Author: Salai

CDF- Paletwa က လူငယ်များအား ဒေသပြင်ပထွက်ခွါခြင်းမပြုဘဲ တော်လှန်ရေးတာဝန်ထမ်း ဆောင်ကြရန် တိုက်တွန်း

  ဒီဇင် ၂၂ The Kaladan Post ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ ပလက်ဝသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ပလက်ဝမြို့နယ် အတွင်းရှိ လူငယ်များအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ် ပလက်ဝတွင် ပူးပေါင်းပါဝင်ပြီး ဒေသ ကာကွယ်‌ရေးတာဝန်ထမ်းဆောင်ကြရန်နှင့် ကျန်းမာရေးနှင့် ပညာရေးကိစ္စများမှအပ လူငယ်များအား ပလက်ဝဒေသပြင်ပသို့ ထွက်ခွာခြင်းကို ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး ပလက်ဝကောင်စီ တွဲဖက်အတွင်းရေးမှူး ဆလိုင်းလုကာက “ကျွန်တော်တို့ ထုတ်ပြန်ချက်ဟာ ထုတ်ပြန်သည့်နေမှစ၍ စတင်အသက်ဝင်သွားပြီဖြစ်ပြီး လူငယ်တွေ ခရီးထွက်ခွင့် ကာလဟာဆိုရင်လိုအပ်ပါက တော်လှန်ရေးပြီးဆုံးအောင်မြင်သည်အထိဖြစ်နိုင်ပါတယ် ဒီထုတ်ပြန်ကို တော်လှန်ရေး ကာလဖြစ်သည်နှင့်အညီ တော်လှန်ပြည်သူတိုင်း နားလည်လက်ခံမည်လို့ ယုံကြည်ပါ တယ် ကျွန်တော်တို့ အနေဖြင့်လည်း ပြည်သူဝန်ဆောင်မှုအတွက်လည်း တတ်စွမ်းသမျှ ပြုလုပ် ပေးထားပါတယ် ပြောခြင်တာက ဒီ အကြမ်းဖက် အာဏာရှင်ကို ဖြုတ်ချဖို့ဆိုရင် ပြည်သူတိုင်းမှာ တာဝန်ရှိတယ် ” ဟု The Kaladan Post သို့ ပြောဆိုသည်။ IKACC− ဥက္ကဋ္ဌ ဆလိုင်းစောမြ က ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့–ပလက်ဝ အနေဖြင့် တော်လှန်ရေးအင်အားစုအဖြစ် ယနေ့ (၅) နှစ်တာ အထိ ရပ်တည်လာနိုင်တာဟာ ကိုယ်ကျိုးစွန့်၊ ကိုယ်ကျိုးမျှော်ကိုးတာမျိုး မရှိဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးဆိုတဲ့ တော်လှန်ရေး ရည်မှန်းချက် တစ်ခုတည်းကို တစိုက်မတ်မတ် လိုက်ကိုင်ထားပြီး ပေးဆပ်လာကြတဲ့ လူငယ်တွေနှင့် ပြည်သူ့တော် လှန်ရေးဆိုတဲ့အတိုင်း ပြည်သူတွေက ဒီတော်လှန်ရေးကို ပံ့ပိုးပေးတဲ့ ကဏ္ဍကနေ မဆုတ်မနစ် ပါဝင်လာခဲ့ကြသလို ယနေ့အထိဆက်လက်ပါဝင်နေကြောင်းကြ ပြောဆိုသည်။ ထို့ပြင် ၂၀၂၁ မှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဆိုတာ ပြည်သူ့တော်လှန်ရေးဖြစ်ပြီး ပါတီတစ်ခု၊ အစုအဖွဲ့တစ်ခု၊ လူမျိုးစုတစ်စု လွတ်မြောက်ရေးသာ မဟုတ်ဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စစ်အာဏာရှင်စနစ်က လွတ်မြောက်ပြီး ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ရည်မှန်းတဲ့ ပြည်သူ့တော်လှန်ရေး ဖြစ်ကြောင်း ဒေသကာကွယ်ရေးတာဝန် ထမ်းဆောင်ခြင်းသည် ပြည်သူတိုင်းရဲ့ သမိုင်းပေးတာဝန် ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးမှာ ပြည်သူတိုင်းပါဝင်ဖို့က ပြည်သူတိုင်းရဲ့ သမိုင်း ပေးတာဝန် ပြည်သူတိုင်း ခံယူသင့်ကြောင်း IKACC− ဥက္ကဋ္ဌ ဆလိုင်းစောမြ က တိုက်တွန်းနှိုးဆော်ထား...

Read More

ဒီဇင် (၂၂) သတင်းတိုပေါင်းချုပ်

ထွက်ပြေးအချုပ်သား ၄ ဦး လင်မယား အသတ်ခံရမှုကို ဝန်ခံ၊ KNU ပြန်ဖမ်းဆီးရရှိ   ဒီဇင် ၂၂ The Kaladan Post တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းတို့ ဓားဖြင့်ခုတ်သတ်ခံရမှုကို ကျူးလွန်သူများက ဝန်ခံထားပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြန်လည်ဖမ်းဆီးရမိထားသည်။ အဆိုပါ လူသတ်သမား ၄ ဦးမှာ KNDO တပ်ရင်း ၇၊ တပ်ခွဲ ၅ တွင် ချုပ်နှောင်ထားသည့် အချုပ်သားများဖြစ်သည့် မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နှင့် မောင်ဝင်းစိုးတို့ ဖြစ်ကြပြီး ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက အကျဉ်းခန်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးလွတ်မြောက်ပြီးနောက် မောင်ဝင်းစိုးက ဆရာမထံ ထမင်းတောင်းစားရန် သွားရောက်ရာ မရရှိသဖြင့် ဓားဖြင့်ခုတ်သတ်ခဲ့ပြီး အော်သံကြားသဖြင့် ထွက်လာသော ခင်ပွန်းကိုလည်း ကျန်သူ ၃ ဦးက ဖမ်းဆီးထားစဉ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးရာတွင် ဝန်ခံခဲ့သည်။ လင်မယားနှစ်ဦးကို သတ်ဖြတ်ပြီးနောက် လက်ဝတ်ရတနာများ ယူဆောင်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးရန်ကြိုးစားစဉ် ဒီဇင်ဘာ ၁၇ နှင့် ၁၈ ရက်များတွင် KNU တပ်ဖွဲ့က တစ်ဦးချင်း ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ KNU က ကရင်အမျိုးသား အစည်းအရုံး၏ ကော်သူးလေတရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။ MAI လေကြောင်း လက်ဆွဲအိတ် အခမဲ့မသယ်တော့ဘဲ...

Read More

ဒီဇင် (၂၁) သတင်းတိုပေါင်းချုပ်

ငါန်းဇွန်တွင် စစ်ယာဉ်တန်း စောင့်ကြိုတိုက်ခိုက်ခံရ၍ စစ်သားနှင့် ပျူစောထီး ၄၀ ကျော် ပွဲချင်းပြီး သေဆုံး   ဒီဇင် ၂၁ The Kaladan Post မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်ခန့်က စစ်တပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကန်တာထရပ်ကားတစ်စီးကို အပြတ်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားနှင့် ပျူစောထီးခေါင်းဆောင် မျိုးမင်းခိုင်လက်အောက်ခံ ပျူစောထီးသစ်စစ်သားများအပါအဝင် ၄၀ ဦးကျော်နှင့် ဒုတပ်ကြပ် ၂ ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်း (TGYR) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Loki က ပြောကြားသည်။ ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁၁ တပ်ရင်း (TGYR)၊ Special Task Force (Ngazun) နှင့် 9.2.5 တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယာဉ်တန်းတွင် ကန်တာထရပ် ၁ စီး၊ ကားကြီး ၂ စီး၊ လိုက်ထရပ် ၁ စီး စုစုပေါင်း ၄ စီးပါဝင်ပြီး ငါန်းဇွန်မြို့မှ တံတားဦးမြို့နယ်ဘက်သို့ ထွက်ခွာလာစဉ် မြို့နှင့် မီတာ ၄၀၀၀ ခန့်အကွာတွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ကန်တာကားကို အပိုင်သိမ်းနိုင်ခဲ့သော်လည်း ငါန်းဇွန်မြို့မှ စစ်ကူကားအကြီးအငယ် ၆ စီး ရောက်ရှိလာသဖြင့် ပစ္စည်းများ မသိမ်းဆည်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ရဲဘော် Loki က ဆိုသည်။ မြန်မာ-အိန္ဒိယ နယ်စပ်လမ်းတစ်လျှောက်...

Read More
en_USEnglish