အကြိမ်ကြိမ် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး နွေဦးပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ ကျော်ရှိပါတယ် လက်ရှိအချိန်တွင် အဆိုပါ စစ်ကြောင်းဟာ လောင်းလုံးမြို့ အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အပြီးသတ်ဆုတ်ခွာ မသွားသေးသတဲ့အတွက် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ကာ သတိရှိရှိ နေထိုင်ရန်နှင့် စစ်ကြောင်းနှင့် ဝေးဝေး ရှောင်ရှားရန် တိုက်တွန်း တောင်းဆိုထား ပါတယ် ဟု “ The Kaladan Post သို့  ပြောဆိုသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပါအဝင် အကြမ်းဖက် တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် ရေကြောင်းပစ်ကူများ အသုံးပြု ခဲ့ရာ ပြည်သူ့နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။ ဤကာလအတွင်း စစ်ကောင်စီ၏ ထိုးစစ်ကို နွေဦးပြောက်ကျားတပ်ဖွဲ့နှင့် ထားဝယ်ခရိုင်အတွင်း မဟာမိတ် တော်လှန်ရေး အင်အားစုများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ဦး မြင့်မြတ်စွာ...

Read More

ဇန်နဝါရီလ (၉) ရက် သတင်းတိုပေါင်းချုပ်

ဝက်လက်မြို့နယ်တွင် အမျိုးသမီး ၉ ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦး သေဆုံး ဇန်န ၉ The Kaladan Post စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူရွာတွင် ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ရှိမ်းမကားရွာ စစ်တပ်စခန်းမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဒေသခံ အမျိုးသမီး ၉ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သန္ဓေတားဆေး ထိုးပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်းမတ္တရာမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ယင်းနေ့တွင်ပင် မတ္တရာမြို့နယ် ပကဖနှင့် ရွှေဘိုခရိုင် တပ်ရင်း ၁၈ တို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခြင်း မရှိဘဲ စစ်ကြောင်း၏ စနိုက်ပါ၊ လက်နက်ကြီး ပစ်ကူနှင့် သံခွန်ပွိုင့်ဖိုက်တို့ကြောင့် ဆုတ်ခွာရ အခက်အခဲ ဖြစ်ခဲ့ကာ ရဲဘော်များ၏ ရုပ်အလောင်းများပင် ပြန်မယူနိုင်ခဲ့ကြောင်းသိရသည်။ ယင်းစစ်ကြောင်းသည် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ကာ ဝက်လက်မြို့နယ်အတွင်း လှုပ်ရှားနေပြီး အင်ဒေါင်းရွာတွင်လည်း အမျိုးသမီးများကို မုဒိမ်းကျင့်ကာ ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့်အပြင် ဇန်နဝါရီ ၃ ရက်တွင် ရွာသစ်ရွာကို ဝင်ရောက်စီးနင်း၍ နေအိမ် ၄...

Read More

မီးကောက်မင်ကျေးရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီး ၄ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

  ဇန်န ၉ The Kaladan Post ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ဇီးကုန်မြို့နယ်ရှိ မီးကောက်ကျေးရွာ ပျူးစောထီးအင်အား ၃၀ ခန့်ဖြင့် အထိုင်ချထားသော စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း YOMA GBK . PDF က ထုတ်ပြန်ထားသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး YOMA GBK . PDF တာဝန်ရှိသူတစ်ဦးက “ ကျွန်တော် တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ဘော်ဘင်ကျေးရွာ ပျူရွာဘတ် ကို ထက်မံ ထွက်ပြေးသွားကြတယ် ကျွန်တော်တို့ စခန်းသိမ်းပြီးချိန်မှာပဲ ဘော်ဘင်ကျေးရွာ ဘတ်ကနေ အင်အား ၇၀ ဝန်းကျင်လောက် ထပ်မံ စစ်ကြောင်း ထိုးလာပါတယ်ဗျ အစစ်ကြောင်းကိုလဲ ထပ်မံ တိုက်ခိုက်ပြီး ပြန်ဆုတ်ခဲ့ရပါတယ်ဗျ” ဟု The Kaladan Post သို့ပြောဆိုသည်။ ကျွန်တော်တို့သိမ်းနိုင်ခဲ့ မီးကောက်ပင်စခန်းဟာ စစ်ရေးဗျူဟာအရ ဇီးကုန်မြို့နယ် အတွက် စစ်တပ်အတွက် အမာခံ အသက်အသေခံပြီး ပြည်သူများအပေါ် ထင်တိုင်လုပ်နေတာတေ နောက်တခု မီးကောက်ပင်နဲ့ ဘော်ဘင်ဟာ ဇီးကုန်းမြို့နယ်အတွက် အရမ်းအရေးပါတယ် ပျူစောထီး အမာခံ ကျေးရွာတွေဖြစ် ကြောင်း တပ်ဖွဲ့၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ အခုလက်ရှိ စစ်ရေးအချိန်နေကတော တင်းမာနေဆဲပါပဲ စစ်တပ်ဖက်က တန်ပြန် စစ်ကြာင်း ထိုးဖို့ လုပ်နေတယ် ခွေးဘတ်က စစ်အင်အားတေလဲ ထက်မံ ဖြည့်နေကြောင်းသိရသည်။ အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း ပျူစောထီးနှင့် စစ်တပ်ဖက်က ၄ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။ ၎င်းတိုက်ပွဲကို ဗျူဟာ ၂၂ လက်အောက်ရှိ သာယာဝတီခရိုင် တပ်ရင်း ၉(၁) တပ်ခွဲ-၁ YOMA GBK . PDF တပ်ဖွဲ့မှ ဦး ဆောင်ပြီး တပ်ခွဲ(၅) သာယာဝတီခရိုင် တပ်ရင်း (၂) တပ်ခွဲ-၁ သာယာဝတီခရိုင် တပ်ရင်း (၂) BTZM GBK တပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖ သာယာဝတီခရိုင် ဒရုန်းတပ်ဖွဲ့ ဇီးကုန်မို့နယ် ပကဖတို့က မဟာမိတ်အဖြင့် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပြည်သူများအပေါ် အတင်းအဓမ္မမဲထည့်ခိုင်းခြင်း မတရားစစ်မှုထမ်း ငွေကျေးကောက်ခံခြင်းနှင့် ပြည်သူများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းများကြောင်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါတပ်ဖွဲက ပြောဆိုသည်။ ပြည်သူများအနေဖြင့် ပျူစောထီးများ စစ်ကောင်စီတပ်များနှင့် အသွားအလာ ရှောင်ကြည်ကြရန် တပ်ဖွဲ့က...

Read More

ဇန်နဝါရီလ (၈) ရက် သတင်းတိုပေါင်းချုပ်

ပခုက္ကူမြို့နယ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး ဇန်န ၈ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူမြို့၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်း စက်မှုဇုန်နယ်မြေတွင် ဇန်နဝါရီ ၆ရက် မွန်းလွဲ ၁၂ နာရီခန့်က စစ်ကောင်စီ တပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးများ ပူးပေါင်း ဆက်ကြေးကောက်ခံနေသော စစ်ဆေး ရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ထုတ်ပြန်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ စနိုက်ပါနှင့် ၄၀ မမ ဗုံးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေး ရဲဘော်များ က ယာယီ ဆုတ်ခွာခဲ့ရပြီး ရဲဘော်ဘက်တွင် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်းက ပြောဆိုသည်။ အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်း၊ ANYAR AYEYAWADDY REVOLUTION FORCE (AARF) နှင့် GOLDEN EAGLE (PDF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူများအပေါ် ဆက်ကြေးကောက်ခံ၍ ဖိနှိပ်နေသော စစ်ကောင်စီ ဂိတ်များကို ဆက်လက် တုံ့ပြန်သွားမည့်ဟု တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုကြသည်။ တောင်သာမြို့ စစ်တပ်ဝန်ထမ်းအိမ်ရာ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး ဇန်န...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish