ကာတာက လက်ဆောင်ပေးထားတဲ့ အမေရိကန်သမ္မတလေယာဉ်သစ် “Air Force One” ကို ထရမ့် ကိုယ်တိုင် မိတ်ဆက်
ဇွန် ၂၀၊ ၂၀၂၆ The Kaladan Post အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ “ပျံသန်းနေတဲ့ အိမ်ဖြူတော်” လို့ တင်စားခေါ်ဝေါ်ရတဲ့ အမေရိကန်သမ္မတ စီးတော်လေယာဉ် (Air Force One) အသစ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ ဒီလေယာဉ်ကြီးကတော့ မဟာမိတ် ကာတာနိုင်ငံရဲ့ တော်ဝင်မိသားစုကနေ လက်ဆောင်ပေးထားတဲ့ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ လေပေါ်ဇိမ်ခံနန်းတော်ကြီး Boeing 747-8 အမျိုးအစား လေယာဉ်ကြီးပဲ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်မှာ သုံးနေတဲ့ Air Force One နှစ်စီးက သက်တမ်းရင့် အိုဟောင်းနေပြီဖြစ်သလို နည်းပညာပိုင်းမှာလည်း အခုလေယာဉ်သစ်လောက် မမြင့်မားတော့တဲ့အတွက် အခုလို အစားထိုးဖို့ စီစဉ်ရတာပါ။ ဒေါ်လာ သန်း ၄၀၀ လောက် တန်ကြေးရှိတဲ့ ကာတာဆီက လေယာဉ်ကြီးကို လက်ခံရရှိပြီးနောက်မှာတော့ အမေရိကန်အစိုးရဟာ နောက်ထပ် ဒေါ်လာသန်းရာနဲ့ချီ ထပ်မံရင်းနှီးမြှုပ်နှံပြီး Air Force One အဖြစ် သုံးနိုင်ဖို့ ကာကွယ်ရေးစနစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေကို လအတော်ကြာ အချိန်ယူ မွမ်းမံခဲ့တာ ဖြစ်ပါတယ်။ ဒီလေယာဉ်သစ်ကြီးကို ဝါရှင်တန်မြို့အပြင်ဘက်က အန်ဒရူးစ် (Andrews) လေတပ်စခန်းမှာ ရပ်နားထားတာဖြစ်ပြီး သမ္မတ ထရမ့်က သွားရောက်စစ်ဆေးခဲ့တာပါ။ ထူးခြားတာကတော့ အရင်က ကတောက်ကဆလေးတွေ ရှိခဲ့ဖူးပေမယ့် ဒီလေယာဉ်သစ်ရဲ့ အတွင်းပိုင်း နည်းပညာတပ်ဆင်မှုတွေမှာ သမ္မတထရမ့်ဟာ သူဌေးကြီး အီလွန်မတ်စ်ခ်ပိုင်ဆိုင်တဲ့ Space X ကုမ္ပဏီရဲ့ နည်းပညာတွေကို အသုံးပြုစေခဲ့တာပါပဲ။ “လေယာဉ်ထဲမှာ...
Read More