Author: Salai

ဇန်နဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦး ရေးပြောက်ကျားတပ် (YGF) ထံ အလင်းဝင် ဇန်န ၁၄ The Kaladan Post မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာ အခြေစိုက် ခလရ ၂၉၉ တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းမှ တပ်သားတစ်ဦး စုစုပေါင်း သုံးဦး အမှတ်(၈၀၀၁) တပ်ရင်းထံ အလင်းဝင် ရောက် ခဲ့ကြောင်း ရေးပြောက်ကျားတပ် (YGF) က ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများမှာ တပ်သား ကျော်ဇင်ကို၊ တပ်သား ဝင်းမိုးကျော်နှင့် တပ်သား သန့်ထွေးအောင် တို့ ဖြစ်ပြီး သူတို့သည် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများ ဖြစ်ကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဉ်(၁၆) မှ ဆင်းသက်သူများ ဖြစ်ကြောင်းသိရသည်။ ခလရ ၂၉၉ မှ တပ်သားနှစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင်လည်းကောင်း၊ စကခ(၁၉) မှ တပ်သားတစ်ဦးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင်လည်းကောင်း အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ တပ်သားများသည် လွန်ခဲ့သည့် ၆ လခန့်က ဖမ်းဆီးခံခဲ့ရပြီး မွန်ပြည်နယ်မှ နှစ်ဦး၊ ပဲခူးတိုင်းမှ တစ်ဦး ပါဝင်ကြောင်း သိရသည်။ အလင်းဝင်လာသူများသည် နည်းဗျူဟာ ၃၃ မှ တစ်ဆင့် YGF အမှတ်(၈၀၀၁) တပ်ရင်းသို့ ချိတ်ဆက်ပြီး ဝင်ရောက်ခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြောဆိုသည်။ အလင်းဝင်ရောက်လာသူများအား...

Read More

“အောင်ပွဲနားနီးလေ မုန်တိုင်းပြင်းလေဖြစ်လို့ ပြည်သူတွေ စိတ်မယိုင်ကြဖို့ လိုတယ်”

RAIN – RAIN ဖြေဆိုသူ – Gideon၊ စစ်ဦးစီးချုပ်၊ PDF-Zoland RAIN – The Kaladan Post ကို ကြည့်ရှုပေးနေကြတဲ့ မိဘပြည်သူများ အားလုံးပဲ မင်္ဂလာပါရှင်။ သက္ကလပ်တန် Post ရဲ့ Youth and Women’s Affair program ကနေပြီးတော့မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့ Interview မှာတော့ PDF-Zoland ရဲ့ စစ်ချုပ်ဖြစ်တဲ့ ဆရာ Gideon ကို ဖိတ်ခေါ်ထားတာပဲဖြစ်ပါတယ်။ ကျွန်မကတော့ ရိန်းပါ။ မင်္ဂလာပါဆရာ။ Gideon – မင်္ဂလာပါဆရာမ။   RAIN – ဟုတ်ကဲ့ပါ အရင်ဆုံးအနေနဲ့ The Kaladan Post ကို အခုလိုမျိုး အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။   Gideon – ဟုတ်ကဲ့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။   RAIN – ဟုတ်ကဲ့ပါ ဆိုတော့ အရင်ဆုံးအနေနဲ့ ဆရာဒီ တော်လှန်ရေးမှာ ဘယ်လိုပုံစံမျိုး စတင်ပြီးတော့မှ ဝင်ရောက်လာလဲ။ တော်လှန်ရေး မစတင်ခင်မှာရော ဆရာ ဘယ်လိုတွေ ဘဝကို ဖြတ်သန်းခဲ့လဲဆိုတာလေးကို အရင်ဦးဆုံးအနေနဲ့ မိဘပြည်သူတွေကို မိတ်ဆက် ပေးပါဦးရှင့်။   Gideon – ဟုတ်ကဲ့ပါ။ ကျွန်တော်ကတော့ ဒီတော်လှန်ရေးမတိုင်ခင်မှာတော့ ပုံမှန် အာ ကိုယ်အလုပ်နဲ့ ကိုယ်ပေါ့နော်။ စိုက်ပျိုးရေး အနည်းအကျဉ်းလုပ်တယ်။ ဒီစီးပွားရေး တွေလုပ်တယ်ပေါ့။ အဲဒါနဲ့ပဲ ဒီ...

Read More

၂၀၂၅ ခုနှစ်တွင် PRA-Magway ၏ စစ်ရေးလှုပ်ရှားမှုအတွင်း စစ်သား ၁၆၃ ဦးကျော် ရှင်းလင်းနိုင်

  ဇန်န ၁၄ The Kaladan Post မကွေးတိုင်း ငဖဲနှင့် စေတုတ္တရာမြို့နယ်များတွင် လှုပ်ရှားနေသော လူထုတော်လှန်ရေး မဟာမိတ်အင် အားစု (PRA-Magway) က ၂၀၂၅ ခုနှစ်အတွင်း စုစုပေါင်း တိုက်ပွဲ ၂၆ ကြိမ် ဖော်ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ တစ်နှစ်တာစစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်ပြီး တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ ဒီကျွန်တော်လှုပ်ရှားတဲ့တစ်နှစ်တာအတွင်းမှာ အခက်အခဲများစွာကြုံရတဲ့အထက်မှ အဓိကအားဖြင့် ကျွန်တော်တို့တောင်ပေါ်ဒေသဖြစ်တဲ့အခါမှာ ရာသီဥတုဒဏ်မှအစ ရိက္ခာရမှုအပိုင်းနှင့် ထောက်ပို့မှု အပိုင်းတွေ ပြီးတော့ ဒဏ်ရာရ ရဲဘော်တွေသယ်ထုတ်တဲ့အခါမှာ လူကိုင်တိုင်ထမ်းဆောင်တာတွေ ပေါ့ဗျ သို့ပေမယ်လည်း ဒီလိုအခက်အခဲတွေကို မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနှင့် အချင်းချင်း ကူညီဖြေရှင်းခဲ့ကြပါတယ် “ ဟု The Kaladan Post သို့ပြောဆိုသည်။ ၂၀၂၅ ခုနှစ် အတွင်း  စစ်ရေးလှုပ်ရှားမှုများ အဲ့လောက်အားမရခဲ့ပါဘူး ဒါပေမယ့် လွန်ခဲ့တဲ့စစ်ရေးလှုပ်ရှားမှုမှရရှိထားတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီးတော့ ၂၀၂၆ခုနှစ်အတွင်း ဒီထက်ပိုပြီးတော့ ပိုမိုကြယ်ပြန့်တဲ့ စစ်ဆေးလှုပ်နိုင်မှု၊ အာမခံဒေသတွေတည်ဆောက်နိုင်မှုနှင့် အဓိကအားဖြင့် စစ်အာဏာရှင်ကို ပိုမိုတိုက်ထုတ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးဖြစ်ကြောင်း (PRA-Magway) တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ထို့အပြင် ယင်းတိုက်ပွဲများတွင် ခြုံခို တိုက်ပွဲ ၉ ကြိမ်၊ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ၁၄ ကြိမ်နှင့် စခန်းသိမ်း တိုက်ပွဲ ၃ ကြိမ် ပါဝင်ပြီး မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း သို့မဟုတ် သီးသန့် ဆောင်ရွက်ခဲ့ကြောင်း တပ်ဖွဲ့က ဆိုသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဗိုလ်ကြီး အဆင့် ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၆၃ ဦး ကို အရှင်ဖမ်းမိ ခဲ့ကာ အခြား စစ်သား ၄ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် လက်နက်ခဲ ယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး အထူးသဖြင့် MA အမျိုးအစား သေနတ်များ၊ ဗုံးသီးများ၊ ကျည်ဆန်များနှင့် အခြား လက်နက်ပစ္စည်းများ ပါဝင်ကြောင်း သိရှိရသည်။ PRA-Magway က ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၆၃ ဦးကို နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနှင့် စည်းမျဉ်းများအတိုင်း ထိန်းသိမ်းထားကာ အလင်းဝင် ၄ ဦးကိုလည်း မိသားစုနှင့် ပေါင်းစည်းရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ထုတ်ပြန်ထားသည်။ တစ်ဖက်တွင် PRA-Magway ဘက်မှ ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သော်လည်း စနစ်တကျ မှတ်တမ်းတင်ထားကာ မိသားစုများကို အသိပေး၊ စောင့်ရှောက်မှု ပြုလုပ်ထားကြောင်း သိရသည်။ ကျဆုံးသွားသော ရဲဘော်များအတွက် တော်လှန်ရေး အလွန်ကာလ တွင် လူမှုဖူလုံရေး အစီအစဉ်များ ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဆိုသည်။ PRA-Magway သည် စစ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တရားမျှတမှု ဖော်ဆောင်ရေး မူဝါဒ ၃ ချက်ကို ကိုင်စွဲကာ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော တော်လှန်ရေး အဖွဲ့ဖြစ်ကြောင်း...

Read More
en_USEnglish