ဩဂုတ် ၂၁၊ ၂၀၂၆

The Kaladan Post

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ယခုနှစ်နှောင်းပိုင်းတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နှင့် တွေ့ဆုံရန် အလိုရှိနေသော်လည်း မြောက်ကိုရီးယားဘက်မှ တင်းမာသည့် သတ်မှတ်ချက်များဖြင့် အေးစက်စွာ တုံ့ပြန်ခဲ့ကြောင်း သောကြာနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားနဲ့ ကြိုတင်သတ်မှတ်ချက် မရှိဘဲ ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ သို့သော် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျွန် က “အမေရိကန်ဘက်က ဒီတစ်ကြိမ် လုပ်ဆောင်ချက်တွေကို စေတနာဆန္ဒပြမှု အဖြစ် ဖော်ပြဖို့ ကြိုးစားရင် သူတို့ လိုချင်တဲ့ အဖြေကို ရမှာ မဟုတ်ပါဘူး” ဟု KCNA သတင်းဌာနမှတစ်ဆင့် သတိပေးထားပါတယ်။

ဂျောင်နမ် တက္ကသိုလ်မှ ပါမောက္ခ အင်မ်အွလ်ချူး (Lim Eul-chul) က “ပုဂ္ဂိုလ်ရေး ဆက်ဆံရေးတွေကို အမျိုးသား လုံခြုံရေး အကျိုးစီးပွားတွေနဲ့ လဲလှယ်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု သုံးသပ်ထားပါတယ်။ စတီမဆင်ဗဟိုဌာနမှ ဂျန်နီ တောင်း (Jenny Town) ကလည်း မြောက်ကိုရီးယားသည် ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံရေး ခိုင်မာနေသဖြင့် အမေရိကန်အား လိုက်လျောမှုပေးရန် အလျင်လိုမည် မဟုတ်ကြောင်း ဆိုပါတယ်။

Source – Reuters