တရားရုံးချုပ် ဆုံးဖြတ်ချက်နောက်တစ်နေ့တွင် သွင်းကုန်အားလုံးအပေါ် ၁၅% အခွန် ထရမ့် ပြန်တိုး
ဖေဖေါ် ၂၃ The Kaladan Post အမေရိကန် တရားရုံးချုပ်၏ ဟန့်တားဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး နောက်တစ်နေ့တွင် သမ္မတ Donald Trump က ကမ္ဘာတဝှမ်းမှ အမေရိကန်သို့ တင်သွင်းလာသည့် ကုန်စည်အားလုံးအပေါ် ၁၅ ရာခိုင်နှုန်း အခွန် စည်းကြပ်မည်ဟု ကြေညာခဲ့သည်။ ယခင်က ထရမ့်သည် ကုန်သွယ်ဖက်နိုင်ငံများ၏ သွင်းကုန်များအပေါ် ၁၀ မှ ၅၀ ရာခိုင်နှုန်းအထိ ကွဲပြားသည့် အခွန်နှုန်းထားများ သတ်မှတ်ခဲ့သော်လည်း၊ Supreme Court of the United States က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထိုအခွန်တိုးမြှင့်မှုများအတွက် အသုံးပြုခဲ့သည့် ဥပဒေအခြေခံမှာ မသင့်တော်ကြောင်း ဆုံးဖြတ်ကာ ပယ်ဖျက်ခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ကို “အမေရိကန်ဆန့်ကျင်ရေး ဆုံးဖြတ်ချက်” ဟု ထရမ့်က လူမှုကွန်ရက်မှတဆင့် ဝေဖန်ခဲ့ပြီး မိမိ၏ ခပ်ကြမ်းကြမ်း အခွန်မူဝါဒများကို စွန့်လွှတ်မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဥပဒေကွဲတစ်ခုကို အသုံးပြုကာ သွင်းကုန်အားလုံးအပေါ် ၁၅ ရာခိုင်နှုန်း အခွန် ယာယီ စည်းကြပ်မည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ သတင်းများအရ ယခုတစ်ကြိမ် အသုံးပြုသည့် ဥပဒေအရ အခွန်တိုးမြှင့်ခွင့်မှာ ရက်ပေါင်း ၁၅၀ သာ သက်တမ်းရှိသည့် ယာယီ အစီအမံဖြစ်သည်။ ထို့အပြင် တရားရုံးချုပ်၏ ဖေဖော်ဝါရီ ၂၀ ဆုံးဖြတ်ချက်သည် အခြား ဥပဒေများအောက်တွင်...
Read More