Author: Salai

မတ်လ (၃) ရက် သတင်းတိုပေါင်းချုပ်

စစ်တွေမြို့အနီး ရွှေမင်းဂံနှင့် ပုဏ္ဏားကျွန်းအစပ်တွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန် မတ် ၃ The Kaladan Post ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရွာအနီးနှင့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ်ဒေသများတွင် AA နှင့် စစ်တပ်အကြား ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ကာ မတ်လ ၂ ရက်အထိ ဆက်တိုက်ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်ညပိုင်းတွင် AA ဘက် မှ အမြန်ရေယာဉ်များဖြင့် စစ်ကောင်စီ၏ ရေတပ်စခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် သားများ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။ ထို့နောက်ပိုင်း ရွှေမင်းဂံ ရေတပ်စခန်း၊ ပွိုင့်ကမ်းခြေ၊ ဝါဘိုနှင့် ဇော်မဒက်ကျေးရွာအနီးရှိ တပ်စခန်းများကို AA က လက်နက်ကြီးများ၊ ဒရုန်းများနှင့် ထိုး စစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း သိရသည်။ မတ်လ ၂ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ရွှေမင်းဂံရွာတဖက်ကမ်း ပုဏ္ဏား ကျွန်းမြို့နယ် ခမောင်းတောကျေးရွာဘက်သို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဗုံးကြဲမှုကြောင့် မြို့နီးအိမ်များပါ လှုပ်ခါသွားပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ဆက်ကြားနေရကြောင်း ဆိုသည်။ စစ်ကောင်စီဘက်တွင် စစ်တွေမြို့ကို ခံစစ်အခိုင်အမာ ပြင်ဆင် ထားပြီး အထပ်မြင့်အဆောက်အအုံများပေါ်တွင် စနိုက်ပါများ အသင့်ထားရှိခြင်း၊ ကမ်းနားပင်လယ်ပြင် တွင် မိုင်းများတပ်ဆင်ထားခြင်း၊ ရေတပ်စခန်းများသို့ စစ်အင်အားဖြည့်တင်းထားခြင်းတို့ ရှိနေကြောင်း သိရသည်။...

Read More

တီဟီရန်မြို့တော်ကို အစ္စရေး လေကြောင်းတိုက်ခိုက်မှု လှိုင်းသစ် စတင်

မတ် ၃ The Kaladan Post   ဒေသတွင်း စစ်ရေးတင်းမာမှုများ အရှိန်အဟုန်ပြင်းထန်နေသည့်အချိန်တွင် အစ္စရေးစစ်တပ်က အီရန်နိုင်ငံ မြို့တော် Tehran ကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု လှိုင်းသစ်များ စတင်လိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့ညနှောင်းပိုင်းတွင် တရားဝင် ကြေညာခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းဆင်နွှဲနေသည့် စစ်ရေးဆောင်ရွက်မှုအတွင်း ယခုတိုက်ခိုက်မှုသည် နောက်ထပ် အပြင်းအထန် လှုပ်ရှားမှုတစ်ရပ်အဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု သတင်းများက ဖော်ပြထားသည်။ လေကြောင်းတိုက်ခိုက်မှုများ မစတင်မီ အစ္စရေးဘက်မှ တီဟီရန်မြို့ခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အရေးပေါ် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်ရေးဌာနဖြစ်သည့် Islamic Republic of Iran Broadcasting (IRIB) ရုံးချုပ်အနီး နေထိုင်သူများကို အမြန်ဆုံး ရှောင်ရှားကြရန် သတိပေးခဲ့ပြီးနောက် ဗုံးကြဲတိုက်ခိုက်မှုများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မတ် ၂ ရက်နေ့တွင် ရိုက်ကူးထားသည့် သတင်းဓာတ်ပုံများအရ တီဟီရန်မြို့ ကောင်းကင်ယံ၌ ပေါက်ကွဲမှုများ ဖြစ်ပွားကာ မီးခိုးငွေ့များ အူထွက်နေသည်ကို တွေ့မြင်ရသည်။ အစ္စရေးနှင့် အမေရိကန် ပူးပေါင်းတပ်များသည် အီရန်အပေါ် စစ်ရေးဖိအားများ တိုးမြှင့်နေပြီး ဒေသတွင်း တင်းမာမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဟု ခန့်မှန်းရသည်။ ယခု လေကြောင်းတိုက်ခိုက်မှု လှိုင်းသစ်ကြောင့် အီရန်ဘက်တွင် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုနှင့် အသေအပျောက် အခြေအနေအသေးစိတ်ကိုတော့ လတ်တလောအချိန်ထိ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။   ကိုးကား – Reuters ဓာတ်ပုံ –...

Read More

အီရန် လက်တုံ့မပြန်နိုင်မီ လက်ဦးမှုယူ တိုက်ခိုက်ခဲ့ဟု အမေရိကန် ပြောကြား

မတ် ၃ The Kaladan Post   အစ္စရေးက စတင်တိုက်ခိုက်ခဲ့သည့်အခြေအနေကြောင့် အီရန်၏ လက်တုံ့ပြန်မှုမဖြစ်ပွားမီ လက်ဦးမှုယူ တိုက်ခိုက်ရန် အမေရိကန်ဘက်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးဘက်မှ အီရန်ကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပြီး မကြာမီတွင် မဟာမိတ်ဖြစ်သည့် အမေရိကန်ကလည်း အီရန်ကို စစ်ရေးဆောင်ရွက်မှုများ စတင်နေပြီဟု ထုတ်ပြန်ခဲ့သည်။ မတ် ၂ ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် Marco Rubio က အမေရိကန်တပ်ဖွဲ့များသည် အီရန်ပိုင်နက်အနီးတွင် စစ်အင်အားများ ကြိုတင်ဖြန့်ကျက်ထားခဲ့ကြောင်း၊ သို့ရာတွင် စစ်ရေးအရေးယူမှုကို အစ္စရေး၏ ဆုံးဖြတ်ချက်အပေါ် အခြေခံကာ အမြန်ဆုံး လက်ဦးမှုယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ အစ္စရေးက စတင်တိုက်ခိုက်သည့်အချိန်မှစ၍ အီရန်ဘက်မှ လက်တုံ့ပြန်မည်မှာ သေချာသကဲ့သို့ အမေရိကန်တပ်ဖွဲ့များလည်း ပစ်မှတ်ဖြစ်လာနိုင်သည့် အခြေအနေကို တွေးဆထားခဲ့ကြောင်း၊ ထို့ကြောင့် အီရန်၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေမည့်အစား လက်ဦးမှုယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ သမ္မတ Donald Trump သည် အချိန်မီ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ မိမိဘက်မှ ကြိုတင်မဆောင်ရွက်ပါက အသေအပျောက်များ ပိုမိုများပြားနိုင်ကြောင်းလည်း Marco Rubio က ပြောကြားခဲ့သည်။ သတင်းထောက်များ၏ “စစ်မဖြစ်မီ အီရန်သည် အမေရိကန်အတွက် အချိန်မရွေး ခြိမ်းခြောက်နိုင်သည့် အခြေအနေရှိခဲ့သလား” ဟူသော မေးခွန်းအပေါ် Marco...

Read More

မတ် ၃ The Kaladan Post   အမေရိကန်သည် အမြဲတမ်း စစ်တိုက်နေရမည်ဆိုပါကလည်း လုံလောက်သော လက်နက်ခဲယမ်းအင်အားများ စုဆောင်းထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောကြားခဲ့သည်။ သူ၏ လူမှုကွန်ရက်ဖြစ်သော Truth Social တွင် ရေးသားထားရာတွင် အမေရိကန်က သိုလှောင်ထားသည့် အလယ်အလတ်တန်းစား သို့မဟုတ် ထိုထက် အနည်းငယ် အဆင့်မြင့်သည့် စစ်လက်နက်စနစ်များနှင့် ခဲယမ်းမီးကျောက်များကိုသာ အသုံးပြုပါကပင် ရေရှည်စစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်နိုင်မည်ဟု ဖော်ပြခဲ့သည်။ ထိုသို့ဆိုရသည့်အကြောင်းမှာ အမေရိကန်တွင် စစ်လက်နက်အင်အား အကန့်အသတ်မရှိလောက်အောင် စုဆောင်းထားနိုင်ခဲ့ကြောင်းလည်း ထရမ့်က ဆိုသည်။ လက်ရှိဖြစ်ပွားနေသည့် အီရန်နှင့် စစ်ရေးပဋိပက္ခသည် ရေရှည်ကြာမြင့်နိုင်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေချိန်တွင် ထရမ့်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခင်ကလည်း ၎င်းက အီရန်နှင့် စစ်ပွဲကို သီတင်းလေးပတ် မပြည့်မီ အဆုံးသတ်နိုင်စေမည်ဟု ပြောဆိုထားခဲ့ဖူးသည်။ ထို့အပြင် ၎င်းမတိုင်မီ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် Joe Biden အား အမေရိကန်၏ အဆင့်မြင့် စစ်လက်နက်များကို ယူကရိန်းသို့ အလွန်အကျွံ ထောက်ပံ့ခဲ့ကြောင်း စွပ်စွဲ ဝေဖန်ခဲ့သည်။ ဘိုင်ဒန် အာဏာသက်တမ်းအတွင်း အမေရိကန်သည် ယူကရိန်းအတွက် အရေးအကြီးဆုံး စစ်ရေးထောက်ပံ့သူ မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ATACMS တာဝေးပစ် ဒုံးကျည်များကို ရုရှားပိုင်နက်အတွင်း အသုံးပြုခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။ တူရကီအခြေစိုက် သတင်းဌာန Anadolu Agency ၏ ဖော်ပြချက်အရ...

Read More

အီရန်၏ ဒရုန်းတင် သင်္ဘော “Shahid Bagheri” ကို စစ်ပွဲပထမနေ့တွင် နှစ်မြှုပ်ခဲ့ဟု အမေရိကန် CENTCOM ထုတ်ပြန်

မတ် ၃ The Kaladan Post   အီရန်ရေတပ်ပိုင် ဒရုန်းတင် သင်္ဘောကြီးကို စစ်ပွဲ ပထမဆုံးနေ့အတွင်း ဖျက်ဆီး နှစ်မြှုပ်နိုင်ခဲ့ကြောင်း အမေရိကန် စစ်ရေးကွပ်ကဲမှု ဗဟိုဌာန United States Central Command (CENTCOM) က ထုတ်ပြန်ကြေညာခဲ့သည်။ မတ်လ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ အစ္စရေးနှင့် ပူးပေါင်း ဆင်နွှဲနေသည့် “Epic Fury” စစ်ဆင်ရေး၏ ပထမနေ့တွင် အီရန်ရေတပ်၏ အကြီးဆုံး ရေယာဉ်တစ်စီးဖြစ်သော ဒရုန်းတင် သင်္ဘော IRIS Shahid Bagheri ကို ဖျက်ဆီး နှစ်မြှုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ အီရန်မီဒီယာအချို့က အမေရိကန် လေယာဉ်တင်သင်္ဘောတစ်စီးကို ပစ်ခတ် နှစ်မြှုပ်နိုင်ခဲ့ကြောင်း သတင်းများ ထုတ်လွှင့်ခဲ့ပြီးနောက် CENTCOM ဘက်မှ ယင်းသတင်းများသည် မှားယွင်းသည့် အချက်အလက်များဖြစ်ကြောင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ အမှန်တကယ် ဖြစ်ပွားခဲ့သည်မှာ အီရန်ဘက်၏ တစ်ခုတည်းသော ဒရုန်းတင် သင်္ဘောဖြစ်သည့် Shahid Bagheri ကိုသာ စစ်ဆင်ရေး၏ ပထမဆုံး နာရီပိုင်းအတွင်း ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း CENTCOM က ဆိုသည်။ အမေရိကန် သမ္မတ Donald Trump ကလည်း ဖေဖော်ဝါရီ ၂၈ ရက်နေ့ စစ်ဆင်ရေး စတင်ပြီး ၂၄ နာရီအတွင်း အီရန်ရေတပ် သင်္ဘော ၉ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။ Shahid Bagheri သည် အီရန်၏...

Read More
en_USEnglish