စက်တင် ၁၀၊ ၂၀၂၆
The Kaladan Post
အနောက်ဩစတြေးလျပြည်နယ် မြောက်ပိုင်းတွင် ဆေးရုံဆင်းပြီးနောက် တစ်ပတ်ကြာ ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသား သင်္ဘောသားတစ်ဦးအား အမှန်တကယ် ရှာဖွေနေခြင်း ရှိမရှိကို အာဏာပိုင်များက တိကျစွာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
ပျောက်ဆုံးနေသူမှာ မြန်မာနိုင်ငံသား ဝေဖြိုးအောင် (Wai Phyo Aung) ဖြစ်ပြီး ပြီးခဲ့သည့် ကြာသပတေးနေ့ မွန်းလွဲပိုင်းက ကူနူနူရာ (Kununurra) ဆေးရုံမှ ဆင်းလာပြီးနောက် နောက်ဆုံး မြင်တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ၎င်းသည် ရင်ဘတ်အောင့်သည်ဟု ပြောဆိုခဲ့ပြီးနောက် အဆိုပါ ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်ကြောင်း ABC သတင်းဌာနက ဖော်ပြထားပါတယ်။
၎င်းသည် ဆေးရုံမတက်ရောက်မီ တစ်ရက်အလိုက ဝင်ဒန် (Wyndham) ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည့် ကုန်တင်သင်္ဘောတစ်စင်းပေါ်တွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အဆိုပါ သင်္ဘောသားကို ပြန်လည်တွေ့ရှိခြင်း ရှိမရှိ၊ သင်္ဘောပေါ်သို့ ပြန်လည်ရောက်ရှိခြင်း ရှိမရှိ သို့မဟုတ် ပျောက်ဆုံးနေဆဲ ဟုတ်မဟုတ်ကို ဩစတြေးလျ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဩစတြေးလျ နယ်ခြားစောင့်တပ်ဖွဲ့ (ABF) တို့က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။
Source – ABC News