ဩဂုတ် ၇၊ ၂၀၂၆
The Kaladan Post
နယူးဇီလန်နိုင်ငံ၏ မဲဆန္ဒနယ်နှင့် အချိုးကျ ကိုယ်စားပြုစနစ် (MMP) ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲရေး ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရန် လမ်းဖွင့်ပေးထားကြောင်း ဝန်ကြီးချုပ် ခရစ်စတိုဖာ လက်ဆန် (Christopher Luxon) က ပြောကြားခဲ့သဖြင့် ပါတီကြီးများ၏ “အာဏာသိမ်းပိုက်မှု” (power grab) ဖြစ်သည်ဟု ဝေဖန်မှုများနှင့်အတူ အငြင်းပွားဖွယ်ရာများ ထွက်ပေါ်နေပါတယ်။
နယူးဇီလန်သည် လွန်ခဲ့သည့် သုံးဆယ်စုနှစ်တစ်ခုက ဗြိတိသျှစနစ်မှ MMP စနစ်သို့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ယင်းစနစ်တွင် မဲဆန္ဒရှင်များသည် နှစ်သက်ရာ မဲဆန္ဒနယ် ကိုယ်စားလှယ်အတွက် မဲတစ်မဲနှင့် ပါတီအတွက် မဲတစ်မဲ စုစုပေါင်း မဲနှစ်မဲ ပေးရပြီး ပါတီမဲ ၅ ရာခိုင်နှုန်း သို့မဟုတ် မဲဆန္ဒနယ် အနည်းဆုံး တစ်ခု အနိုင်ရမှသာ လွှတ်တော်အမတ်နေရာ ရရှိမှာ ဖြစ်ပါတယ်။
MMP စနစ်ကြောင့် ၁၉၉၆ ခုနှစ်နောက်ပိုင်း နယူးဇီလန်တွင် ညွန့်ပေါင်းအစိုးရများသာ ပေါ်ပေါက်ခဲ့ပြီး နယူးဇီလန် ပထမပါတီ (New Zealand First) နှင့် တီပါတီ မာအိုရီ (Te Pati Maori) တို့ကဲ့သို့ ပါတီငယ်များမှာ အစိုးရဖွဲ့စည်းရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါတယ်။ လွှတ်တော်တွင် ပုံမှန်အားဖြင့် အမတ်နေရာ ၁၂၀ ရှိပြီး မာအိုရီ တိုင်းရင်းသားများအတွက် သီးသန့် အမတ်နေရာ ၇ နေရာ သတ်မှတ်ထားပါတယ်။
၂၀၁၇ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားပါတီက ၅၆ နေရာဖြင့် အများဆုံး အနိုင်ရခဲ့သော်လည်း ညွန့်ပေါင်းအစိုးရ မဖွဲ့နိုင်ခဲ့ဘဲ ၄၆ နေရာရရှိသည့် လေဘာပါတီက ပါတီငယ်များနှင့် ပူးပေါင်းကာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ယခု ၂၀၂၆ ခုနှစ်တွင်လည်း ပါတီငယ်များ၏ အမတ်နေရာ ရရှိမှုအပေါ် မူတည်၍ လွှတ်တော်အမတ်နေရာ ပမာဏ အပြောင်းအလဲ ရှိလာနိုင်ကြောင်း စေတမဲဆန္ဒပြုမှုများအရ သိရပါတယ်။
Source – Reuters