ဩဂုတ် ၁၀၊ ၂၀၂၆

The Kaladan Post

ရေနံများကို ပိုက်လိုင်းများမှတစ်ဆင့် လမ်းကြောင်းပြောင်း ပို့ဆောင်မည်ဖြစ်သဖြင့် ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်အတွက် “အရေးမပါတော့သည့်” (irrelevant) အရာဖြစ်လာမည်ဟု ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) က ပြောကြားခဲ့ပြီးနောက် ရေနံစျေးနှုန်းများ မြင့်တက်လာပြီး ကမ္ဘာ့စတော့စျေးကွက်များ ရိုက်ခတ်မှုရှိနေကြောင်း တနင်္လာနေ့ (ဩဂုတ်လ ၁၀ ရက်) တွင် သိရပါတယ်။

ဩမန်နိုင်ငံနှင့် သဘောတူညီချက်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော်လည်း အမေရိကန်က အခြားသောအချက်များကို လိုက်နာမှသာ ရေလမ်းကြောင်း ပြန်ဖွင့်မည်ဟု အီရန်က ထပ်လောင်းပြောဆိုထားပါတယ်။ တစ်ချိန်တည်းမှာပင် ဟူသီအဖွဲ့က ပင်လယ်နီဆိပ်ကမ်းမြို့ ဖြစ်သည့် မိုခါ (Mocha) ကို တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သဖြင့် ဘရန့် (Brent) ရေနံစိမ်းစျေးမှာ ၁ ရာခိုင်နှုန်း မြင့်တက်ကာ တစ်ဘာရယ်လျှင် ၈၄.၃၈ ဒေါ်လာအထိ ရှိလာခဲ့ပါတယ်။

အမေရိကန် လုပ်ခလစာ ကိန်းဂဏန်းများ လျော့ကျမှုကြောင့် စက်တင်ဘာလတွင် ဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်မည့် ဖြစ်နိုင်ခြေမှာ ၄၄ ရာခိုင်နှုန်း ရှိနေပြီး ဗုဒ္ဓဟူးနေ့တွင် ထွက်ရှိမည့် စားသုံးသူစျေးနှုန်း ကိန်းဂဏန်းများပေါ် မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ဘဏ်အော့ဖ်အမေရိက (BofA) ၏ စစ်တမ်းများအရ ဉာဏ်ရည်တု (AI) ကဏ္ဍ တိုးတက်မှုများကြောင့် S&P 500 ကုမ္ပဏီများ၏ အမြတ်ငွေ တိုးတက်မှုနှုန်းမှာ အားကောင်းလျက် ရှိကြောင်း သိရပါတယ်။

Source – Reuters