စက်တင် ၂၊ ၂၀၂၆
The Kaladan Post
အရေးပေါ် အခြေအနေများတွင် သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ရေနံစိမ်း ပံ့ပိုးပေးနိုင်ရေး ထောက်ပံ့ရေး လမ်းကြောင်း မဟာမိတ်ပြုမှုကို အကောင်အထည်ဖော်ရန် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ တိုကျိုမြို့၌ ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား စက်မှုဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၂ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။
နှစ်နိုင်ငံကြား သဘာဝဓာတ်ငွေ့ရည်၊ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ အရေးပေါ် ထောက်ပံ့နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစွာ လုပ်ဆောင်ရန် သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ကာဘွန် ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ တုံ့ပြန်မှုများနှင့် ဥရောပသမဂ္ဂ (EU) ၏ ကာဘွန် အခွန် စည်းကြပ်မှုဆိုင်ရာ စည်းမျဉ်းများကိုလည်း ပူးပေါင်း ကိုင်တွယ်ဆောင်ရွက်ရန် အမြင်ချင်း လဲလှယ်ခဲ့ကြကြောင်း သိရပါတယ်။
Source – Reuters