ဇန်နဝါရီလ (၁၄) ရက် သတင်းတိုပေါင်းချုပ်
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီတပ်သားသုံးဦး ရေးပြောက်ကျားတပ် (YGF) ထံ အလင်းဝင် ဇန်န ၁၄ The Kaladan Post မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာ အခြေစိုက် ခလရ ၂၉၉ တပ်ရင်းမှ တပ်သားနှစ်ဦးနှင့် စကခ (၁၉) မွမ်းမံသင်တန်းမှ တပ်သားတစ်ဦး စုစုပေါင်း သုံးဦး အမှတ်(၈၀၀၁) တပ်ရင်းထံ အလင်းဝင် ရောက် ခဲ့ကြောင်း ရေးပြောက်ကျားတပ် (YGF) က ထုတ်ပြန်သည်။ အလင်းဝင်ရောက်လာသူများမှာ တပ်သား ကျော်ဇင်ကို၊ တပ်သား ဝင်းမိုးကျော်နှင့် တပ်သား သန့်ထွေးအောင် တို့ ဖြစ်ပြီး သူတို့သည် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများ ဖြစ်ကာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိသင်တန်းကျောင်း အပတ်စဉ်(၁၆) မှ ဆင်းသက်သူများ ဖြစ်ကြောင်းသိရသည်။ ခလရ ၂၉၉ မှ တပ်သားနှစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင်လည်းကောင်း၊ စကခ(၁၉) မှ တပ်သားတစ်ဦးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင်လည်းကောင်း အလင်းဝင်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ တပ်သားများသည် လွန်ခဲ့သည့် ၆ လခန့်က ဖမ်းဆီးခံခဲ့ရပြီး မွန်ပြည်နယ်မှ နှစ်ဦး၊ ပဲခူးတိုင်းမှ တစ်ဦး ပါဝင်ကြောင်း သိရသည်။ အလင်းဝင်လာသူများသည် နည်းဗျူဟာ ၃၃ မှ တစ်ဆင့် YGF အမှတ်(၈၀၀၁) တပ်ရင်းသို့ ချိတ်ဆက်ပြီး ဝင်ရောက်ခဲ့ကြောင်း တပ်ရင်းမှူး ဗိုလ်ကျန်ရစ်က ပြောဆိုသည်။ အလင်းဝင်ရောက်လာသူများအား...
Read More