ဩဂုတ် ၁၉၊ ၂၀၂၆

The Kaladan Post

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် သည် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင် နှင့် မော်စကိုမြို့၌ အင်္ဂါနေ့ (ဩဂုတ်လ ၁၈ ရက်) တွင် တွေ့ဆုံခဲ့ပြီး စွမ်းအင် စီမံကိန်းများ အပါအဝင် အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံအပြီးတွင် သမ္မတ ပူတင်က ဦးမင်းအောင်လှိုင်ကို ရုရှား၏ မိတ်ဆွေအဖြစ် တင်စားခဲ့ပြီး စွမ်းအင်၊ ကာကွယ်ရေးနှင့် အာကာသ စူးစမ်းလေ့လာရေး အပါအဝင် နယ်ပယ်များစွာ၌ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားသည် မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးတို့အပြင် သဘာဝဓာတ်ငွေ့ရည် (LNG) ပို့ဆောင်ရေးအတွက် ဆွေးနွေးနေသည်ဟု ပူတင်က ဆိုပါတယ်။

ရုရှားသည် ပြီးခဲ့သည့် ဧပြီလတွင် သမ္မတရာထူး ရယူခဲ့ပြီးနောက် ဦးမင်းအောင်လှိုင် သွားရောက်သည့် ပထမဆုံး အိမ်နီးချင်း မဟုတ်သော နိုင်ငံဖြစ်ပြီး အနောက်နိုင်ငံများ၏ ဖိအားပေးမှုများကြား နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို နက်ရှိုင်းလာမှုကို ပြသနေတာ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်သည် မြန်မာစစ်ခေါင်းဆောင်အဖြစ် ရုရှားသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ဖူးပြီး လွန်ခဲ့သည့်နှစ် ကရင်မလင် နန်းတော် တွေ့ဆုံပွဲတွင် ရုရှားသို့ ဆင် ၆ ကောင် လက်ဆောင်ပေးခဲ့သလို မြန်မာနိုင်ငံ၌ အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရုရှား အစိုးရပိုင် နျူကလီးယား ကော်ပိုရေးရှင်းနှင့် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရပါတယ်။

Source – Reuters