စက်တင် (၃) သတင်းတိုပေါင်းချုပ်
ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက် စက်တင် ၃ The Kaladan Post ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့သည်။ ယမန်နေ့ စက်တင်ဘာလ ၂ ရက်က ခလရ ၆၀ တပ်ရင်းနှင့် ပျူစောထီးများ ပူးပေါင်းထားသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ ထို့ပြင် လက်နက်ငယ် ၇ လက်၊ RPG ၁ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ အထိနာခဲ့ရသည့် စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ဤတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၄၊ နဂါးနီတပ်ရင်း၊ အမှတ် ၃၅၀၂ တပ်ရင်းနှင့် KNLA တပ်ရင်း ၈ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ထိခိုက်ဒဏ်ရာရမှုများလည်း များပြားခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ပြောကြားသည်။ မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်တွင် နိုင်ငံတကာခေါင်းဆောင်များနှင့် ဓာတ်ပုံဝါဒဖြန့်မှု စက်တင် ၃ The Kaladan Post တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်အပါအဝင် နိုင်ငံတကာခေါင်းဆောင်များကို လိုက်လံနှုတ်ဆက် ကာ ဓာတ်ပုံရိုက်ခြင်းဖြင့် ဝါဒဖြန့်မှုများ ပြုလုပ်နေသည်။ ဩဂုတ်လ ၃၀ ရက်မှ...
Read More