ဇန်နဝါရီလ (၆) ရက် သတင်းတိုပေါင်းချုပ်
တောင်ငူမြို့ပေါ် ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်း တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံး ဇန်န ၆ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရှိ မိုင်းဒါကွင်းအနီး စစ်တပ်အထိုင်ကင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက် ည ၇ နာရီ ၄၂ မိနစ်ခန့်က အထူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ – တောင်ငူနှင့် တောင်ငူပကဖ တို့ ပူးပေါင်းကာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အတိအကျ အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့တာဝန်ရှိသူက ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ စစ်တပ်စခန်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က MGN 35 ပြောက်ကျားတပ်ဖွဲ့၊ Myingyan Black Tiger – MBT၊ ပြည်သူ့ကြယ်တစ်ပွင့် တပ်ဖွဲ့နှင့် Myingyan Danger Dynamiter တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၅၀ မိနစ်ခန့်ကြာပြီးနောက် စစ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စခန်းသိမ်းပိုက်ရန်နီးကပ်ချိန်တွင် စစ်ကူများလျင်မြန်စွာ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် ပြန်ဆုတ်ခဲ့ရပြီး...
Read More