ဩဂုတ် ၂၁၊ ၂၀၂၆
The Kaladan Post
အမေရိကန်-အီရန် စစ်ပွဲ ရိုက်ခတ်မှုကို ဥရောပ စီးပွားရေးက မျှော်မှန်းထားသည်ထက် ပိုမို ခံနိုင်ရည် ရှိခဲ့သဖြင့် ဩဂုတ် ၁၂ ရက်အထိ တစ်သီတင်းပတ်အတွင်း ဥရောပ စတော့စျေးကွက်များအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂.၄၄ ဘီလီယံအထိ စံချိန်တင် စီးဝင်ခဲ့ကြောင်း သိရပါတယ်။
LSEG/Lipper အချက်အလက်များအရ ဥရောပ၏ STOXX 600 အညွှန်းကိန်းသည် စံချိန်တင် အနီးသို့ ရောက်ရှိနေပြီး ဒုတိယ သုံးလပတ်တွင် ကုမ္ပဏီများ၏ အမြတ်ငွေ ၂၄.၁ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ယူရိုငွေကြေး တန်ဖိုးမှာလည်း မေလလယ်မှစ၍ ၃ ရာခိုင်နှုန်း မြင့်တက်ကာ ၁.၁၇ ဒေါ်လာသို့ ရောက်ရှိခဲ့ပါတယ်။
မော်ဂန် စတန်လီ (Morgan Stanley) မှ ကာဂျာ ဇာဗိုလော့ခ် (Marina Zavolock) က “ငွေကြေးဖောင်းပွမှုဟာ စီးပွားရေး ကျဆင်းမှု မဖြစ်စေသရွေ့ စတော့စျေးကွက်အတွက် ကောင်းမွန်ပါတယ်၊ ဒါကြောင့်လည်း ဥရောပ စတော့တွေ ဘဏ်တွေ စျေးတက်နေတာပါ” ဟု ပြောကြားခဲ့ပါတယ်။ Jupiter Asset Management မှ နိုင်းလ် ဂယ်လဟာ (Niall Gallagher) ကလည်း ဥရောပတွင် ရင်းနှီးမြှုပ်နှံခြင်းက မတူကွဲပြားသည့် အကျိုးကျေးဇူးများကို ရရှိစေသည်ဟု ဆိုပါတယ်။
Source – Reuters