ဒီဇင် (၂၄) သတင်းတိုပေါင်းချုပ်
စစ်ကိုင်းနှင့် မန္တလေးတွင် စစ်တပ်က လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီး ငွေညှစ် ဒီဇင် ၂၄ The Kaladan Post စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်တပ်က ဒီဇင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ ငါးရက်ဆက်တိုက် အသက် ၂၅ နှစ်မှ ၃၅ နှစ်အရွယ် လူငယ် ၁၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်အတွင်း ချုပ်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများကို မိသားစုများနှင့် တွေ့ဆုံခွင့်ပင် မပေးဘဲ ရပ်ကွက်များနှင့် လမ်းဆုံများတွင် နေ့စဉ် လူငယ် ၂၅ ဦးခန့်ကို ပစ်မှတ်ထား ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ ဒေသခံတစ်ဦးက “စစ်တပ်က ရပ်ကွက်ထဲထိ ဝင်ရောက်ပြီး အလုပ်သွား အလုပ်ပြန် လူငယ်တွေကို အဓိက ပစ်မှတ်ထားဆွဲတယ်။ မိသားစုတွေ ပိုက်ဆံနဲ့ ရွေးရန်ကြိုးစားတောင် မရတော့ဘူး” ဟု ဆိုသည်။ အလားတူ မန္တလေးမြို့ပေါ်တွင်လည်း စစ်တပ်နှင့် ပျူစောထီးများက ဒီဇင်ဘာလ ၃ ရက် ဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် စစ်ဆေးမှုများ တင်းကျပ်လာကာ ဆိုင်ကယ်စီးနင်းသူများကို အကြောင်းမဲ့ ဖမ်းဆီး လက်ကိုင်ဖုန်း စစ်ဆေးပြီး ငွေကျပ် သိန်းချီ တောင်းခံနေကြောင်း သိရသည်။ အရပ်ဝတ် ပျူစောထီးများက ဦးဆောင်ဖမ်းဆီးပြီး ယူနီဖောင်း စစ်သားများက လုံခြုံရေး ယူပေးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ငွေမပေးနိုင်သူများကို လိုင်စင်သိမ်း၍ ငွေဖြင့် ပြန်ရွေးခိုင်းနေခြင်း ကြောင့်...
Read More