The greatest challenge the revolution faces is the military’s so-called general election.
The greatest challenge the revolution faces is the military’s so-called general election.
Read MoreJan 12, 2026 | English Interview | 0 |
The greatest challenge the revolution faces is the military’s so-called general election.
Read MoreJan 12, 2026 | Daily News | 0 |
ဖြူးနှင့် ထန်းတပင်မြို့နယ်များတွင် စစ်တပ်တိုက်ခိုက်ခံရပြီး ခရိုင်ဒု-ညွှန်ကြားရေးမှူး အပါအဝင် ၃ ဦး သေဆုံး ဇန်န ၁၂ The Kaladan Post ပဲခူးတိုင်း စစ်ဌာနချုပ်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ လက်အောက်ခံ တပ်ရင်းများနှင့် ဒေသန္တရပကဖ တပ်ဖွဲ့များ ပူးပေါင်း၍ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ စစ်ကောင်စီ ဂိတ်စခန်း၊ ထွေ/အုပ်ရုံးနှင့် ရဲစခန်း များကို ယနေ့ ဇန်နဝါရီ ၁၁ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန် သည်။ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ဆာဂွန်း ဂိတ်အထိုင်စခန်း ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည့်အပြင် ထန်းတပင်မြို့နယ်ရှိ စစ်တပ် ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဖော်ဆောင်ရေး အထွေထွေ အုပ်ချုပ်ရေးရုံးကို တိုက်ခိုက် စဉ် အစည်းအဝေးလုပ်နေသည့် ခရိုင်ဒု-ညွှန်ကြားရေးမှူး ၁ ဦး သေဆုံးပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ အ များအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် ထန်းတပင်မြို့နယ် ရဲစခန်းကို တိုက်ခိုက် ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပဲခူးခရိုင် တိုင်းစစ်ဌာနက ပြောဆိုသည်။ မင်းလှမြို့နယ်တွင် ရွေးကောက်ပွဲ လုံခြုံရေးယူနေသည့် စစ်သားများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာရှိ ခမရ ၁၀ တပ်ရင်းကို လည်း...
Read MoreJan 11, 2026 | Daily News | 0 |
ဂန့်ဂေါခရိုင်တွင် ပျူစောထီးကျေးရွာ နှစ်ရွာ သိမ်းပိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၄၂ ဦး သေဆုံး ဇန်န ၁၁ The Kaladan Post မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသည့် ပျူစောထီး ကျေးရွာ နှစ်ရွာကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန် သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ခဲ့သော Yawland Operation စစ်ဆင်ရေးအတွင်း ဝင်ဝ ပျူစောထီးရွာ၊ ရွှေမြစ်သာရွာ အပါအဝင် ပျူစောထီးကျေးရွာများနှင့် စစ်စခန်းများကို တပြိုင်နက်ထိုး စစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စုစုပေါင်း ၄၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိကြောင်း သိရသည်။ တိုက်ပွဲများအတွင်း G3 သေနတ် ၄ လက်၊ ကာဘိုင် ၂ လက်၊ ခါးချိုး ၂ လက်၊ Jumber ၁ လုံး အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိ ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ဝင်ဝရွာသိမ်းပွဲတွင် လက်နက် ၆ လက်ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှု များပြားခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် ရဲဘော် တစ်ဦးက ပြောဆိုသည်။ ဒေသခံပြည်သူများကို လုံခြုံရာသို့ ကြိုတင်ရွှေ့ပြောင်းထားပြီး ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ခံ...
Read MoreJan 10, 2026 | English Interview | 0 |
If we look at our neighbours India, Thailand, and China, to be honest, none of their responses are something that we revolutionary groups find particularly satisfactory.
Read MoreJan 10, 2026 | Daily News | 0 |
ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွင် PDF နှင့် KNLA ပူးပေါင်းတပ်များ စစ်ကောင်စီ စခန်း ၁၄ ခု တိုက်ခိုက်သိမ်းပိုက် ဇန်န ၁၀ The Kaladan Post ပဲခူးတိုင်း၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်တောင်းမြစ်ဝှမ်းဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF) လက်အောက်ခံ တပ်ရင်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၉) တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ဂိတ်စခန်းနှင့် ကင်းစခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တောကျွဲအင်းမြို့ (အောင်မြင်မြို့) အပါ အဝင် နေရာများကို ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်သည်။ တိုက်ခိုက်သည့် နေရာများတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်နှင့် ကျွဲပွဲ ကြား စည်ပင်သာကျေးရွာဂိတ်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့ မီးရထားတံတားကင်းစခန်း နှင့် တောကျွဲအင်းမြို့အတွင်း ရဲစခန်း၊ ဘူတာဂိတ်များ ပါဝင်ကြောင်းသိရသည်။ တိုက်ပွဲအတွင်း စစ်တပ် ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းများ အမြောက်အများ သိမ်းဆည်းရရှိခဲ့သည်ဟု PDF ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တောကျွဲ အင်းမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်တပ်၏ အုပ်ချုပ်ရေးအဆောက်အအုံများ၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် နယ်မြေရဲစခန်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရဲစခန်းအတွင်း မတရားဖမ်းဆီးချုပ်နှောင် ထားသည့် ပြည်သူ ၈ ဦးကို စိစစ်လွှတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ ဤစစ်ဆင်ရေးကို ဗျူဟာ(၂၃) လက်အောက်ခံ တပ်ရင်း ၃၅၀၂၊ ဗျူဟာ(၂၄) လက်အောက်ခံ P27803 အာဠာဝက တပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊ P29903 နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၅) လက်အောက်ခံ တပ်ရင်း ၃၇၀၂ နှင့် P29914 အထူးကွန်မန်ဒို၊ ဗျူဟာ(၂၆) ပူးပေါင်းတပ်ဖွဲ့၊ အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ် ပကဖ တို့က ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO တိုက်ခိုက်ခံရပြီး ၂၀ ကျော် သေဆုံး ဇန်န ၁၀ The Kaladan Post ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် တပ်စွဲထားသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ ကာကင်းပွိုင့် ၂ ခုကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်း အင်အား ၁၅၀ ခန့်က ဇန်နဝါရီ ၂ ရက် နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ကူပေးကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကြောင်း တပ်ရင်း ၈၀၈ – နေပြည်တော်က ထုတ်ပြန်သည်။ ဆွာမြို့အခြေစိုက် ခလရ (၁၉) တပ်ရင်းမှ စစ်ကြောင်းထိုးလာသော ပူးပေါင်းတပ်ဖွဲ့ သည် ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးများအပြင် မြစ်အနောက်ဘက်ကမ်းမှ ပွိုင့်ဖိုက်များဖြင့် ပစ်ခတ်ကူညီပြီး RPG၊ ၄၀ မမ နှင့် ချိုးနှိမ်ပစ်ခတ်မှုများဖြင့် စတင်တိုက်ခိုက်ခဲ့ဟု သတင်းရင်းမြစ်က ပြောဆိုသည်။ တိုက်ပွဲသည် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး အင်အားမမျှမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ဘက်မှ ခေတ္တဆုတ်ခွာပေးခဲ့ရသော်လည်း နောက်ပိုင်းတွင် အဆိုပါနယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၂၀ ဦးကျော် ထိခိုက်ကျဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်များဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု တပ်ရင်း ၈၀၈ – နေပြည် တော် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များသည် အင်အား မလုံလောက်မှုကြောင့် PNO အင်အားများ အသုံးပြုလာသည်ကို တွေ့ရှိရပြီး...
Read More