ဒီဇင် (၂၇) သတင်းတိုပေါင်း
တောင်ကလေးရွာကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်၊ အသက် ၆၀ အရွယ်အမျိုးသား ပွဲချင်းသေဆုံး ဒီဇင် ၂၇ The Kaladan Post ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် စစ်တပ်၏ ၃၄၄ အမြောက်တပ်ရင်းက ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် တောင်ကလေးကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ရွာခံ အသက် ၆၀ အရွယ် အမျိုးသား တစ်ဦး လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အလားတူ ဒီဇင်ဘာ ၂၅ ရက်တွင်လည်း လေးမျက်နှာမြို့နယ်၊ ကညင်တိုင်းကျေးရွာအုပ်စုကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အသက် ၆၆ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပုဂံ-ညောင်ဦးတွင် စစ်တပ်လုံခြုံရေးတင်းကျပ်ထားသည့်ကြား အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကမ်ပိန်း အောင်မြင်စွာလုပ်ဆောင် ဒီဇင် ၂၇ The Kaladan Post မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ပုဂံဘုရားဒေသတွင် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် လုံခြုံရေးအထူးတင်းကျပ်ထားပြီး CCTV များအထပ်ထပ်တပ်ဆင်ထားသည့်ကြားမှ ဒေသခံလူငယ်အင်အားစုများက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး စတေကာကပ်ခြင်းနှင့် စာရွက်ကျဲဖြန့်ခြင်း လှုပ်ရှားမှုများကို ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) အောင်မြင်စွာ...
Read More