စက်တင် ၃၊ ၂၀၂၆
The Kaladan Post
ကနေဒါအစိုးရ၏ ဥပဒေအသစ်များနှင့် ဘတ်ဂျက် လျှော့ချမှုများကြောင့် ဒုက္ခသည်များအပေါ် အကာအကွယ်ပေးသည့် စနစ်များ တင်းကြပ်လာပြီး နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များ မှေးမှိန်လာကြောင်း ကနေဒါ အပြည်ပြည်ဆိုင်ရာ ကောင်စီ၏ သုတေသန ဖော်ပြချက်အရ သိရပါတယ်။
၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့က အတည်ပြုခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်စနစ် အားကောင်းရေး အက်ဥပဒေအရ ခိုလှုံခွင့် လျှောက်ထားရာတွင် ၁ နှစ်အတွင်း အပြီး လျှောက်ထားရမည်ဟု သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ ဘတ်ဂျက်အရ ၂၀၂၆ ခုနှစ်အတွက် ဒုက္ခသည် လက်ခံမှု နေရာ ၆,၀၀၀ ကျော်နှင့် ကျန်းမာရေး ထောက်ပံ့ငွေ ဒေါ်လာ ၁၈၇ သန်း ဖြတ်တောက်ခံခဲ့ရပါတယ်။
လွှတ်တော်တွင် ညှိနှိုင်းနေဆဲဖြစ်သည့် ဥပဒေအရ ရဲတပ်ဖွဲ့အား ပြည်သူများ၏ ဖုန်းနှင့် အီးမေးလ် အချက်အလက်များကို စိစစ်ခွင့် ပေးထားသဖြင့် မေလအတွင်း ခိုလှုံခွင့် လျှောက်ထားမှု ၈၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ကနေဒါတွင် နိုင်ငံပေါင်း ၁၅၀ မှ လျှောက်ထားသည့် မပြီးပြတ်သေးသော ခိုလှုံခွင့် အမှုပေါင်း ၂၇၆,၆၄၉ မှု ရှိနေကြောင်း ကနေဒါ အပြည်ပြည်ဆိုင်ရာ ကောင်စီ၏ သုတေသီ အဲလက်ဇန်းဒရီးယား လီ (Alexandra Li) က ရေးသားထားပါတယ်။
Source – Canadian International Council