Author: Salai

ငါန်းဇွန်မြို့မှ ကား(၄)စီးဖြင့် ထွက်လာသော စစ်တပ်တိုက်ခိုက်ခံရပြီး ၄၀ ကျေ်သေဆုံး

  ဒီဇင် ၂၁ The Kaladan Post ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက်နေ့တွင် ငါန်းဇွန်းမှ တံတားဦးလမ်းပသို့ ထွက်လာသော စစ်တပ်နှင့် ပျူစောထီးများ ကား(၄)စီးအား တော်လှန်ရေးမဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SPECIAL TASK FORCE က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး SPECIAL TASK FORCE တာဝန်ခံ ကို ငြိမ်းချမ်းက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး များလိုက်ပါလာသည့် Canter Truck တစ်စီး ကားကြီး နှစ်စီးနှင့် Light Truckတစ်စီး စုစုပေါင်း (ကား၄စီး) ဖြင့် ငါန်းဇွန်မြို့နှင့် မီးတာ (4000) အကွာအရောက်တွင် ကျွန်တော်တို့နှင့် မဟာမိတ် ပူးပေါင်းတပ်များက အသင့်စောင့်ကြိုကာ ကျွန်ဝင်လာသည့် CANTER ကားတစ်စီးအား တိုက်ခိုက်ခြေမှုန်းတာဖစ်ပါတယ် ကားပေါ်တွင် အဲ့ဒီကားတွင်ပါတာသော  ပျူခေါင်း ဆောင် မျိုးမင်းခိုင် လက်ထောက် ပျူပေါက်စ သင်တန်းဆင်းခါစ (ပျူပေါက်စ)များ ခန့်မှန်း (၄၀) ကျော်နှင့် (စကမ) ဒုကြပ်လက်ထောက် (၂ )ဉီး နေရာတွင် သေဆုံးခဲ့ပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ စစ်တပ်နှင့် ပျူစောထီးများသည် သူတို့ကားတွေနှင့် ငါန်းဇွန်သို့ပြန်လည်ဆုတ်ခွါ ကြပြီးဖြစ်ပြီး လက်ရှိအချိန်ထိ စစ်တပ်ဘက်က လက်နက်ကြီးနှင့် ရမ်းသတ် ထုတာတွေ ကင်းပတ်တာတွေ လုပ်ဆောင်နေဆဲဖြစ်ကြောင်း SPECIAL TASK FORCE တာဝန်ခံ ကို ငြိမ်းချမ်းက ဆက်လက်ပြောဆိုသည်။ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များမှ စကမပျူကား canter ကားတစ်စီးအား အပိုင်စီးနိုင်ခဲ့ပေမယ့် ငါန်းဇွန့်မြို့ နှင့် နီးစပ်သောကြောင့် မြို့တွင်းမှ တပ်ကူအဖြစ် နောက်ထပ် ကားကြီး/ငယ် (၆)စီး ထပ်မံ ရောက်ရှိခဲ့သောကြောင့် လက်နက်ခဲယမ်းသိမ်းဆည်းနိုင်ခြင်း   မရှိသော်လည်း တော်လှန်ရဲဘော်များမှ အထိအခိုက်မရှိဘဲ ဘေးကင်းစွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။ မန္တလေး – မြင်းခြံ လမ်းပိုင်တွင် ကားမောင်လာသော ပြည်သူတွေအနေဖြင့် ကားများမှန်ချပြီး မောင်းပေးကြရန်နှင့် မိုးကာမအုပ်ဘဲ မောင်းပေးကြရန်  SPECIAL TASK FORCE တာဝန်ခံ ကို ငြိမ်းချမ်းက...

Read More

ဒီဇင် (၂၀) သတင်းတိုပေါင်း

ကုလလုံခြုံရေးကောင်စီ မြန်မာ့အရေး သီးသန့်အစည်းအဝေး ဒီဇင်ဘာ ၂၂ ရက်တွင် ကျင်းပမည်   ဒီဇင် ၂၀ The Kaladan Post မြန်မာနိုင်ငံ၏ ဆိုးရွားလာသော နိုင်ငံရေး၊ လူသားချင်းစာနာမှုနှင့် လုံခြုံရေးအခြေအနေများကြောင့် ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ တောင်းဆိုချက်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြန်မာ့အရေးနှင့်ပတ်သက်သည့် သီးသန့်အစည်းအဝေး (Private Meeting) ကျင်းပမည်ဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ကုလသမဂ္ဂ အထူးသံတမန် ဂျူလီဘစ်ရှော့ (Julie Bishop) နှင့် အာဆီယံ အထူးသံတမန် Tan Sri Othman Hashim တို့က လက်ရှိအခြေအနေများကို ရှင်းလင်းတင်ပြမည်ဖြစ်ပြီး စစ်တပ်က ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဟု သိရသည်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အဆိုပါ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အတိုက်အခံများကလည်း အတုအယောင်ရွေးကောက်ပွဲဟု ပယ်ချထားသည်။ ထို့ပြင် ကုလ OCHA ၏ နိုဝင်ဘာလ အချက်အလက်များအရ မြန်မာနိုင်ငံတွင် လူဦးရေ၏ တစ်ဝက်န nearby န nearby ဖြစ်သည့် လူပေါင်း ၂၀ သန်းနီးပါးသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး ပဋိပက္ခများ၊ ဘေးအန္တရာယ်များကြောင့် အခြေအနေ ပိုမိုဆိုးရွားလျက်ရှိကာ အာဆီယံကလည်း အကြမ်းဖက်မှု ရပ်တန့်ရန်နှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု...

Read More

တောင်သာမြို့နယ်တွင်း စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃၀ကျော်သေဆုံး

တောင်သာမြို့နယ်တွင်း စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၃၀ကျော်သေဆုံး ဒီဇင် ၂၀ The Kaladan Post မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကြောင်းသုံးဖွဲ့ခွဲ၍ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို Popa Guerilla Force နှင့် မဟာမိတ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါစစ်ကြောင်းသည် ရပ်တန့်ခြင်းမရှိဘဲ ဒီဇင်ဘာလ ၂ရက်နေ့တွင် တောင်သာမြို့ နယ် တောင်ခြမ်းတနေရာတွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းကာ ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း Popa Guerilla Force တပ်ဖွဲ့က ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Popa Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တာ မီတာ ၅၀ ဝန်းကျင်လောက်မှာဗျ သူတိုနဲ့လျှိလေးပဲခြားတာ အနီးကပ်ပဲ သူတို့ရှေ့ပြေးတပ်နဲ့ ထိပ်တိုက် တွေ့တာ ကျွန်တော်တို့က စောင့်ပစ်ရတာဆိုတော့ ပစ်အားအသာစီးရတာပေါ့ အဲ့ဒါကြောင့်လည်း သတို့ဘက်က အဲ့လောက်ထိတာ သူတို့ရဲ့ထိခိုက်သေဆုံးမှုက ၃၀ကျော်လောက်ရှိတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ လက်ရှိအချိန်မှာ ၎င်းစစ်ကြောင်းက ညောင်းဦးတောင်သာစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေဆဲဖြစ်ပါတယ် ကျွန်တော်တို့ Popa Guerilla Force အနေဖြင့် မဟာမိတ်များအား တပ်ကူပေးတာဖြစ်သောကြောင့် အခြေအနေအားလုံးကိုမသိနိုင်သောလည်း လက်ရှိတောင်သာမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်း၄ကြောင်းခန့်ရှိနေသေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။  စစ်တပ်၏ ရှေ့ပြေးအဖွဲ့တစ်ခုလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့ပြီး နောက်ထပ်စစ်ကြောင်း ထပ်မံတက်လာရာ ထပ်မံထိတွေ့အတွင်း လက်နက်ချရန် ကြိုးစားနေသည့် စစ်သားအချို့ကို နောက်ကျော့ စစ်တပ်အဖွဲ့က အချင်းချင်း ပစ်သတ်ခဲ့ရာ သေဆုံးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးသူ ၃၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ များပြားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းသိရသည်။ ဤတိုက်ခိုက်မှုကို ပုပ္ပါးပြည်သူ့ကာကွယ်ရေးတပ် (PPGF) နှင့်အတူ တော်လှန်ရေး မဟာမိတ်များဖြစ်ကြသော One More စစ်ကြောင်း၊ ဓနုပြည်အမျိုးသားကာကွယ် ရေးတပ်မတော် (DSNDA)၊ နှင့် TTA-PDF ဝဲလောင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က...

Read More

The Current Situation of the Revolution and the Future of the Country

Interviewer: Salai Dokhar (Editor-in-Chief, The Kaladan Post) Interviewee: Thinzar Shunlei Yi (Human Rights Activist)   Editor-in-Chief: Shunlei, first of all, I want to say thank you for giving us this time. So, first of all, many of us already know, but to become more familiar with the revolutionary people, what has Shunlei done before? And also, with what purpose are you actively participating in this revolution now? Please reintroduce yourself briefly. Thinzar Shunlei Yi: First of all, thank you for inviting Shunlei. Personally, for the past fifteen years or so, I have been interested in the political and social conditions, the various situations...

Read More

ဒီဇင် (၁၉) သတင်းတိုပေါင်းချုပ်

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကုလမှာ လုံးဝပယ်ချရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို   ဒီဇင် ၁၉ The Kaladan Post ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက လုံးဝပယ်ချရန် ကုလသမဂ္ဂ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးတွင် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။ ဒီဇင်ဘာလ ၁၆ ရက်က ကျင်းပခဲ့သည့် သတင်းအချက်အလက်လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရလဒ်များ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်သည့် အဆိုပါအစည်းအဝေးတွင် ၎င်းက စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပြည်သူများအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းမှု၊ အင်တာနက်ပိတ်ပင်ကန့်သတ်မှုများနှင့် ဂျာနယ်လစ်များကို ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် လွတ်လပ်တရားမျှတမှု လုံးဝမရှိနိုင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် ယင်းရွေးကောက်ပွဲက နိုင်ငံတဝန်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားစေမည်ဖြစ်ပြီး စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်သာ ရည်ရွယ်ကြောင်း သံအမတ်ကြီးက အလေးပေးပြောကြားခဲ့သည်။ သံအမတ်ကြီးက စစ်အုပ်စုသည် AI၊ မျက်နှာမှတ်သားစနစ်၊ CCTV နှင့် နိုင်ငံခြားနည်းပညာများကို အသုံးပြု၍ ပြည်သူများကို ခြေရာခံဖမ်းဆီးနေကြောင်း၊ ဂျာနယ်လစ် ၂၂၅ ဦးကို မတရားဖမ်းဆီးထားပြီး မီဒီယာသမား ၉ ဦး အသတ်ခံရကြောင်း ထောက်ပြခဲ့သည်။ ဤသို့သော ကြောက်ရွံ့ထိတ်လန့်မှုအောက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာက ပယ်ချရန်နှင့် စစ်အုပ်စုအား တရားဝင်မှု မပေးအပ်ရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့သည်။ ပြည်သူများ အမြဲကြောက်ရွံ့နေရသည့် အခြေအနေတွင် လွတ်လပ်မှုမရှိသည့် ရွေးကောက်ပွဲက အကြမ်းဖက်မှုကို ပိုမိုကျယ်ပြန့်စေမည်သာဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။ မြစ်ဆုံစီမံကိန်း ပြန်စရန် စစ်တပ်လှုပ်ရှားနေချိန် ပြည်သူဆန္ဒကို အဓိကထားရန် KIO/KIA သတိပေး   ဒီဇင် ၁၉ The Kaladan Post ပြည်သူလူထု၏ ပြင်းထန်ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သော ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်ရန် လုပ်ဆောင်နေသည့်အချိန်တွင် ပြည်သူလူထု၏ ဆန္ဒကို အဓိကအလေးထားရမည်ဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပြောဆိုလိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် ဩဂုတ်လက မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့ဖွဲ့စည်းကာ တရုတ်ကုမ္ပဏီနှင့် ပူးပေါင်း၍ သုတေသန၊ နည်းပညာ၊ ပြည်သူ့ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းကလည်း တမံဒီဇိုင်းရွေးချယ်ပြီးစီးကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုထားသည်။ KIO/KIA အနေဖြင့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ လတ်တလော တရားဝင်သဘောထားထုတ်ပြန် ထားခြင်း မရှိသေးသော်လည်း “ပြည်သူလူထုရဲ့ ဆန္ဒက အဓိကကျတော့ အလေးအနက်ထားဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက အလေးပေးပြောကြားခဲ့သည်။ စစ်တပ်အနေဖြင့် ကွန်ကရစ်မျက်နှာကျောက်ဖြည့်တမံ (CFRD) အမျိုးအစားဖြင့် တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးတွက်ခြေကိုက်အောင် ဆောင်ရွက်သွားမည်ဟု ကြေညာထားသော်လည်း ပြည်သူများ၏ ယခင်ကန့်ကွက်မှုများကို လျစ်လျူရှုပါက ပြဿနာများ ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။ နေပြည်တော်-မကွေး လမ်းပိုင်း စစ်တပ်ရိက္ခာယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်သား ၂ ဦးသေ   ဒီဇင် ၁၉ The Kaladan Post မကွေးတိုင်း၊ နေပြည်တော်-မကွေးလမ်းပိုင်း မိုင်တိုင် ၂၂ အနီးတွင် အကြမ်းဖက်စစ်တပ်၏ ကား ၆ စီးပါ ရိက္ခာယာဉ်တန်းကို မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။...

Read More
en_USEnglish