Author: Salai

၂၀၂၅ခုနှစ်အတွင်း အကြမ်းဖက်စစ်သား ၅၄ ဦး ရှင်းလင်းခဲ့ပြီး ၁၁၅ ဦး ဒဏ်ရာရှိစေခဲ့ကြောင့် Popa Guerilla Force အသိပေးထုတ်ပြန်

————————————————————————— ဇန်န ၃ The Kaladan Post Popa Guerilla Force တပ်ဖွဲ့က ၂၀၂၅ ခုနှစ်တစ်နှစ်အတွင်း စစ်ရေးဖော်ဆောင်မှုကို ယမန်နေ့ ဇန်နဝါရီ လ ၂ရက်နေ့က ထုတ်ပြန်အသိပေးထားသည်။ အဆိုပါထုတ်ပြန်ချက်အရ Popa Guerilla Force သည် တော်လှန်ရေးမဟာမိတ်များနှင့် အတူ တိုက်ပွဲဖော်ပေါင်း ၁၂ ကြိမ်ဖော်ဆောင်ခဲ့ပြီး ၎င်းတစ်နှစ်တာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်အင်အား ၅၄ ဦးကို အဖြတ်ရှင်းလင်းနိုင်ခဲ့သည့် အပြင် ၁၁၅ ဦး ဒဏ်ရာရရှိစေခဲ့ကြောင်းသိရသည်။ အဆိုပါထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး Popa Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ဒုတာဝန်ခံက “ ကျွန်တော်တို့ တပ်ဖွဲ့ဟာ ရပ်တည်လာကတည်းက ငွေကြေး ငါးသိန်းနဲ့စတင်ခဲ့တာဖြစ်ပါတယ် ရှိတာလည်းနဲ့ဘဲ စားဝန်နေရေးမှအစ ရေတွက်လို့မကုန်နိုင်တဲ့ အခက်အခဲပေါင်းများစွာကို တော်လှန်ရေးစိတ်ကို အပြည့်အဝရှေ့တန်းတင်ပြီးတော့ ခွန်အားယူကာ ဒီတော်လှန်ရေးကို ဖြတ်သန်းခဲ့ရပါတယ်။ ထမင်းမစားဘဲနေခဲ့ရတဲ့အချိန်တွေလည်းမနည်းပါဘူး သို့သော် ဒီတော်လှန်ရေးကို ဦးစားပေးရှေ့တန်းတင်ပြီး ရှိတာလည်းတွေကို စုဆောင်းထားပြီး တိုက်ပွဲတိုင်းတွင် ကုန်ကျစရိတ်နည်းပြီးထိခိုက်မှုအား‌ကောင်းတဲ့ ပြောက်ကြားစနစ်ကိုဘဲကျင့်သုံးခဲ့ပါ တယ်။ ဒီတိုက်ခိုက်မှုအတွင်း စစ်တပ်စစ်ကြောင်းတစ်ခုလုံး ဖြုတ်ချနိုင်မည့်အချိန်တွေလည်းရှိပါတယ် ဒါပေမယ့် ငွေကြေးအခက်အခဲများကြောင့် ကျည်ဆံမလုံလောက်တာကြောင့် ကျွန်တော်တို့ဘက်က ပြန်လည်ဆုတ်ခွါပေးတဲ့ အခြေအနေတွေကြီးဘဲဖြစ်ပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် ကျွန်တော်တို့ကြုံတွေ့ခဲရတဲ့ အခက်အခဲတွေကို ရဲဘော်တွေတောင် ပေးမသိရဘူး သို့သော် လည်း ပြည်သူတွေရဲ့ထောက်ပံ့မှုကြောင့် ယခုအချိန်မှ စစ်ကောင်စီက ကျွန်တော်တို့ ကြောက်နေရတဲ့ အခြေအနေထိ‌ရောက်နေပါပြီ ကျွန်တော်တို့မှာ ပြောက်ကြားတပ်ကနေပြီး မြို့သိမ်းခဲ့တာတွေရှိသလို ပြန်အသိမ်းခံတဲ့ဟာလည်းရှိခဲ့တယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့အပြည့်အဝ ထောက်ခံမှု ရရှိအောင် ရဲဘော်တွေကို စိတ်ခွန်အားတွေပေးတဲ့အချိန်တိုင်း မူးယစ်ဆေးဝါးကို လုံးဝမသုံးစွဲအောင်ကို အဓိကထားပြီး သွန်သင်ပေးသလိုရဲဘော်တွေကလည်း လိုက်နာကြတယ်။ ဒီတော်လှန်ရေးကို အမြန် ဆုံးအပြီးသတ်နိုင်ရန်အတွက် ပြည်သူတွေထောက်ပံ့မှုက အဓိကမှာပါဝင်နေပါတယ် အဲ့ဒါကြောင့် ပြည်သူတွေအနေဖြင့် ဒီထက်မက ဆက်လက်ထောက်ပံ့ပေးကြရန်နှင့် ပြည်သူ့တွေနဲ့တစ်သားတည်း ရပ်တည်ပြီးတော့ ပြည်သူတွေလိုလားတောင့်တနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး တူထောင်နိုင်ရန် အတွက် လိုအပ်တဲ့တပ်အင်အားနှင့် လက်နက်အင်အားများကို ပိုမိုကျစ်လစ်အောင် တည်ဆောက်ပြီး ကျန်ရှိနေသေးတဲ့ တော်လှန်ရေးခရီးကို အဆုံးထိတိုင် မဟာမိတ်များနှင့် အတူ ဆက်လက်ပြီး ရှိသမျှအင်အားကို ထုတ်ပြီး တော်လှန်သွားမည်ဖြစ်ကြောင်း တော်လှန်ပြည်သူတွေကို သစ္စာပေးထားကြောင်း Popa Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ဒုတာဝန်ခံက...

Read More

ဇန်နဝါရီလ (၃)ရက် သတင်းတိုပေါင်းချုပ်

BGF တပ်များ KNA ဘက်တံဆိပ်ပြောင်းလဲမှုကို စစ်တပ်က ကြောက်လန့်သဖြင့် ပူးတွဲတပ်များ ချက်ချင်းရုပ်သိမ်း ဇန်န ၃ The Kaladan Post ကရင်ပြည်နယ်အတွင်း ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့များက ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ကရင်အမျိုးသားတပ်မတော် (KNA) ဘက်တံဆိပ်သို့ ပြောင်းလဲဝတ်ဆင် ခဲ့မှုကို မြန်မာစစ်တပ်က သဘောမတူကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။ ဘက်တံဆိပ်ပြောင်းလဲမှုကို စစ်တပ်ထံ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သဖြင့် စစ်တပ်ဘက်က ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အချို့ BGF တပ်များက အသိပေးရုံသာ ပြုလုပ်ခဲ့ပြီး ညှိနှိုင်းမခံခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စစ်တပ်က BGF တပ်များနှင့် ပူးတွဲထားသော စစ်သားများ ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းနေပြီး လှိုင်းဘွဲ့မြို့နယ် BGF တပ်ရင်း ၁၀၁၆ နှင့် အခြားတပ်ရင်းများ တွင် တွဲဖက်ထားသည့် စစ်သား ၂၀ ကျော်အပါအဝင် မိသားစုဝင်များကို ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်း တွင် စစ်ကားများဖြင့် လာရောက်ခေါ်ယူသွားခဲ့ကြောင်းသိရသည်။ ရွှေကုက္ကိုလ်၊ KK Parks နှင့် BGF တပ်နယ် ၂၊ တပ်နယ် ၃ တို့တွင်လည်း ပူးတွဲစစ်သားများကို မြဝတီမြို့ဘက်သို့ ပြန်ခေါ်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ BGF ဘက်က စစ်သားများကို ကြည်ကြည်ဖြူဖြူ ထွက်ခွင့်ပေးထား ပြီး တပ်ပြန်ရုပ်သိမ်းမှုများကို ငြိမ်းချမ်းစွာ လုပ်ဆောင်နေသည်ဟု...

Read More

ဇန်နဝါရီလ (၂) ရက် သတင်းတိုပေါင်းချုပ်

ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်ဂိတ်နှင့် ယာဉ်တန်းကို တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၁၉ ဦးသေဆုံး ဇန်န ၂ The Kaladan Post မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒီဇင်ဘာလအတွင်း ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် စုဖွဲ့စစ်ကြောင်းများက စစ်ကောင်စီတပ်များကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူ ခရိုင်စစ်ဌာနက ထုတ်ပြန်သည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ပခုက္ကူခရိုင် အမှတ် (၄)၊ (၁၁) နှင့် (၁၉) တပ်ရင်းများက ကပစ ၂၂ သို့ သွယ်တန်းထားသော လျှပ်စစ်မဟာဓာတ်အားလိုင်း ဓာတ်တိုင်များကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အပြင် ကပစ ၂၂ ကိုပါ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာ ၂၄ ရက်တွင် သံဇလုံကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင် PDF စုဖွဲ့စစ်ကြောင်း ၁ နှင့် အမှတ် (၄)၊ (၁၉) တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရရှိခဲ့ သည်။ ထို့အပြင် ဒီဇင်ဘာ ၃၀ ရက်တွင် ဆိပ်ဖြူမြို့မှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကား ၄ စီးပါ ယာဉ်တန်းနှင့် လိုက်ပါလာသော သံပြားကာကား ၁စီး၊ အိမ်စီးကား ၁စီးကို ပခုက္ကူခရိုင် စုဖွဲ့စစ်ကြောင်း ၂ (PDF + ပကဖ + LDF)၊...

Read More

ဇန်နဝါရီလ (၁) ရက် သတင်းတို ပေါင်းချုပ်

ရေဦးမြို့ ကြာဖူးအဝိုင်း ဂိတ်မှ စစ်ကောင်စီတပ်သား ကျော်မျိုးသူ သေနတ် ၂ လက်နှင့် အလင်းဝင် ဇန်န ၁ The Kaladan Post စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကြာဖူးအဝိုင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော စစ် ကောင်စီတပ်သား ကျော်မျိုးသူသည် ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇ နာရီဝန်းကျင်က သေနတ် ၂ လက်အပါအဝင် Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ အလင်းဝင်တပ်သား ကျော်မျိုးသူသည် စစ်မှုထမ်းသစ်မဟုတ်ဘဲ သန္ဓေတပ်သား တစ်ဦးဖြစ်ပြီး အထက်အရာရှိ၏ နှိပ်စက်မှုကို မခံနိုင်သဖြင့် ထွက်ပြေးအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း Wolf Guerrilla LDF Ye.U Air Force သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုညိုက ပြောကြားခဲ့သည်။ အလင်းဝင်မှုအတွက် အဆိုပါအဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ကို ဒီဇင်ဘာလ ၂၉ ရက်တွင် ချီးမြှင့်ခဲ့သည်။ “ကျန်တဲ့ စစ်ကောင်စီတပ်သားများလည်း စဉ်းစားချင့်ချိန်ပြီး လာရောက်ပေါင်း စေချင်ပါတယ်။ မိမိတို့အဖွဲ့အစည်းက နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်” ဟု ရဲဘော်ကိုညိုက ဆက်လက်ပြောကြားခဲ့သည်။ Wolf Guerrilla LDF Ye.U Air Force အဖွဲ့က အလင်းဝင်လိုသူ စစ်ကောင်စီ တပ်သားများကို နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အလင်းဝင်လိုပါက ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေး နှိုးဆော်ထားသည်။...

Read More

ဒီဇင် (၃၁) သတင်းတိုပေါင်းချုပ်

ညီညွတ်မှုနဲ့သာ ဖက်ဒရယ်ပြည်ထောင်စု အောင်မြင်မည်ဟု ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် တိုက်တွန်း   ဒီဇင် ၃၁ The Kaladan Post KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က နွေဦးတော်လှန်ရေးတွင် တော်လှန်ရေးအင်အားစုများ စည်းစည်းညီညီရှိရန် အလေးပေး တိုက်တွန်းလိုက်သည်။ ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် မတရားမှုကို တွန်းလှန်ရာတွင် အမှန်တရားပေါ်အခြေပြု၍ စုစည်းထားသည့် ခွန်အားသာလျင် စစ်မှန်သော အင်အားဖြစ်ကြောင်း၊ ထိုညီညွတ်မှုဖြင့်သာ တကယ့်စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု သတိပေးပြောဆိုခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က နွေဦးတော်လှန်ရေးသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခွင့်အရေးသစ်တစ်ရပ်ဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား နားလည်မှုနှင့် ညီညွတ်မှု အထူးလိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အင်အားစုစည်းရေးတွင် အခက်အခဲများရှိသော်လည်း ချောင်းငယ်များ ပေါင်းစည်းမှ ဧရာဝတီမြစ်ကြီးဖြစ်လာသည့်နည်း တူ ညီညွတ်မှုသာလျင် နိုင်ငံတစ်ဝန်း အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့အချင်းချင်း အထက်အောက်အတွေးများကို စွန့်လွှတ်ကာ တူညီသောပန်းတိုင်ဆီသို့ မဆုတ်မနစ် ချီတက်ကြရန် တိုက်တွန်းခဲ့သည်။ စစ်တပ် ဗုံးကြဲတိုက်ခိုက်၍ ကလေးမိခင်တစ်ဦးသေဆုံး၊ ချောင်းဦးတွင် ဘုန်းကြီးကျောင်းမီးရှို့၊ တန်ဖိုးကြီးပစ္စည်းများ လုယက်ခံရ   ဒီဇင် ၃၁ The Kaladan Post ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးမိခင်တစ်ဦး သေဆုံးပြီး အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်တပ်သည် အင်အား ၇၀၀ ခန့်ဖြင့်...

Read More
en_USEnglish