ဩဂုတ် ၂၆၊ ၂၀၂၆

The Kaladan Post

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အငယ်ဆုံးသားဖြစ်သူ ဘာရွန်ထရမ့် ကို လုပ်ကြံမည့် အစီအစဉ်အကြောင်း အီရန်အစိုးရ ရုပ်သံက ထုတ်လွှင့်ခဲ့သည့် ဗီဒီယို ခြိမ်းခြောက်မှုကို အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ (Secret Service) က စိစစ် စုံစမ်းလျက် ရှိကြောင်း အင်္ဂါနေ့ (ဩဂုတ်လ ၂၅ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။

အီရန် ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည့် ၃ မိနစ်စာ ဗီဒီယိုတွင် အသက် ၂၀ အရွယ် ဘာရွန်ထရမ့် (Barron Trump) ကို စောင့်ကြည့်နေကြောင်းနှင့် ၎င်းအား သတ်ဖြတ်ရန် အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးထားကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ Secret Service ပြောရေးဆိုခွင့်ရှိသူ နိတ် ဟာရင် (Nate Herring) က “အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဟာ ဒီဗီဒီယိုကို သိရှိထားပြီး ကျွန်တော်တို့ ကာကွယ်ပေးရမယ့်သူတွေအပေါ် ခြိမ်းခြောက်မှုလို့ ယူဆရတဲ့ ဘာမဆို စုံစမ်းစစ်ဆေးလျက် ရှိပါတယ်” ဟု အီးမေးလ်မှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

အမေရိကန်နှင့် အီရန်တို့ကြား စစ်ပွဲ ၆ လနီးပါး ရှိလာချိန်တွင် ယခုကဲ့သို့ စကားစစ်ထိုးပွဲများနှင့် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သမ္မတ ထရမ့်ကလည်း မိမိကိုယ်မိမိ “အီရန်ရဲ့ သတ်ဖြတ်မယ့် စာရင်းမှာ နံပါတ်တစ်” (number one on the kill list for Iran) ဖြစ်သည်ဟု ပြောဆိုခဲ့ဖူးကြောင်း သိရပါတယ်။

Source – Reuters