Author: Salai

မြင်းခြံခရိုင်အတွင်း  စစ်တပ်နှစ်ကြိမ် တိုက်ခိုက်ခံရပြီး တပ်သား ၁၃ ဦး သေဆုံး ၂ ဦး အရှင်ဖမ်းမိ

  ဇန်န ၈ The Kaladan Post မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း ဇန်နဝါရီ ၆ ရက်နေ့တွင် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး နှစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT)  သိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပြတ်သက်ပြီး Myingyan Black Tiger (MBT) ၏ တာဝန်ခံ ဗိုလ်မိုက်ခဲက “ ကျွန်တော်တို့ တိုက်ခိုက်ခဲတာနှစ်ကြိမ်ပေါဗျ ဒုတိယအကြိမ်တိုက်ခိုက်တဲ့ အချိန်မှာ စစ်တပ်ဖက်က ၁၀ ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ် ဒါပေမယ့် အတည်ပြုနိုင်တာ ၁၀ယောက်ဆိုတော့ ကျွန်တော်တို့က ထုတ်ပြန်ချက်မှာ အဲ့လောက်ဘဲထည့်တာပါ ဒီတိုက်ပွဲနှစ်ကြိမ်အတွင်း ကျွန်တော်တို့နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များအားလုံး အထိအခိုက်မရှိဘဲ အားလုံးဘေးကင်းပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။  အဆိုပါထုတ်ပြန်ချက်တွင် မြင်းခြံမြို့ အနောက်ဘက် ပိုက်တဲကုန်း ကျေးရွာအနီး လာရောက်ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို ဇန်နဝါရီ ၆ ရက် ည ၈ နာရီ ဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ထိုတိုက်ခိုက်မှုတွင်း MA1 သေနတ် ၁ လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။ ဤစစ်ဆင် ရေးကို MBT အမှတ်(၉) တပ်ရင်းနှင့် MGN အညာသားပြောက်ကျားတပ် တို့က ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။ အလားတူနေ့တွင် နံနက် ၅ နာရီခန့်က မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ် ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာသော စစ်ကောင်စီ တပ်ကိုပါ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် စစ်ကောင်စီ ဘက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး ၂ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဤစစ်ဆင်ရေးကို MBT အမှတ်(၉) တပ်ရင်းအပြင် Onemore စစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ်(၂) တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့ နှင့် အမေ့လက်ရုံးတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း...

Read More

ဇန်နဝါရီလ (၇)ရက် သတင်းတိုပေါင်းချုပ်

မကွေးနှင့် မန္တလေးတိုင်းများတွင် စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး ဇန်န ၇ The Kaladan Post မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတောပျူစောထီးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၁၀၀ ကျော် အထိုင်ချ) ကို ဇန်နဝါရီ ၅ ရက်နေ့တွင် Salingyi Revolution Army ရဲဘော်များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများရှိခဲ့သော်လာ်း အရေအတွက်အတိအကျကို အတည်မပြုရသေးဘဲ တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Salingyi Revolution Army တာဝန်ရှိသူက ပြောဆိုသည်။ ထို့အပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး ကျောက်ပြုတ်ရွာရှိ စစ်ကောင်စီ တပ်စခန်း (အင်အား ၃၅ ဦးခန့်) ကို ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့ အပါအဝင် MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger (MBT) နှင့် Myingyan Danger Dynamiter တို့က ပူးပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၅ ဦး သေဆုံး၊ ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တပ်စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိ သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့မှ ပြောဆိုသည်။...

Read More

နွားထိုးကြီးမြို့နယ် ကုကုန်းကျေးရွာတွင် စစ်တပ် စစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

  ဇန်န ၇ The Kaladan Post မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကုကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ် တပ် များကို ဒီဇင်ဘာ ၂၅ ရက်နှင့် ၃၁ ရက်တို့တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံး ပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက The Kaladan Post သို့ ပြောဆိုသည်။ ပထမအကြိမ် ဒီဇင်ဘာ ၂၅ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် ကုကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်သား ၃၀ ခန့်သည် ကြက်ခြံမှ ကြက်များ ခိုးယူရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်း သေဆုံး၊ ၅ ဦးခန့် ဒဏ်ရာရရှိကာ ကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဒုတိယအကြိမ် ဒီဇင်ဘာ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် စစ်သား ၆၀ ခန့်ပါ စစ်ကြောင်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်စွဲထားရာ နေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၅ နာရီခန့် ကြာမြင့်ခဲ့သည်။ ဤတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ကုကုန်းကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ထို့ပြင် နွားထိုးကြီးနှင့် မြင်းခြံမြို့မှ လက်နက်ကြီး ပစ်ကူများစွာ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ တစ်ကြိမ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း Myingyan Blcak Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက  ဆက်လက်ပြောဆိုသည်။ ဤတိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ နှင့် Burmese Guerrilla Force (BGF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်မှ အတိအကျ သေဆုံးအရေအတွက်ကို အတည်ပြုရန် မရသေးကြောင်း ဆက်လက်စုံစမ်းနေဆဲဟု MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။...

Read More

ဇန်နဝါရီလ (၆) ရက် သတင်းတိုပေါင်းချုပ်

တောင်ငူမြို့ပေါ် ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး ဇန်န ၆ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက် ည ၇ နာရီ ၄၂ မိနစ်ခန့်က အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – တောင်ငူနှင့် တောင်ငူပကဖ တို့ ပူးပေါင်းကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အတိအကျ အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ စစ်တပ်စခန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger – MBT၊ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့နှင့် Myingyan Danger Dynamiter တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စခန်းသိမ်းပိုက်ရန်နီးကပ်ချိန်တွင် စစ်ကူများလျင်မြန်စွာ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် ပြန်ဆုတ်ခဲ့ရပြီး...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish