Author: Salai

ဒီဇင် (၃၀) သတင်းတိုပေါင်းချုပ်

ကော့သောင်းတွင် ရွေးကောက်ပွဲလုံခြုံရေးစစ်သင်္ဘောငယ်တစ်စီး ပျက်စီးပြီး စစ်သားများ အထိအခိုက်များပြား   ဒီဇင် ၃၀ The Kaladan Post တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းချောင်းဝနီးအနီးတွင် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲနေ့ နံနက်ပိုင်းက လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်တပ်ပိုင် စစ်သင်္ဘောငယ်တစ်စီးနှင့် စက်လှေ ၄ စီးပါဝင်သည့် စစ်ကြောင်းကို ပျံလွှားပျောက်ကျားတပ်ဖွဲ့ (LPDF)၊ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် မြို့ပြသမန်းကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကြာ ပြင်းထန်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်သင်္ဘောငယ်တစ်စီး ပျက်စီးသွားခဲ့ပြီး စစ်သားများ အများအပြား ဒဏ်ရာရရှိကာ အထိနာခဲ့သဖြင့် လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရကြောင်း လိုကယ်ပျံလွှားပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ရဲဘော်ဖီးလ်နစ်က ပြောသည်။ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု အတိအကျ မသိရသေးသော်လည်း ပျက်စီးသွားသော စစ်သင်္ဘောပေါ်ပါလာသည့် စစ်သားများ အထိခိုက်များပြားနိုင်ကြောင်း၊ စစ်ကြောင်းတစ်ခုလုံး ချက်ချင်း ကော့သောင်းမြို့ဘက်သို့ ဆုတ်ခွာသွားခဲ့ရကြောင်း ရဲဘော်ဖီးလ်နစ်က ဆိုသည်။ ယင်းတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုတ်ချသည့် လုပ်ရပ်တစ်ခုဖြစ်ပြီး ပူးပေါင်းပါဝင်သူများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပျံလွှားတပ်ဖွဲ့က သတိပေးထားသည်။ NUG ကို တိုင်းရင်းသားခေါင်းဆောင်များ ပိုပါဝင်သော အသွင်ကူးပြောင်းအစိုးရ အစားထိုးမည်ဟု ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြော   ဒီဇင် ၃၀ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ ပိုမိုပါဝင်သော အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖြင့် လက်ရှိ NUG ကို...

Read More

ရေတာရှည်မြို့နယ်တွင် အတုရွေးကောက်ပွဲ လုံခြုံရေးယူစစ်တပ် တိုက်ခိုက်ခံရပြီး ၄ကောင်သေဆုံး

  ဒီဇင် ၃၀ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးအတွက် အထိုင်ချတပ်စွဲထားသည့် စစ်တပ်သားများကို ဒီဇင်ဘာလ ၂၈ရက် ရွေးကောက်ပွဲ့ကျင့်ပသည့်နေ့ နေ့လည် ၁:၁၅ နာရီခန့်တွင်တိုက်ခိုက်ခဲ့ကြောင်း  ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း (၃၅၀၄)က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း (၃၅၀၄)၏ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်အထိုင်ချစခန်းဟာ အင်အား ၃၀ ခန့်ရှိပါတယ် တိုက်ပွဲဟာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ရန်သူ့ထိခိုက်ကျဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် တိုက်ပွဲဖြစ်စဥ်အတွင်း စစ်တပ်ဖက်မှ စစ်ကူးပို့ခဲ့တယ် ဒီစစ်ကူလာတဲ့သူတွေကို တပ်သားများကို တခွဲကြဲကျေးရွာအနီးတွင် ကျွန်တော်တို့ဖက်က ကြိုတင်စောင့်ဆိုင်း၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စကခ တပ်သား ၄ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျန်အင်အား ၆၀ခန့်ဟာ မှန်စီကျေးရွာသို့ ပြန်ဆုတ်ခွာကြပါတယ် ထို့အပြင် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေမှာဘဲ ရှိနေသေးတယ်ဟု’ The Kaladan Post သို့ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်မှ ပွိုင့်ဖိုက် စက်လက်ပစ်ကူနှင့် လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ကြိုတင်ပြင်ဆင်မှုကြောင့် စကခ တပ်သားများ အထိနာဆုတ်ခွာခဲ့ကြပြီး တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။အဆိုပါတိုက်ပွဲ စကခ တပ်ဘက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတိုက်ပွဲများကို တပ်ရင်း (၃၅၀၄)၊ ရေတာရှည်မြို့နယ်ပကဖ၊ နေပြည်တော်တပ်ရင်း (၈၀၈၊ ၈၀၆၊ ၈၀၇) တို့က ပူးပေါင်းကူညီတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း (၃၅၀၄)၏ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် တားဆီးတိုက်ဖျက်သွားမည်ဖြစ်သောကြောင့် စစ်ဆင်ရေးနယ်မြေအတွင်း မဲရုံများနှင့် စစ်ကောင်စီတပ်များ ရှိရာနေရာများတွင် ပြည်သူများ သွားလာခြင်းမပြုလုပ်ကြရန်...

Read More

ဒီဇင် (၂၉) သတင်းတိုပေါင်းချုပ်

ညောင်ဦး-ချောက်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး   ဒီဇင် ၂၉ The Kaladan Post မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း မဲရုံများကို ကင်းစောင့်ထားသည့် စစ်တပ်ကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က နတ်ပလ္လင်၊ ကန်စောင့် အပါအဝင် ကျေးရွာ ၅ ရွာရှိ မဲရုံများကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။ အလားတူ မကွေးတိုင်း ချောက်မြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရေနံချောင်းမှ ချောက်သို့ စစ်ကူလာသော ယာဉ်တန်းကို ချောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ပြုလုပ်နေသော တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆက်လက်တွန်းလှန်သွားမည်ဟု အသိပေးထားသည်။ ထားဝယ်ခရိုင် ရာဖူးရွာအတွင်း စစ်တပ်စခန်းကို ဝင်တိုက် တပ်ကြပ်အပါအဝင် စစ်သား ၃ ဦး သေဆုံး   ဒီဇင် ၂၉ The Kaladan Post တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားသော ခလရ ၂၈၂ တပ်စခန်းကို ဒီဇင်ဘာ ၂၈ ရက်နေ့က...

Read More

စစ်တပ်ရဲ့ အတုရွေးကောက်ပွဲ နာရီပိုင်းအလိုမှာ နေရာအများအပြားမှာ တိုက်ခိုက်မှုဖြစ်ပွား

  ဒီဇင် ၂၈ The Kaladan Post ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Yangon Army (YA) က ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Yangon Army (YA) တာဝန်ရှိသူတစ်ဦးက” ကျွန်တော်တို့က ကမာရွတ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်း၂လုံးနဲ့တိုက်ခိုက်ပီး ချက်ချင်းအမြန်ပြန်ဆုတ်ခဲ့ရပါတယ် စစ်တပ်ဖက်က  လုံခြုံရေးတွေ အပြည့်ယူထားကြလို့ပါခင်ဗျ တိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေနေတော့မသိဘူး မိုင်းကနှစ်လုံးလုံးကွဲပါတယ် ဟု’ The Kaladan Post သို့ပြောဆိုသည်။ ကျွန်တော်တို့ ကလုပ်စရာရှိတာ အကောင်းဆုံးလုပ်ဆောင်နေပါတယ် ပြည်သူတွေက တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရင်ဘဲ ကျနော်တို့ကျေနပ်နေပါပြီ တရားဝင်အစိုးရ တရပ်ကို လက်နက်အားကိုးနဲ့ ဖမ်းဆီးထောင်ချပြီး တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်တာကိုတော့ ကိုမင်းကိုနိုင် စကားယူသုံးရရင်ဒအြတိုက်ထားတဲ့ ပစ္စည်းကို ခွဲဝေခြမ်းရေးလုပ်တဲ့ပွဲလို့ဘဲ သတ်မှတ်ပါတယ် စစ်အာဏာရှင် တွေ အဆုံးမသတ်မချင်း ဘယ်ကောင်တက်တက်ကျနော်တို့ပ တိုက်ခိုက်နေအုံးမှာဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ အထက်ပါရုံးကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းပြီး ပြင်းအားမြင့်မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ် Yangon Army(YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့ဟာ စစ်အုပ်စုထောက်တိုင်တွေကို အမြဲမပြတ်တိုက်ခိုက်နေတဲ့ မဟာမိတ် မြို့ပြပြောက်ကျားတပ်ဖွဲ့ တွေဖြစ်ပြီး လက်ရှိစစ်အုပ်စုရဲ့ရွေးကောက်ပွဲအတု ရှိလာချိန်မှာလည်း တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် လုပ်လာတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၁)နေမှာ  ရန်ကုန်တိုင်း အတွင်းက ကမာရွတ်မြို့နယ်ရုံးအပါအဝင် မန္တလေး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြဝတီ ၊ ထားဝယ်၊ ပြည် စတဲ့မြို့နဲ့ မြို့နယ်အများအပြားတွင် ပေါက်ကွဲသိတွေ ဖြစ်နေကြောင်းသိရသည်။...

Read More

ဒီဇင် (၂၈) သတင်းတိုပေါင်းချုပ်

ရွေးကောက်ပွဲနေ့ နာရီပိုင်းအလို မန္တလေး၊ မုံရွာ၊ မြ၀တီတွင် ပေါက်ကွဲမှုများ ဖြစ်ပွား၊ စစ်တပ်တန်ပြန်ပစ်ခတ်ရာ ပြည်သူများ ဒဏ်ရာရ   ဒီဇင် ၂၈ The Kaladan Post အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းအလို မန္တလေးမြို့၌ နန်းတွင်းနှင့် တောင်ခြေတပ်များအနီး ရှော့တိုက်ဒုံးဟု ယူဆရသည့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး စစ်တပ်က လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ရာ အောင်မြေသာစံမြို့နယ်တွင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ အလားတူ ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင်လည်း ယမန်ညက ဒရုန်းဗုံးကြဲချမှုနှင့် မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ကရင့်ဖွတ်ရုံး၊ ဘုရင့်နောင်လမ်းနှင့် ချစ်ကြည်ရေးတံတားထိပ်တို့တွင် ပစ်မှတ်ထားတိုက်ခိုက်ခံရသည်ဟု ဒေသခံများက ဆိုသည်။ စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း ယမန်ညက ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး စစ်တပ်နှင့် ပျူစောထီးများ ကင်းလှည့်နေသဖြင့် ပြည်သူများ ထွက်ကြည့်ရဲခြင်း မရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စစ်တပ်က ရွေးကောက်ပွဲ အပိုင်း(၁) ကို စတင်ကျင်းပမည်ဖြစ်ရာ ဤပေါက်ကွဲမှုများနှင့် တန်ပြန်ပစ်ခတ်မှုများက ဒေသခံပြည်သူများကို ထပ်မံနစ်နာစေခဲ့သည်။ မြဝတီ ကြံ့ဖွတ်ပါတီရုံး ဒရုန်းဗုံးကြဲ တိုက်ခိုက်ခံရ၊ ပျက်စီးမှုရှိ   ဒီဇင် ၂၈ The Kaladan Post ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (**ကြံ့ဖွတ်**) ရုံးကို ဒီဇင်ဘာ ၂၇ ရက် ညပိုင်းတွင် ဒရုန်းဖြင့်...

Read More
en_USEnglish