ဩဂုတ် ၂၂၊ ၂၀၂၆
The Kaladan Post
အီရန်နိုင်ငံနှင့် ၎င်း၏ အဓိက ကုန်သွယ်ဖက် တရုတ်နိုင်ငံတို့အပေါ် ပစ်မှတ်ထားသည့် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့အရေးယူမှု အသစ်များကို တနင်္လာနေ့တွင် ထုတ်ပြန်ရန် စီစဉ်ထားချိန်၌ အမေရိကန်နှင့် အီရန်တို့ကြား တင်းမာသည့် စကားစစ်ထိုးပွဲများ ပိုမို ပြင်းထန်လာကြောင်း စနေနေ့ (ဩဂုတ်လ ၂၂ ရက်) တွင် သိရပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့် (Scott Bessent) က တနင်္လာနေ့တွင် “သမိုင်းတွင် အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုများ” ကို ထုတ်ပြန်သွားမည်ဟု ဆိုပါတယ်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီး (Esmaeil Baghaei) ကမူ “ဒီလို ဒုတိယအဆင့် ပိတ်ဆို့မှုတွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေမှာ အခြေခံမရှိပါဘူး” ဟု တုံ့ပြန်ခဲ့ပါတယ်။ သမ္မတ ထရမ့်ကလည်း အီရန်သည် သဘောတူညီချက် ရယူလိုသော်လည်း မှန်ကန်သည့် သဘောတူညီချက် ရယူရန် အဆင်မပြေသေးဟု ဆိုပါတယ်။
စစ်ပွဲကာလ ၆ လနီးပါး ရှိလာချိန်တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံ တင်ပို့မှုများ စံချိန်တင် ကျဆင်းသွားခဲ့ပါတယ်။ အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကေး ကာလီဘက်ဖ် (Mohammad Baqer Qalibaf) က “ကျွန်တော်တို့မှာ စစ်ရေးအင်အား ဘယ်လောက်ပဲရှိရှိ ပြည်သူတွေ ငတ်မွတ်နေပြီး စီးပွားရေး တိုးတက်မှု မရှိရင် ရပ်တည်နိုင်မှာ မဟုတ်ပါဘူး” ဟု စီးပွားရေးအရ ထိခိုက်မှုများကို ဝန်ခံပြောဆိုခဲ့ပါတယ်။
Source – Reuters