ဩဂုတ် ၂၁၊ ၂၀၂၆

The Kaladan Post

ရုရှားနိုင်ငံ၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်မည့် ထားဝယ် အထူးစီးပွားရေးဇုန်နယ်မြေများအား တပ်မတော်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းလျက်ရှိပြီး ကျေးရွာများကို မီးရှို့ကာ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သောကြာနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် သိရပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လမှစ၍ တနင်္သာရီတိုင်းအတွင်းသို့ စစ်သည် အမြောက်အမြား စေလွှတ်ခဲ့ခြင်းဖြစ်ပြီး တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စောဒါးကို က “စစ်တပ်ဟာ စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။ ရွာအချို့နဲ့ အိမ်တွေ မီးရှို့ခံခဲ့ရပါတယ်” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ဇူလိုင် ၉ ရက်က ရေဖြူမြို့နယ်တွင်လည်း ကူညီကယ်ဆယ်ရေး ဝန်ထမ်း ၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဇွန်လနှောင်းပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယကာကွယ်ရေးဦးစီးချုပ် ကျော်စွာလင်း က ထားဝယ်ကဲ့သို့ စတိုရာတီဂျစ် စီမံကိန်းများကို ကာကွယ်ရန် ညွှန်ကြားခဲ့အပြီး တိုက်ခိုက်မှုများ ပြင်းထန်လာခြင်း ဖြစ်ပါတယ်။ ACLED အဖွဲ့၏ အစီရင်ခံစာတွင် “အဲဒီနောက်ပိုင်း စစ်သည် ၇၀၀ နီးပါးပါတဲ့ စစ်ကြောင်းဟာ ပတ်ဝန်းကျင် နယ်မြေတွေထဲ စစ်ကြောင်းထိုးပြီး ရွာတွေကို ဝင်ရောက်စီးနင်းတာ၊ အရပ်သားတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု ဖော်ပြထားပါတယ်။

မလက္ကာ ရေလက်ကြားထက် ကုန်စည်စီးဆင်းမှု ၄ ရက်မှ ၆ ရက်အထိ ပိုမို မြန်ဆန်စေမည့် အဆိုပါ ထားဝယ် စီမံကိန်းကို ရုရှား၏ ကူညီမှုဖြင့် ပြန်လည် စတင်ရန် မြန်မာဘက်က ကြိုးပမ်းနေခြင်း ဖြစ်ပါတယ်။ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် သည် ယခုသီတင်းပတ် မော်စကို ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နှင့် ထားဝယ် စီမံကိန်းအကြောင်း ဆွေးနွေးခဲ့သလို ရုရှားဝန်ကြီးချုပ် မိုက်ခေးလ် မီရှုစတင် ကလည်း ရုရှားကုမ္ပဏီများ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

Source – Reuters